ကၽြဲႏြားတင္ပို႔ေရာင္းခ်ျခင္းအတြက္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနက ရရိွသည့္အခြန္ေငြကို ျပည္ေထာင္စုအစိုးရအဖြဲ႔ႏွင့္ တုိင္းေဒသႀကီး/ျပည္နယ္ရန္ပံုေငြႏွစ္ခုလံုးသို႔ ေပးသြင္းေန

ကၽြဲႏြားတင္ပို႔ေရာင္းခ်ျခင္းအတြက္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနက ရရိွသည့္အခြန္ေငြကို ျပည္ေထာင္စုအစိုးရအဖြဲ႔ႏွင့္ တုိင္းေဒသႀကီး/ျပည္နယ္ရန္ပံုေငြႏွစ္ခုလံုးသို႔ ေပးသြင္းေန
နိုဝင်ဘာ 30, 2018
By 🌸
ျပည္တြင္းျပည္ပသို႔ ကၽြဲ၊ ႏြားမ်ားတင္ပို႔ေရာင္းခ်ရန္ က်န္းမာေရးစစ္ေဆးျခင္း၊ ေမြးျမဴေရးၿခံလုပ္ငန္း မွတ္ပံုတင္ထုတ္ေပးျခင္းလုပ္ငန္းမ်ားမွရရိွသည့္အခြန္ေငြမ်ားကို တုိင္းေဒသႀကီး/ ျပည္နယ္အစိုးရအဖြဲ႕ ရန္ပံုေငြႏွင့္ ျပည္ေထာင္စုအစိုးရအဖြဲ႕ ရန္ပံုေငြမ်ားသို႔ ေပးသြင္းေနေၾကာင္း သိရသည္။

ကၽြဲႏြားမ်ားကို ျပည္တြင္း၊ ျပည္ပသယ္ယူေရာင္းခ်ျခင္းမ်ားအတြက္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာန၊ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနအေနျဖင့္ ကၽြဲ၊ ႏြားမ်ားကို ကာကြယ္ေဆးထိုးၿပီးေၾကာင္း ေထာက္ခံခ်က္လက္မွတ္ထုတ္ေပးျခင္း၊ တိရစၧာန္က်န္းမာေရးေထာက္ခံခ်က္ထုတ္ေပးျခင္း၊ ေမြးျမဴေရးၿခံလုပ္ငန္း မွတ္ပုံတင္လက္မွတ္ထုတ္ေပးျခင္းစသည္တို႔အတြက္ရရွိသည့္ အခေၾကးေငြမ်ားကို တိုင္းေဒသႀကီး/ ျပည္နယ္ အစိုးရအဖြဲ႔၏ ရန္ပုံေငြကို ေပးသြင္းေနျခင္းျဖစ္ၿပီး ျပည္ပသို႔တင္ပို႔မည့္ ကၽြဲ၊ ႏြားမ်ား အတြက္ က်န္းမာေရးစစ္ေဆးသည့္အခေၾကးေငြ(Animal Quarantine Fees) ကို ျပည္ေထာင္စုအစိုးရအဖြဲ႔ ရန္ပုံေငြသို႔ ေပးသြင္းေနျခင္းျဖစ္ေၾကာင္း သိရသည္။

ကၽြဲႏြားမ်ားကို တရုတ္ႏုိင္ငံသို႔ နယ္စပ္လမ္းေၾကာင္းမ်ားမွေန၍ တရားမဝင္တင္ပို႔ေနျခင္းမ်ားေၾကာင့္ ျပည္တြင္း၌ ကၽြဲ၊ႏြားေကာင္ေရ မထိန္းသိမ္းႏိုင္ျခင္း၊ အခြန္အခဆံုးရံႈးျခင္းႏွင့္ ေရာင္းဝယ္သူမ်ားေစ်းႏွိမ္ခံရျခင္းမ်ားေၾကာင့္ စိစစ္ၿပီးတရားဝင္တင္ပို႔ခြင့္ကို ၂၀၁၇ ခုႏွစ္၊ ေအာက္တိုဘာလ(၉)ရက္ေန႔က စတင္ခြင့္ျပဳခဲ့ျခင္းျဖစ္သည္။

အဆိုပါခြင့္ျပဳခ်က္အရ ျပည္ပတင္ပို႔မည့္သူမ်ားအေနျဖင့္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ပို႔ကုန္လိုင္စင္ခြင့္ျပဳခ်က္လိုအပ္မည္ျဖစ္ၿပီး အသက္(၅)ႏွစ္ႏွင့္အထက္ကၽြဲႏြားမ်ား၊ အထီးျဖစ္ပါက သင္းကြပ္ၿပီးကို တင္ပို႔ခြင့္ျပဳထားျခင္းျဖစ္ေၾကာင္း သိရသည္။

