တာခ်ီလိတ္ၿမိဳ႕တြင္ လက္နက္ခဲယမ္းမ်ားျဖင့္ ဖမ္းဆီးရမိသည့္အမ်ိဳးသား(၂)ဦးအား ဖမ္းဆီးရမိၿပီး (၈)ရက္ေျမာက္ေန႔တြင္ အမႈဖြင့္ထား

တာခ်ီလိတ္ၿမိဳ႕တြင္ လက္နက္ခဲယမ္းမ်ားျဖင့္ ဖမ္းဆီးရမိသည့္အမ်ိဳးသား(၂)ဦးအား ဖမ္းဆီးရမိၿပီး (၈)ရက္ေျမာက္ေန႔တြင္ အမႈဖြင့္ထား
နိုဝင်ဘာ 14, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၄)ရက္ေန႔ နံနက္ပိုင္းက မူးယစ္တပ္ဖြဲ႕စုႏွင့္ တပ္မေတာ္တို႔ ပိတ္ဆို႔စစ္ေဆးေရးေဆာင္ရြက္စဥ္ လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းမိသူ(၂)ဦးထံမွ ခဲယမ္းမ်ားကို တပ္မေတာ္က ထပ္မံေဖၚထုတ္ဖမ္းဆီးၿပီး ႏိုဝင္ဘာလ(၁၃)ရက္ေန႔တြင္ ရဲတပ္ဖြဲ႕ထံ လႊဲေျပာင္းအမႈဖြင့္လိုက္ေၾကာင္း သိရသည္။

အဆိုပါပူးေပါင္းအဖြဲ႕သည္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ အာဒီး၊နားက်ဲ၊ ပါလ၊ ပါခါးေက်းရြာ လမ္းေၾကာင္း တစ္ေလွ်ာက္တြင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၄)ရက္ေန႔က ပိတ္ဆို႔စစ္ေဆးေရးေဆာင္ရြက္ေနစဥ္   နံနက္(၈)နာရီအခ်ိန္၌ ပါခါးေက်းရြာဘက္သို႔ ေယရွဲဆိုသူ ေမာင္းႏွင္လာၿပီး အေနာက္တြင္ ယာကုပ္ဆိုသူ စီးနင္းလုိက္ပါလာသည့္ ဆုိင္ကယ္အား တားဆီးစစ္ေဆးခဲ့ရာမွာ လက္နက္ခဲယမ္းမ်ား ဖမ္းမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေယရွဲ၏ဆိုင္ကယ္ေနာက္တြင္ထိုင္၍ လုိက္ပါလာသည့္ ယာကုပ္၏ ခါးၾကားတြင္ (၉) မမက်ည္ (၇)ေတာင့္ပါသည့္ SPORTARMS MSANML FL စာတမ္းပါ ပစၥတိုေသနတ္တစ္လက္၊ (၁၂)ဗို႔က်ည္ (၆)ေတာင့္ အသင့္ထည့္ထားသည့္ WINCHESTER တံဆိပ္ အေမရိကန္ႏုိင္ငံထုတ္ အရွည္ (၃၇)လက္မခန္႔ရိွ ေျပာင္းေခ်ာေသနတ္ကို ေက်ာတြင္လြယ္ထားသည္ကို ေတြ႔ရၿပီး လြယ္အိတ္အတြင္းမွ (၉)မမက်ည္ (၁၆)ေတာင့္၊ (၁၂)ဗို႔က်ည္ (၅)ေတာင့္တို႔ကို သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

