ျမန္မာႏိုင္ငံတြင္ လင္းတငွက္မ်ိဳးစိတ္ထိန္းသိမ္းေရးကို BANCA ဦးေဆာင္သည့္ (၆)ဖြဲ႔ ေဆာင္ရြက္သြားမည္

ျမန္မာႏိုင္ငံတြင္ လင္းတငွက္မ်ိဳးစိတ္ထိန္းသိမ္းေရးကို BANCA ဦးေဆာင္သည့္ (၆)ဖြဲ႔ ေဆာင္ရြက္သြားမည္
နိုဝင်ဘာ 13, 2018
By 🌸
ျမန္မာနိုင္ငံတြင္ လင္းတငွက္မ်ိဳးစိတ္မ်ား ပ်ံ႕ႏွံ႔တည္ရွိမႈအား သုေတသနျပဳလုပ္၍ လင္းတမ်ိဳးစိတ္မ်ား ထိန္းသိမ္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္နိုင္ေစရန္ ျမန္မာႏုိင္ငံလင္းတမ်ိဳးစိတ္မ်ား ထိန္းသိမ္းေရးလုပ္ငန္းအဖြဲ႔ (Myanmar Vultures Working Group) အား ဖြဲ႕စည္းလုိက္ေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံတြင္ လုပ္ငန္းေဆာင္ရြက္လ်က္ရွိေသာ အက်ိဳးမျမတ္မယူေသာ အဖြဲ႔အစည္းမ်ားျဖစ္သည့္ BANCA၊ WCS၊ WWF၊  FFI၊ MBNS ႏွင့္ FoW အဖြဲ႕(၆)ဖြဲ႔ျဖင့္ဖြဲ႔စည္းလုိက္ျခင္းျဖစ္ၿပီး ဥကၠဌ အၿဖစ္ BANCA  (ဇီ၀မ်ိဳးစံုမ်ိဳးကြဲႏွင့္ သဘာ၀ထိန္းသိမ္းေရးအသင္း)က တာ၀န္ယူေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း BANCA က ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၁၂)ရက္ေန႔တြင္ သတင္းထုတ္ျပန္ထားသည္။

ဇီ၀မ်ိဳးစံုမ်ိဳးကြဲ နွင့္ သဘာ၀ထိန္းသိမ္းေရးအသင္း (BANCA) သည္ ျမန္မာႏိုင္ငံအတြင္းရွိ ဇီ၀မ်ိဳးစံုမ်ိဳးကြဲ ထိန္းသိမ္းေရးလုပ္ငန္းမ်ားကို ၂၀၀၁ ခုႏွစ္မွစ၍ လုပ္ကိုင္ေနျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံတြင္း အေရးႀကီး ထိန္းသိမ္းသင့္ေသာ ေတာရိုင္း တိရစာၦန္မ်ားနွင့္ အပင္မ်ိဳးစိတ္မ်ား ၊ ေရေနသတၱ၀ါမ်ား၊ ငွက္မ်ား၊ တြားသြားသတၱ၀ါမ်ားအား ေလ့လာဆန္းစစ္မႈမ်ား ျပဳလုပ္ျခင္း ၊ ေဆြးေႏြးပြဲမ်ား ျပဳလုပ္ျခင္း ၊ ထိန္းသိမ္းေရးလုပ္ငန္းမ်ားေဆာင္ရြက္ျခင္း ၊ လူထုအသိပညာေပး ေဟာေျပာပြဲမ်ား ျပဳလုပ္ျခင္းတို႔ကို ႏိုင္ငံတကာမွ ပညာရွင္မ်ား ၊ INGO မ်ား ၊NGO မ်ား ၊သက္ဆိုင္ရာဌာနဆိုင္ရာ ၀န္ႀကီးဌာန ႏွင့္ ဦးစီးဌာနမ်ား ၊ ျပည္တြင္းရွိ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရးအဖြဲဲ႔မ်ား ၊ ေဒသခံမ်ား ႏွင့္ ပူးေပါင္းလုပ္ေဆာင္ေနျခင္းျဖစ္သည္။

 BANCA သည္ ျပည္တြင္း အစိုးရမဟုတ္ေသာ အဖြဲ ့အစည္းျဖစ္ၿပီး Bird Life International အဖြဲ ့၏ ျမန္မာနိုင္ငံကိုယ္စားျပဳ မိတ္ဖက္အဖြဲ ့အစည္းျဖစ္ကာ တစ္ကမာၻလံုးတြင္ အဖြဲ ့၀င္ေပါင္း (၁၃) သန္းေက်ာ္ရိွေနေၾကာင္း သိရသည္။

Tachileik News Agency
 ဓါတ္ပံု - BANCA

~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာနိုင်ငံတွင် လင်းတငှက်မျိုးစိတ်ထိန်းသိမ်းရေးကို BANCA ဦးဆောင်သည့် (၆)ဖွဲ့ ဆောင်ရွက်သွားမည်
*************
မြန်မာနိုင်ငံတွင် လင်းတငှက်မျိုးစိတ်များ ပျံ့နှံ့တည်ရှိမှုအား သုတေသနပြုလုပ်၍ လင်းတမျိုးစိတ်များ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် မြန်မာနိုင်ငံလင်းတမျိုးစိတ်များ ထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့ (Myanmar Vultures Working Group) အား ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသော အကျိုးမမြတ်မယူသော အဖွဲ့အစည်းများဖြစ်သည့် BANCA၊ WCS၊ WWF၊  FFI၊ MBNS နှင့် FoW အဖွဲ့(၆)ဖွဲ့ဖြင့်ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ဥက္ကဌ အဖြစ် BANCA  (ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း)က တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း BANCA က ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) သည် မြန်မာနိုင်ငံအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများကို ၂၀၀၁ ခုနှစ်မှစ၍ လုပ်ကိုင်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်း အရေးကြီး ထိန်းသိမ်းသင့်သော တောရိုင်း တိရစ္ဆာန်များနှင့် အပင်မျိုးစိတ်များ ၊ ရေနေသတ္တဝါများ၊ ငှက်များ၊ တွားသွားသတ္တဝါများအား လေ့လာဆန်းစစ်မှုများ ပြုလုပ်ခြင်း ၊ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း ၊ ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း ၊ လူထုအသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်းတို့ကို နိုင်ငံတကာမှ ပညာရှင်များ ၊ INGO များ ၊NGO များ ၊သက်ဆိုင်ရာဌာနဆိုင်ရာ ဝန်ကြီးဌာန နှင့် ဦးစီးဌာနများ ၊ ပြည်တွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ ၊ ဒေသခံများ နှင့် ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်။

 BANCA သည် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်ပြီး Bird Life International အဖွဲ့၏ မြန်မာနိုင်ငံကိုယ်စားပြု မိတ်ဖက်အဖွဲ့အစည်းဖြစ်ကာ တစ်ကမ္ဘာလုံးတွင် အဖွဲ့ဝင်ပေါင်း (၁၃) သန်းကျော်ရှိနေကြောင်း သိရသည်။

Tachileik News Agency
 ဓါတ်ပုံ - BANCA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~