
နိုဝငျဘာ 16, 2018
By 🌸



~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များက တပ်မတော်ထောက်ခံသည့် ဆန္ဒထုတ်ဖေါ်ပွဲကျင်းပ
****************
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအသင်း တာချီလိတ်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တပ်မတော်ထောက်ခံခြင်းနှင့် ပြင်ပစွက်စွက်မှုများကို ဆန့်ကျင်သည့် ဆန္ဒဖေါ်ထုတ်ပွဲကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်နေ့ နံနက်(၉)နာရီမှ (၁၀)နာရီအထိတာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ကျင်းပသည်။

ဆန္ဒထုတ်ဖေါ်သူများက တပ်မတော်ကို ထောက်ခံကြောင်း၊ တပ်မတော်အား ချိုးနှိမ်မှုများကို လက်မခံကြောင်း ဗီနိုင်းဆိုင်းဘုတ်များကိုင်ဆောင်၍ ရှမ်းရိုးမကွင်းရှေ့တွင် ဆန္ဒထုတ်ဖေါ်ကြပြီးနောက် ရှမ်းရိုးမကွင်းအတွင်း စီတန်းလှည့်လည်ခဲ့ကြသည်ကို တွေ့ရသည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~