အဂတိတုိက္ဖ်က္ေရးတြင္ ဌာနဆုိင္ရာမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ အရပ္ဘက္အဖြဲ႕မ်ား ပါဝင္ၾကရန္ ေကာ္မရွင္ဥကၠဌ တုိက္တြန္း

အဂတိတုိက္ဖ်က္ေရးတြင္ ဌာနဆုိင္ရာမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ အရပ္ဘက္အဖြဲ႕မ်ား ပါဝင္ၾကရန္ ေကာ္မရွင္ဥကၠဌ တုိက္တြန္း
နိုဝင်ဘာ 17, 2018
By 🌸
အုပ္ခ်ဳပ္ေရးအဆင့္ဆင့္မွ ဌာနဆိုင္ရာမ်ား၊ စီးပြားေရးလုပ္ငန္း႐ွင္မ်ားႏွင့္ အရပ္ဘက္အဖဲြ႔အစည္းမ်ားသည္ အဂတိလိုက္စားမႈတားဆီးကာကြယ္ေရးလုပ္ငန္းစဥ္မ်ား၌ ၾကားေနအျဖစ္ရပ္တည္မေနသင့္ဘဲ  ကိုယ္တိုင္ကိုင္တြယ္ေျဖ႐ွင္းေဆာင္ရြက္ေပးသူအျဖစ္ ပါဝင္သြားၾကရန္ အဂတိတိုက္ဖ်က္ေရးေကာ္မ႐ွင္ဥကၠဌက တိုက္တြန္းလိုက္သည္။

" အဲဒီေရြးခ်ယ္မႈဟာ ခင္ဗ်ားတို႔အတြက္ခ်ည္းပဲ အေရးႀကီးတာ မဟုတ္ပါဘူး။ ႏိုင္ငံေတာ္ျပည္သူလူထုနဲ႔ ခင္ဗ်ားတို႔ရဲ႕ သားစဥ္ေျမးဆက္ေတြရဲ႕ အနာဂတ္အတြက္ပါ အေရးႀကီးတာေၾကာင့္ အုပ္ခ်ဳပ္ေရးအဆင့္ဆင့့္က ဌာနဆိုင္ရာမ်ား၊ စီးပြားေရးလုပ္ငန္း႐ွင္မ်ားနဲ႔ အရပ္ဘက္အဖဲြ႔အစည္းမ်ားဟာ အဂတိလိုက္စားမႈတားဆီးကာကြယ္ေရးလုပ္ငန္းစဥ္မ်ားမွာ ၾကားေနအျဖစ္ ရပ္တည္မေနသင့္ဘဲ ကိုယ္တိုင္ကိုင္တြယ္ေျဖ႐ွင္းေဆာင္ရြက္ေပးသူအျဖစ္ ပါဝင္သြားၾကေစခ်င္ပါတယ္"ဟု အဂတိလိုက္စားမႈတုိက္ဖ်က္ေရးေကာ္မရွင္ ဥကၠဌ ဦးေအာင္ၾကည္က ေျပာသည္။

မေကြးတိုင္းေဒသႀကီး အဂတိလိုက္စားမႈတားဆီးကာကြယ္ေရး အလုပ္ရံုေဆြးေႏြးပဲြကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၇) ရက္ေန႔တြင္ မေကြးၿမိဳ႕ေတာ္ခန္းမ၌ က်င္းပရာတြင္ ယင္းကဲ့သို႔ တုိက္တြန္းသြားျခင္းျဖစ္သည္။

အဆိုအလုပ္ရံုေဆြးေႏြးပြဲတြင္ ဦးေဆာင္ေဆြးေႏြးသူမ်ားအျဖစ္ ေဒါက္တာ တင္ေမာင္သန္း(သင့့္ဘဝ)၊ မေကြးတိုင္း အစိုးရအဖဲြ႕ ေဆာက္လုပ္ေရး၊ ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီး ဦးတင္ႏြယ္ဦး၊ အဂတိတိုက္ဖ်က္ေရးေကာ္မ႐ွင္အဖဲြ႕ဝင္ ေဒၚလဲ့လဲ့သြင္၊ Director of Citymart Group မွ ဦးဝင္းျမင့္ေအာင္၊ UNDP Mandalay Field Office မွ ဦးေဇာ္မင္းေနာင္၊ အဂတိတိုက္ဖ်က္ေရးေကာ္မ႐ွင္အဖဲြ႕ဝင္ ဦးဟန္ၫြန္႔၊ မေကြးတိုင္းအစိုးရအဖဲြ႕ စီမံကိန္းဘ႑ာ ေရးႏွင့္စည္ပင္သာယာေရးဝန္ႀကီး ဦးေဇာ္မင္း၊ ေဒသခံစီးပြားေရးလုပ္ငန္း႐ွင္ ဦးေဇယ်၊ ဦးရဲလင္းေအာင္ (A2JI) ၊ ဦးသန္႔စင္ (MATA) တို႔က ေဆြးေႏြးၾကၿပီး အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မ႐ွင္ရံုးၫႊန္ၾကားေရးမွဴး             ဦးထြန္းထြန္းဝင္း၊  အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မ႐ွင္ရံုး ဒုတိယၫႊန္ၾကားေရးမွဴး ဦးမ်ိဳးလြင္ဦးတို႔က Moderator မ်ားအျဖစ္ ေဆာင္ရြက္ၾကေၾကာင္း သိရသည္။