ကၽြဲႏြားမ်ားကို ျပည္တြင္း၌သယ္ယူေရာင္းခ်ခြင့္အတြက္ကိုလည္း ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႔၊ ရပ္ကြက္/ေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴး၊ ၿမိဳ႕နယ္/ခ႐ိုင္စီမံခန္႔ခြဲမႈေကာ္မတီတို႔၏ ေထာက္ခံခ်က္မ်ားျဖင့္ ခြင့္ျပဳထားျခင္းျဖစ္ေၾကာင္း သိရသည္။

ျပည္တြင္းျပည္ပသို႔ တင္ပို႔ေရာင္းခ်ေနေသာ ကၽြဲ၊ ႏြားမ်ားအား ျပည္ေထာင္စုအစိုးရႏွင့္ တိုင္းေဒသႀကီး ျပည္နယ္အစိုးရတို႔မွ မည္ကဲ့သို႔ စီမံခန္႔ခြဲၿပီး ခြင့္ျပဳထားသည္ကို သိလိုျခင္းႏွင့္ စပ္လ်ဥ္း၍ ၂၀၁၈ ခုနွစ္၊ နိုဝင္ဘာလ (၂၈) ရက္ေန႔တြင္က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝး၌ ပြင့္ျဖဴမဲဆႏၵနယ္မွ ဦးထြန္းထြန္းက ေမးျမန္းသည္ကို စီးပြားေရးနွင့္ကူးသန္းေရာင္းဝယ္ေရး ဒုတိယဝန္ႀကီး ဦးေအာင္ထူးက ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
ကျွဲနွားတင်ပို့ရောင်းချခြင်းအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရရှိသည့်အခွန်ငွေကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ်ရန်ပုံငွေနှစ်ခုလုံးသို့ ပေးသွင်းနေ
*********
ပြည်တွင်းပြည်ပသို့ ကျွဲ၊ နွားများတင်ပို့ရောင်းချရန် ကျန်းမာရေးစစ်ဆေးခြင်း၊ မွေးမြူရေးခြံလုပ်ငန်း မှတ်ပုံတင်ထုတ်ပေးခြင်းလုပ်ငန်းများမှရရှိသည့်အခွန်ငွေများကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ရန်ပုံငွေများသို့ ပေးသွင်းနေကြောင်း သိရသည်။

ကျွဲနွားများကို ပြည်တွင်း၊ ပြည်ပသယ်ယူရောင်းချခြင်းများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ကျွဲ၊ နွားများကို ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်လက်မှတ်ထုတ်ပေးခြင်း၊ တိရစ္ဆာန်ကျန်းမာရေးထောက်ခံချက်ထုတ်ပေးခြင်း၊ မွေးမြူရေးခြံလုပ်ငန်း မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းစသည်တို့အတွက်ရရှိသည့် အခကြေးငွေများကို တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့၏ ရန်ပုံငွေကို ပေးသွင်းနေခြင်းဖြစ်ပြီး ပြည်ပသို့တင်ပို့မည့် ကျွဲ၊ နွားများ အတွက် ကျန်းမာရေးစစ်ဆေးသည့်အခကြေးငွေ(Animal Quarantine Fees) ကို ပြည်ထောင်စုအစိုးရအဖွဲ့ ရန်ပုံငွေသို့ ပေးသွင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ကျွဲနွားများကို တရုတ်နိုင်ငံသို့ နယ်စပ်လမ်းကြောင်းများမှနေ၍ တရားမဝင်တင်ပို့နေခြင်းများကြောင့် ပြည်တွင်း၌ ကျွဲ၊နွားကောင်ရေ မထိန်းသိမ်းနိုင်ခြင်း၊ အခွန်အခဆုံးရှုံးခြင်းနှင့် ရောင်းဝယ်သူများဈေးနှိမ်ခံရခြင်းများကြောင့် စိစစ်ပြီးတရားဝင်တင်ပို့ခွင့်ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ(၉)ရက်နေ့က စတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါခွင့်ပြုချက်အရ ပြည်ပတင်ပို့မည့်သူများအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပို့ကုန်လိုင်စင်ခွင့်ပြုချက်လိုအပ်မည်ဖြစ်ပြီး အသက်(၅)နှစ်နှင့်အထက်ကျွဲနွားများ၊ အထီးဖြစ်ပါက သင်းကွပ်ပြီးကို တင်ပို့ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

ကျွဲနွားများကို ပြည်တွင်း၌သယ်ယူရောင်းချခွင့်အတွက်ကိုလည်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်/ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့၏ ထောက်ခံချက်များဖြင့် ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချနေသော ကျွဲ၊ နွားများအား ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရတို့မှ မည်ကဲ့သို့ စီမံခန့်ခွဲပြီး ခွင့်ပြုထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်းက မေးမြန်းသည်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~