
နိုဝငျဘာ 8, 2018
By 🌸



Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ့ ကုန်သွယ်စီးပွားပွဲတော်ကို ရန်ကုန်မြို့တွင် ဒီဇင်ဘာလ (၁)ရက်မှစ၍ ကျင်းပမည်
**************
မြန်မာနိုင်ငံ၏ လူမှုစီးပွားဆိုင်ရာကဏ္ဍများနှင့်ပတ်သက်၍ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များနှင့် တိုက်ရိုက်မေးမြန်း ဆွေးနွေး နိုင်မည့် မြန်မာ့ကုန်သွယ်စီးပွားပွဲတော်ကို ရန်ကုန်မြို့ YCC တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ နှင့် (၂) ရက်နေ့များ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးနှင့်ပတ်သက်သည့် ဆွေးနွေးမှုများအပြင် ပြခန်းပေါင်း (၁၅၀)ကျော် ထည့်သွင်းမည်ဖြစ်၍  ဌာနဆိုင်ရာနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပြသသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

Myanmar Commerce Fair 2018 (မြန်မာ့ ကုန်သွယ်စီးပွားပွဲတော်)ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံစာရင်းကောင်စီ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့ စာရင်းကိုင်များအသင်းနှင့် ဝါဏိဇ္စ ဘွဲ့ရများအသင်း (မြန်မာနိုင်ငံ) တို့က ပူးပေါင်းစီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~