အလုပ္ရံုေဆြးေႏြးပြဲသို႔ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ဝန္ႀကီးခ်ဳပ္  ေဒါက္တာေအာင္မိုးညိဳႏွင့္ အဂတိလိုက္ စားမႈတိုက္ဖ်က္ေရးေကာ္မ႐ွင္ဥကၠဌ ဦးေအာင္ၾကည္တို႔လည္း တက္ေရာက္ၾကျခင္းျဖစ္သည္။

သတင္း #ဖီးနစ္
ဓာတ္ပံု-သန္းႏိုင္ဦး

~~~~~~~~⊰❂ unicode ~~~~~~~~
အဂတိတိုက်ဖျက်ရေးတွင် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အရပ်ဘက်အဖွဲ့များ ပါဝင်ကြရန် ကော်မရှင်ဥက္ကဌ တိုက်တွန်း
**************
အုပ်ချုပ်ရေးအဆင့်ဆင့်မှ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများသည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များ၌ ကြားနေအဖြစ်ရပ်တည်မနေသင့်ဘဲ  ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးသူအဖြစ် ပါဝင်သွားကြရန် အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌက တိုက်တွန်းလိုက်သည်။

" အဲဒီရွေးချယ်မှုဟာ ခင်ဗျားတို့အတွက်ချည်းပဲ အရေးကြီးတာ မဟုတ်ပါဘူး။ နိုင်ငံတော်ပြည်သူလူထုနဲ့ ခင်ဗျားတို့ရဲ့ သားစဉ်မြေးဆက်တွေရဲ့ အနာဂတ်အတွက်ပါ အရေးကြီးတာကြောင့် အုပ်ချုပ်ရေးအဆင့်ဆင့်က ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့ အရပ်ဘက်အဖွဲ့အစည်းများဟာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များမှာ ကြားနေအဖြစ် ရပ်တည်မနေသင့်ဘဲ ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးသူအဖြစ် ပါဝင်သွားကြစေချင်ပါတယ်"ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က ပြောသည်။

မကွေးတိုင်းဒေသကြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့တွင် မကွေးမြို့တော်ခန်းမ၌ ကျင်းပရာတွင် ယင်းကဲ့သို့ တိုက်တွန်းသွားခြင်းဖြစ်သည်။

အဆိုအလုပ်ရုံဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူများအဖြစ် ဒေါက်တာ တင်မောင်သန်း(သင့်ဘဝ)၊ မကွေးတိုင်း အစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ အဂတိတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်၊ Director of Citymart Group မှ ဦးဝင်းမြင့်အောင်၊ UNDP Mandalay Field Office မှ ဦးဇော်မင်းနောင်၊ အဂတိတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်၊ မကွေးတိုင်းအစိုးရအဖွဲ့ စီမံကိန်းဘဏ္ဍာ ရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်း၊ ဒေသခံစီးပွားရေးလုပ်ငန်းရှင် ဦးဇေယျ၊ ဦးရဲလင်းအောင် (A2JI) ၊ ဦးသန့်စင် (MATA) တို့က ဆွေးနွေးကြပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးညွှန်ကြားရေးမှူး             ဦးထွန်းထွန်းဝင်း၊  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးလွင်ဦးတို့က Moderator များအဖြစ် ဆောင်ရွက်ကြကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်  ဒေါက်တာအောင်မိုးညိုနှင့် အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ ဦးအောင်ကြည်တို့လည်း တက်ရောက်ကြခြင်းဖြစ်သည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ-သန်းနိုင်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~