ျမန္မာ့ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ တရုတ္ႏိုင္ငံက အေမရိကန္ေဒၚလာ (၉)သိန္းလွဴဒါန္း

ျမန္မာ့ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ တရုတ္ႏိုင္ငံက အေမရိကန္ေဒၚလာ (၉)သိန္းလွဴဒါန္း
နိုဝင်ဘာ 10, 2018
By 🌸
တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ဆက္လက္အားေပး ေထာက္ခံလ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံသို႔ ေရာက္ရွိေနေသာ တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ အာရွေရးရာ အထူးကိုယ္စားလွယ္ မစၥတာစြန္းေဂၚရွန္း ေျပာၾကားလုိက္ၿပီး ျမန္မာ့ၿငိမ္းခ်မး္ေရးလုပ္ငန္းစဥ္အတြက္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံအစိုးရက အေမရိကန္ေဒၚလာ (၉)သိန္းကို ေပးအပ္လွဴဒါန္းေၾကာင္း သိရသည္။

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံအစိုးရက ျမန္မာ့ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေဆာင္ရြက္ေနသည့္အဖြဲ႕အစည္းမ်ား ျဖစ္သည့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ၿငိမ္းခ်မ္းေရးဗဟိုဌာန၊ ၿငိမ္းခ်မ္ေရးေကာ္မရွင္ႏွင့္ ပစ္ခတ္တုိက္ခိုက္မႈရပ္စဲေရးဆုိင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီတုိ႔သို႔ အေမရိကန္ေဒၚလာ (၃)သိန္းစီ လွဴဒါန္းလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံသို႔ ေရာက္ရွိေနေသာ တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံ၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ အာရွေရးရာ အထူးကိုယ္စားလွယ္ မစၥတာစြန္းေဂၚရွန္း (H.E. Mr. Sun Guoxiang) သည္ ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ (JMC-U) ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္အား ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၀) ရက္ေန႔ မြန္းလြဲပိုင္း၌ ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာနတြင္ ေတြ႔ဆံုလွဴဒါန္းလုိက္ၿပီး တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) တြင္ လက္မွတ္ေရးထိုးၿပီးေသာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းမ်ားႏွင့္အတူ ေဆာင္ရြက္လ်က္ရွိသည့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ အဆင့္ဆင့္၏ လုပ္ငန္းေဆာင္ရြက္မႈ အေျခအေနမ်ားအား ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

တရုတ္ျပည္သူ႔ သမၼတႏိုင္ငံ ႏိုင္ငံျခားေရး၀န္ႀကီးဌာန၏ အာရွေရးရာ အထူးကိုယ္စားလွယ္ မစၥတာ စြန္းေဂၚရွန္းသည္ ေနျပည္ေတာ္ရွိ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာနတြင္ ၿငိမ္းခ်မ္းေရးေကာ္မရွင္ဥကၠ႒ ေဒါက္တာတင္မ်ဳိး၀င္းႏွင့္ အဖြဲ႕အား ႏိုဝင္ဘာလ (၈) ရက္ေန႔တြင္လည္းေကာင္း၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန ဒုတိယဥကၠ႒ ျပည္ေထာင္စု၀န္ႀကီး ဦးေက်ာ္တင့္ေဆြႏွင့္အဖြဲ႕အား ႏိုင္ငံေတာ္အတိုင္ပင္ခံရံုး၀န္ႀကီးဌာန အစည္းအေ၀းခန္းမ၌ ႏိုဝင္ဘာလ(၉)ရက္ေန႔တြင္လည္းေကာင္း ေတြ႔ဆံုခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - JCMC ၊ NRPC

~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ (၉)သိန်းလှူဒါန်း
**************
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်အားပေး ထောက်ခံလျက်ရှိကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်း ပြောကြားလိုက်ပြီး မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ (၉)သိန်းကို ပေးအပ်လှူဒါန်းကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်နေသည့်အဖွဲ့အစည်းများ ဖြစ်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန၊ ငြိမ်းချမ်ရေးကော်မရှင်နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီတို့သို့ အမေရိကန်ဒေါ်လာ (၃)သိန်းစီ လှူဒါန်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်း (H.E. Mr. Sun Guoxiang) သည် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်နေ့ မွန်းလွဲပိုင်း၌ ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် တွေ့ဆုံလှူဒါန်းလိုက်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်အတူ ဆောင်ရွက်လျက်ရှိသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ အဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းသည် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် အဖွဲ့အား နိုဝင်ဘာလ (၈) ရက်နေ့တွင်လည်းကောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့်အဖွဲ့အား နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၉)ရက်နေ့တွင်လည်းကောင်း တွေ့ဆုံခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - JCMC ၊ NRPC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~