ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသမွ တရားမဝင္သစ္ခိုးယူထုတ္လုပ္မႈမ်ားကို သစ္ေတာဦးစီးဌာနမ်ားသို႔ လွ်ိဳ႕ဝွက္သတင္းေပးပို႔ႏုိင္

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသမွ တရားမဝင္သစ္ခိုးယူထုတ္လုပ္မႈမ်ားကို သစ္ေတာဦးစီးဌာနမ်ားသို႔ လွ်ိဳ႕ဝွက္သတင္းေပးပို႔ႏုိင္
နိုဝင်ဘာ 29, 2018
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လမွ ႏုိဝင္ဘာလအထိ လူထုသတင္းေပးမႈျဖင့္ ဖမ္းဆီးရမိသည့္ တရားမဝင္သစ္ခိုးယူထုတ္လုပ္မႈအေရအတြက္မွာ က်ိဳင္းတံု - မုိင္းဆတ္ခရိုင္က တာခ်ီလိတ္ခရိုင္ထက္ အေရအတြက္ပိုမ်ားေၾကာင္း သစ္ေတာဦးစီးဌာန(ရွမ္းျပည္နယ္)ထံမွ သိရသည္။

“ကၽြန္ေတာ္တုိ႔က သတင္းေပးသူကို လွ်ိဳ႕ဝွက္ထားေပးၿပီး ID 1၊ ID 2 ပဲထားတယ္။ သူတုိ႔ ဆုေၾကးယူမယ္ ဆိုရင္ေတာင္ မွတ္ပံုတင္နံပါတ္ပဲ ေတာင္းပါတယ္။ သူတို႔က ဆုေၾကးမယူဘူးဆုိရင္ေတာ့ ဆုေၾကးကို ႏုိင္ငံေတာ္ကို သြင္းပါတယ္။ တုိင္ၾကားသူရဲ႕ကိုယ္ေရးအခ်က္အလက္ေတြ မယူပါဘူး။ အခ်က္အလက္ လံုၿခံဳေအာင္ ထားေပးပါတယ္။ လူထုသတင္းေပးတုိင္ၾကားမႈအေနနဲ႔ကေတာ့ ရွမ္းျပည္နယ္အေရွ႕ပုိင္းမွာ ကၽြန္ေတာ္တုိ႔ ဌာနအေနနဲ႔က ခရိုင္(၂)ခုပဲခြဲပါတယ္။ က်ိဳင္းတံု -မိုင္းဆတ္ခရိုင္နဲ႔ တာခ်ီလိတ္ခရိုင္ပါ။ ဖမ္းဆီးရရိွမႈကေတာ့ က်ိဳင္းတံု - မိုင္းဆတ္ခရိုင္ဘက္မွာေတာ့ နည္းနည္းပိုမ်ားတယ္”ဟု သစ္ေတာဦးစီးဌာန (ရွမ္းျပည္နယ္)၏ ဒုတိယညႊန္ၾကားေရးမွဴး ဦးစိုးတင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တရားမဝင္သစ္ခိုးယူထုတ္လုပ္မႈမ်ားႏွင့္ပတ္သက္၍ သစ္ေတာဦးစီးဌာနသို႔ သတင္းေပးပါက ဖမ္းဆီးရမိ၏ (၂၀)ရာခိုင္ႏႈန္းကို ဆုေၾကးအျဖစ္ ျပန္လည္ခ်ီးျမႇင့္ေၾကာင္း သိရသည္။

