တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆးဝါးေရာင္းခ်သည့္ေနအိမ္မွ မူးယစ္ေဆးဝါးမ်ားႏွင့္အမ်ိဳးသမီးကို ဖမ္းမိၿပီး အမ်ိဳးသားလြတ္ေျမာက္ေန

တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆးဝါးေရာင္းခ်သည့္ေနအိမ္မွ မူးယစ္ေဆးဝါးမ်ားႏွင့္အမ်ိဳးသမီးကို ဖမ္းမိၿပီး အမ်ိဳးသားလြတ္ေျမာက္ေန
နိုဝင်ဘာ 24, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မုိင္းကိုးေက်းရြာအုပ္စု၊ မယ္လိတ္ပါေကာ္ေက်းရြာမွ မူးယစ္ေဆးဝါးေရာင္းခ်သည့္ေနအိမ္အား ရဲတပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြရာ ေနအိမ္ပိုင္ရွင္အမ်ိဳးသား ထြက္ေျပးလြတ္ေျမာက္သြားၿပီး အမ်ိဳးသမီးကို မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းမိေၾကာင္း သိရသည္။

မယ္လိတ္ပါေကာ္ရြာမွ ခင္ဝင္းႏွင့္ ေလးအာတို႔၏ေနအိမ္ကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ(၂၄)ရက္ေန႔ ညေန (၆)နာရီ (၁၅)မိနစ္တြင္ ဝင္ေရာက္ရွာေဖြရာ အိမ္ရွင္ျဖစ္သူ ခင္ဝင္းအား မေတြ႔ရဘဲ ဇနီးျဖစ္သူ လးအာကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က ေနအိမ္အတြင္း ဆက္လက္ရွာေဖြရာ ပန္းသီးတံဆိပ္ပါ အစိမ္းေရာင္ စိတ္ၾကြေဆးျပား (၃၅)ျပား၊ WY စာတမ္းပါ လိေမၼာ္ေရာင္စိတ္ၾကြရူးသြပ္ေဆးျပား (၁၆)ျပား စုစုေပါင္း စိတ္ၾကြေဆးျပား (၅၁)ျပား၊ စိတ္ၾကြေဆးျပားမႈန္႔ (၅၈)ဂရမ္ခန္႔၊ ဘိန္းျဖဴဘေလာက္တံုး (၁၈၀)ဂရမ္ခန္႔၊ အိုက္စ္ (၁)ဂရမ္ခန္႔၊ ထုိင္းဘတ္ေငြ (၇၃၆၀)ႏွင့္ မူးယစ္ေဆးအသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားအား ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားဖမ္းဆီးရမိသည့္ေနအိမ္ပိုင္ရွင္ျဖစ္သူ ခင္ဝင္းႏွင့္ ေလးအာတို႔ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၁၉/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)/၂၁ အရအမႈဖြင့္ထားၿပီး ထြက္ေျပးလြတ္ေျမာက္ေနသည့္ ခင္ဝင္းကို ဖမ္းဆီးရမိေရးေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးရောင်းချသည့်နေအိမ်မှ မူးယစ်ဆေးဝါးများနှင့်အမျိုးသမီးကို ဖမ်းမိပြီး အမျိုးသားလွတ်မြောက်နေ
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိတ်ပါကော်ကျေးရွာမှ မူးယစ်ဆေးဝါးရောင်းချသည့်နေအိမ်အား ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ နေအိမ်ပိုင်ရှင်အမျိုးသား ထွက်ပြေးလွတ်မြောက်သွားပြီး အမျိုးသမီးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိကြောင်း သိရသည်။

မယ်လိတ်ပါကော်ရွာမှ ခင်ဝင်းနှင့် လေးအာတို့၏နေအိမ်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၂၄)ရက်နေ့ ညနေ (၆)နာရီ (၁၅)မိနစ်တွင် ဝင်ရောက်ရှာဖွေရာ အိမ်ရှင်ဖြစ်သူ ခင်ဝင်းအား မတွေ့ရဘဲ ဇနီးဖြစ်သူ လးအာကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က နေအိမ်အတွင်း ဆက်လက်ရှာဖွေရာ ပန်းသီးတံဆိပ်ပါ အစိမ်းရောင် စိတ်ကြွဆေးပြား (၃၅)ပြား၊ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၆)ပြား စုစုပေါင်း စိတ်ကြွဆေးပြား (၅၁)ပြား၊ စိတ်ကြွဆေးပြားမှုန့် (၅၈)ဂရမ်ခန့်၊ ဘိန်းဖြူဘလောက်တုံး (၁၈၀)ဂရမ်ခန့်၊ အိုက်စ် (၁)ဂရမ်ခန့်၊ ထိုင်းဘတ်ငွေ (၇၃၆၀)နှင့် မူးယစ်ဆေးအသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများဖမ်းဆီးရမိသည့်နေအိမ်ပိုင်ရှင်ဖြစ်သူ ခင်ဝင်းနှင့် လေးအာတို့ကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၁၉/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရအမှုဖွင့်ထားပြီး ထွက်ပြေးလွတ်မြောက်နေသည့် ခင်ဝင်းကို ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~