စစ္ဆင္ေရးနယ္ေျမအတြင္း လက္နက္မ်ားဖမ္းဆီးရမိျခင္းျဖစ္သျဖင့္ ဖမ္းဆီးရမိသူ(၂)ဦးအား တပ္မေတာ္က နယ္ေျမခံတပ္ရင္းတြင္ ေခၚယူစစ္ေဆးရာ ယင္းေန႔ ညေန(၅)နာရီခြဲအခ်ိန္တြင္ ပါခါးေက်းရြာရိွ ယာကုပ္၏ေနအိမ္မွ ၉ မမက်ည္ေတာင့္ (၇၀)၊ ည (၆)နာရီခြဲအခ်ိန္တြင္ ၎၏ေတာင္ယာတဲအတြင္းမွ  ၉ မမ က်ည္ေတာင့္ (၅၀)၊ ၁၂ ဗို႔က်ည္ (၂၁)ေတာင့္တုိ႔ကို ထပ္မံဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္(၄၃)ႏွစ္အရြယ္ ယာကုပ္ႏွင့္ အသက္(၂၂)ႏွစ္ အရြယ္ ေယရွဲတို႔အား ႏိုဝင္ဘာလ(၁၃)ရက္ေန႔တြင္ တပ္မေတာ္က ရဲတပ္ဖြဲ႕ထံ ျပန္လည္လႊဲေျပာင္းေပးလုိက္ၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၃၉၇/၂၀၁၈၊ ရွမ္းျပည္နယ္လက္နက္အမိန္႔အပိုဒ္ ၁၂(က)ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့တွင် လက်နက်ခဲယမ်းများဖြင့် ဖမ်းဆီးရမိသည့်အမျိုးသား(၂)ဦးအား ဖမ်းဆီးရမိပြီး (၈)ရက်မြောက်နေ့တွင် အမှုဖွင့်ထား
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့ နံနက်ပိုင်းက မူးယစ်တပ်ဖွဲ့စုနှင့် တပ်မတော်တို့ ပိတ်ဆို့စစ်ဆေးရေးဆောင်ရွက်စဉ် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိသူ(၂)ဦးထံမှ ခဲယမ်းများကို တပ်မတော်က ထပ်မံဖေါ်ထုတ်ဖမ်းဆီးပြီး နိုဝင်ဘာလ(၁၃)ရက်နေ့တွင် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းအမှုဖွင့်လိုက်ကြောင်း သိရသည်။

အဆိုပါပူးပေါင်းအဖွဲ့သည် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ အာဒီး၊နားကျဲ၊ ပါလ၊ ပါခါးကျေးရွာ လမ်းကြောင်း တစ်လျှောက်တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့က ပိတ်ဆို့စစ်ဆေးရေးဆောင်ရွက်နေစဉ်   နံနက်(၈)နာရီအချိန်၌ ပါခါးကျေးရွာဘက်သို့ ယေရှဲဆိုသူ မောင်းနှင်လာပြီး အနောက်တွင် ယာကုပ်ဆိုသူ စီးနင်းလိုက်ပါလာသည့် ဆိုင်ကယ်အား တားဆီးစစ်ဆေးခဲ့ရာမှာ လက်နက်ခဲယမ်းများ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယေရှဲ၏ဆိုင်ကယ်နောက်တွင်ထိုင်၍ လိုက်ပါလာသည့် ယာကုပ်၏ ခါးကြားတွင် (၉) မမကျည် (၇)တောင့်ပါသည့် SPORTARMS MSANML FL စာတမ်းပါ ပစ္စတိုသေနတ်တစ်လက်၊ (၁၂)ဗို့ကျည် (၆)တောင့် အသင့်ထည့်ထားသည့် WINCHESTER တံဆိပ် အမေရိကန်နိုင်ငံထုတ် အရှည် (၃၇)လက်မခန့်ရှိ ပြောင်းချောသေနတ်ကို ကျောတွင်လွယ်ထားသည်ကို တွေ့ရပြီး လွယ်အိတ်အတွင်းမှ (၉)မမကျည် (၁၆)တောင့်၊ (၁၂)ဗို့ကျည် (၅)တောင့်တို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆင်ရေးနယ်မြေအတွင်း လက်နက်များဖမ်းဆီးရမိခြင်းဖြစ်သဖြင့် ဖမ်းဆီးရမိသူ(၂)ဦးအား တပ်မတော်က နယ်မြေခံတပ်ရင်းတွင် ခေါ်ယူစစ်ဆေးရာ ယင်းနေ့ ညနေ(၅)နာရီခွဲအချိန်တွင် ပါခါးကျေးရွာရှိ ယာကုပ်၏နေအိမ်မှ ၉ မမကျည်တောင့် (၇၀)၊ ည (၆)နာရီခွဲအချိန်တွင် ၎င်း၏တောင်ယာတဲအတွင်းမှ  ၉ မမ ကျည်တောင့် (၅၀)၊ ၁၂ ဗို့ကျည် (၂၁)တောင့်တို့ကို ထပ်မံဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၄၃)နှစ်အရွယ် ယာကုပ်နှင့် အသက်(၂၂)နှစ် အရွယ် ယေရှဲတို့အား နိုဝင်ဘာလ(၁၃)ရက်နေ့တွင် တပ်မတော်က ရဲတပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးလိုက်ပြီး တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၃၉၇/၂၀၁၈၊ ရှမ်းပြည်နယ်လက်နက်အမိန့်အပိုဒ် ၁၂(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~