မင္းလွၿမိဳ႕နယ္အတြင္း ခိုးဝင္လာသည့္ ဘဂၤါလီ (၆)ဦးကို ကူညီေပးသူ (၄)ဦးႏွင့္အတူ ဖမ္းမိ

မင္းလွၿမိဳ႕နယ္အတြင္း ခိုးဝင္လာသည့္ ဘဂၤါလီ (၆)ဦးကို ကူညီေပးသူ (၄)ဦးႏွင့္အတူ ဖမ္းမိ
နိုဝင်ဘာ 25, 2018
By 🌸
မေကြးတုိင္းေဒသႀကီး၊ မင္းလွၿမိဳ႕နယ္အတြင္း ခိုးဝင္လာသည့္ ဘဂၤါလီ (၆)ဦးႏွင့္ ခိုးဝင္ရန္ကူညီသူ(၄)ဦးတို႔ကို ဖမ္းဆီးရမိသျဖင့္ ၂၀၁၈ ခုႏွစ္အတြင္း ဖမ္းဆီးရမိထားသည့္ ဘဂၤါလီ (၁၂၀)ရိွသြားၿပီျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕ႏွင့္ပူးေပါင္းအဖြဲ႕သည္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၂၅)ရက္ေန႔ နံနက္(၃)နာရီ(၁၅)မိနစ္အခ်ိန္ခန္႔တြင္ ေရႊေခ်ာင္းတံတား ေတာင္ဘက္ မိုင္တိုင္(၂၃၇/၃)အနီး၌ လူတင္ေနသည့္ CALDINA အျဖဴေရာင္ယာဥ္တစ္စီးကို မသကၤာသျဖင့္ တားဆီးစစ္ေဆးရန္ႀကိဳးစားစဥ္ ပုသိမ္-မံုရြာကားလမ္းအတိုင္း ေမာင္းႏွင္ထြက္ေျပးသြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါယာဥ္ရပ္တန္႔ခဲ့သည့္ေနရာကိုရွာေဖြရာ ဘဂၤါလီ(၆)ဦးအား ယာဥ္ေပၚတင္ေပးလိုက္သည့္ ေအာင္ဆန္းႏွင့္ ေမာင္ဖိုးတို႔ကို ဖမ္းဆီးရမိခဲ့ၿပီးေနာက္ ထြက္ေျပးေမာင္းႏွင္သြားသည့္ေမာ္ေတာ္ယာဥ္ကို တိုင္တားေက်းရြာအနီးတြင္ ယာဥ္ေမာင္း မ်ိဳးဝင္းႏွင့္ ယာဥ္ေနာက္လိုက္ သူရေဇာ္တို႔ႏွင့္အတူ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ေတာထဲတြင္ဖြက္ထားသည့္ ဘဂၤါလီ(၆)ဦးကို နံနက္(၇)နာရီအခ်ိန္ခန္႔တြင္ ပုသိမ္-မံုရြာကားလမ္း မိုင္တိုင္အမွတ္ (၂၂၇/၁)အနီး၌ ရွာေဖြေတြ႔ရိွရေၾကာင္း သိရသည္။

တရားမဝင္ ဝင္ေရာက္လာသည့္ ဘဂၤါလီ (၆)ဦးႏွင့္ ကူညီေပးသူ (၄)ဦးတို႔ကို မင္းတုန္းၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ဘဂၤလားေဒ့ရွ္ႏွင့္နယ္စပ္ ရခုိင္ျပည္နယ္မွေန၍ ႏုိင္ငံသားမဟုတ္သည့္ ဘဂၤါလီမ်ားသည္ ေငြေၾကးရယူၿပီး ႏုိင္ငံတြင္း ခိုးသြင္းေပးေနသူမ်ားအကူအညီျဖင့္ လည္းေကာင္း၊ ေတာလမ္းမ်ားမွလည္းေကာင္း ခိုးဝင္မႈမ်ားရိွေနရာ ေဒသတြင္း မသကၤာဖြယ္ လူစိမ္းေတြ႔ရိွပါက ရဲတပ္ဖြဲ႕ထံ သတင္းေပးရန္ ေဒသခံမ်ားအား အသိေပးထားရာ မေကြးတိုင္းအတြင္း လူထု၏သတင္းေပးကူညီမႈမ်ား ရရိွေနေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

သတင္း #ဖီးနစ္
ဓာတ္ပံု -ရဲစခန္း

~~~~~~~~⊰❂ unicode ~~~~~~~~
မင်းလှမြို့နယ်အတွင်း ခိုးဝင်လာသည့် ဘင်္ဂါလီ (၆)ဦးကို ကူညီပေးသူ (၄)ဦးနှင့်အတူ ဖမ်းမိ
************
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်း ခိုးဝင်လာသည့် ဘင်္ဂါလီ (၆)ဦးနှင့် ခိုးဝင်ရန်ကူညီသူ(၄)ဦးတို့ကို ဖမ်းဆီးရမိသဖြင့် ၂၀၁၈ ခုနှစ်အတွင်း ဖမ်းဆီးရမိထားသည့် ဘင်္ဂါလီ (၁၂၀)ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့ နံနက်(၃)နာရီ(၁၅)မိနစ်အချိန်ခန့်တွင် ရွှေချောင်းတံတား တောင်ဘက် မိုင်တိုင်(၂၃၇/၃)အနီး၌ လူတင်နေသည့် CALDINA အဖြူရောင်ယာဉ်တစ်စီးကို မသင်္ကာသဖြင့် တားဆီးစစ်ဆေးရန်ကြိုးစားစဉ် ပုသိမ်-မုံရွာကားလမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်ရပ်တန့်ခဲ့သည့်နေရာကိုရှာဖွေရာ ဘင်္ဂါလီ(၆)ဦးအား ယာဉ်ပေါ်တင်ပေးလိုက်သည့် အောင်ဆန်းနှင့် မောင်ဖိုးတို့ကို ဖမ်းဆီးရမိခဲ့ပြီးနောက် ထွက်ပြေးမောင်းနှင်သွားသည့်မော်တော်ယာဉ်ကို တိုင်တားကျေးရွာအနီးတွင် ယာဉ်မောင်း မျိုးဝင်းနှင့် ယာဉ်နောက်လိုက် သူရဇော်တို့နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် တောထဲတွင်ဖွက်ထားသည့် ဘင်္ဂါလီ(၆)ဦးကို နံနက်(၇)နာရီအချိန်ခန့်တွင် ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၂၂၇/၁)အနီး၌ ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ (၆)ဦးနှင့် ကူညီပေးသူ (၄)ဦးတို့ကို မင်းတုန်းမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နှင့်နယ်စပ် ရခိုင်ပြည်နယ်မှနေ၍ နိုင်ငံသားမဟုတ်သည့် ဘင်္ဂါလီများသည် ငွေကြေးရယူပြီး နိုင်ငံတွင်း ခိုးသွင်းပေးနေသူများအကူအညီဖြင့် လည်းကောင်း၊ တောလမ်းများမှလည်းကောင်း ခိုးဝင်မှုများရှိနေရာ ဒေသတွင်း မသင်္ကာဖွယ် လူစိမ်းတွေ့ရှိပါက ရဲတပ်ဖွဲ့ထံ သတင်းပေးရန် ဒေသခံများအား အသိပေးထားရာ မကွေးတိုင်းအတွင်း လူထု၏သတင်းပေးကူညီမှုများ ရရှိနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ -ရဲစခန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~