 သစ္ေတာဦးစီးဌာနသည္ တရားမဝင္သစ္ခုတ္လွဲျခင္း၊ ထုတ္လုပ္ျခင္း၊ သယ္ေဆာင္ျခင္း၊ ေရာင္းဝယ္ျခင္းမ်ာအးား တားဆီးကာကြယ္ရန္အတြက္ လူထုအေျချပဳေစာင့္ၾကည့္ျခင္းႏွင့္ သတင္းေပးပို႔ျခင္းစနစ္ (Community Monitoring and Reporting System)ျဖင့္ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသအတြင္း သစ္ေတာမ်ားကာကြယ္ေရးအတြက္ တရားမဝင္သစ္ခိုးယူ ထုတ္လုပ္မႈမ်ားကို သိရိွပါက သစ္ေတာဦးစီးဌာနဖုန္းမ်ားျဖစ္သည့္ ရွမ္းျပည္နယ္(က်ိဳင္းတံု) 09 442623391၊ က်ိဳင္းတံု - မုိင္းဆတ္ခရိုင္ )9 442623392၊ တာခ်ီလိတ္ခရိုင္ 09 442623393၊ က်ိဳင္းတံုၿမိဳ႕နယ္ 09 442623394၊ မိုင္းတံုၿမိဳ႕နယ္ 09 442623395၊ မိုင္းဆတ္ၿမိဳ႕နယ္ 09 442623396၊ တာခ်ီလိတ္ၿမိဳ႕နယ္ 09 442623397 ႏွင့္ မုိင္းျဖတ္ၿမိဳ႕နယ္ 09 442623398 တုိ႔သို႔ ဆက္သြယ္သတင္းေပးပို႔ႏုိင္ေၾကာင္း သစ္ေတာဦးစီးဌာနက ေၾကညာထားသည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှ တရားမဝင်သစ်ခိုးယူထုတ်လုပ်မှုများကို သစ်တောဦးစီးဌာနများသို့ လျှို့ဝှက်သတင်းပေးပို့နိုင်
***********
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ၂၀၁၈ ခုနှစ် သြဂုတ်လမှ နိုဝင်ဘာလအထိ လူထုသတင်းပေးမှုဖြင့် ဖမ်းဆီးရမိသည့် တရားမဝင်သစ်ခိုးယူထုတ်လုပ်မှုအရေအတွက်မှာ ကျိုင်းတုံ - မိုင်းဆတ်ခရိုင်က တာချီလိတ်ခရိုင်ထက် အရေအတွက်ပိုများကြောင်း သစ်တောဦးစီးဌာန(ရှမ်းပြည်နယ်)ထံမှ သိရသည်။

“ကျွန်တော်တို့က သတင်းပေးသူကို လျှို့ဝှက်ထားပေးပြီး ID 1၊ ID 2 ပဲထားတယ်။ သူတို့ ဆုကြေးယူမယ် ဆိုရင်တောင် မှတ်ပုံတင်နံပါတ်ပဲ တောင်းပါတယ်။ သူတို့က ဆုကြေးမယူဘူးဆိုရင်တော့ ဆုကြေးကို နိုင်ငံတော်ကို သွင်းပါတယ်။ တိုင်ကြားသူရဲ့ကိုယ်ရေးအချက်အလက်တွေ မယူပါဘူး။ အချက်အလက် လုံခြုံအောင် ထားပေးပါတယ်။ လူထုသတင်းပေးတိုင်ကြားမှုအနေနဲ့ကတော့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ကျွန်တော်တို့ ဌာနအနေနဲ့က ခရိုင်(၂)ခုပဲခွဲပါတယ်။ ကျိုင်းတုံ -မိုင်းဆတ်ခရိုင်နဲ့ တာချီလိတ်ခရိုင်ပါ။ ဖမ်းဆီးရရှိမှုကတော့ ကျိုင်းတုံ - မိုင်းဆတ်ခရိုင်ဘက်မှာတော့ နည်းနည်းပိုများတယ်”ဟု သစ်တောဦးစီးဌာန (ရှမ်းပြည်နယ်)၏ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးတင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရားမဝင်သစ်ခိုးယူထုတ်လုပ်မှုများနှင့်ပတ်သက်၍ သစ်တောဦးစီးဌာနသို့ သတင်းပေးပါက ဖမ်းဆီးရမိ၏ (၂၀)ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ပြန်လည်ချီးမြှင့်ကြောင်း သိရသည်။

 သစ်တောဦးစီးဌာနသည် တရားမဝင်သစ်ခုတ်လှဲခြင်း၊ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းမျာအးား တားဆီးကာကွယ်ရန်အတွက် လူထုအခြေပြုစောင့်ကြည့်ခြင်းနှင့် သတင်းပေးပို့ခြင်းစနစ် (Community Monitoring and Reporting System)ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း သစ်တောများကာကွယ်ရေးအတွက် တရားမဝင်သစ်ခိုးယူ ထုတ်လုပ်မှုများကို သိရှိပါက သစ်တောဦးစီးဌာနဖုန်းများဖြစ်သည့် ရှမ်းပြည်နယ်(ကျိုင်းတုံ) 09 442623391၊ ကျိုင်းတုံ - မိုင်းဆတ်ခရိုင် )9 442623392၊ တာချီလိတ်ခရိုင် 09 442623393၊ ကျိုင်းတုံမြို့နယ် 09 442623394၊ မိုင်းတုံမြို့နယ် 09 442623395၊ မိုင်းဆတ်မြို့နယ် 09 442623396၊ တာချီလိတ်မြို့နယ် 09 442623397 နှင့် မိုင်းဖြတ်မြို့နယ် 09 442623398 တို့သို့ ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်း သစ်တောဦးစီးဌာနက ကြေညာထားသည်။
Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~