တာခ်ီလိတ္ၿမိဳ႕ ဝမ္ေကာင္းရပ္ကြက္တြင္ မူးယစ္ေဆးဝါးလာေရာက္သံုးစြဲသည့္ အမ်ိဳးသား(၆)ဦးႏွင့္အတူ ေနအိမ္ပိုင္ရွင္ အမ်ိဳးသမီးအား ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕ ဝမ္ေကာင္းရပ္ကြက္တြင္ မူးယစ္ေဆးဝါးလာေရာက္သံုးစြဲသည့္ အမ်ိဳးသား(၆)ဦးႏွင့္အတူ ေနအိမ္ပိုင္ရွင္ အမ်ိဳးသမီးအား ဖမ္းမိ
နိုဝင်ဘာ 14, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ဝမ္ေကာင္းရပ္ကြက္ရိွ မူးယစ္သတင္းရ ေနအိမ္တစ္လံုးအား ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၄)ရက္ေန႔က ဝင္ေရာက္ရွာေဖြရာ မူးယစ္ေဆးသံုးစြဲေနသည့္ အမ်ိဳးသား(၆)ဦးႏွင့္ ေနအိမ္ပိုင္ရွင္အမ်ိဳးသမီး(၁)ဦးတို႔ကို စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းမိေၾကာင္း သိရသည္။

ဝမ္ေကာင္းရပ္ကြက္၊ အားေခေက်းရြာရိွ မီခါး၏ေနအိမ္အား သက္ေသမ်ားပါဝင္သည့္ပူးေပါင္းအဖြဲ႕ျဖင့္ ရဲတပ္ဖြဲ႕က ညေန(၅)နာရီေက်ာ္၌ ဝင္ေရာက္ရွာေဖြရာ ေနအိမ္ပိုင္ရ်င္ မီခါးႏွင့္အတူ ေပါတီ၊ အုိက္ပလိတ္၊ စန္းမင္းပိုင္ႏွင့္ ဂ်ဴးယာတို႔ကိုေတြ႔ရၿပီး ၎တို႔ထံမွ စိတ္ၾကြရူးသြပ္ေဆးျပား (၁၆၅)ျပားႏွင့္ ထုိင္းဘတ္ေငြ (၃၈၀)တို႔ကို ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ အဆိုပါေနအိမ္၏ မီးဖိုခန္းအတြင္း အီးလီးရွဲႏွင့္ ေပါလုတို႔ႏွစ္ဦးအား စိတ္ၾကြေဆးျပား (၄၅)ျပား၊ မူးယစ္ေဆးသံုးစြဲရာတြင္ အသံုးျပဳသည့္ဆက္စပ္ပစၥည္းမ်ား၊ ထုိင္းဘတ္ေငြ (၃၁၀)တို႔ျဖင့္ ထပ္မံေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိထားသည့္ မီခါး၊ ေပါတီ၊ အုိက္ပလိတ္၊ စန္းမင္းပိုင္ႏွင့္ ဂ်ဴးယာတို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၁၆/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)/၂၁ျဖင့္ လည္းေကာင္း မီခါး၊ အီးလီးရွဲႏွင့္ ေပါလုတို႔အား မယ(ပ) ၁၁၇/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)/၂၁ျဖင့္ လည္းေကာင္း အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု -ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်တွင် မူးယစ်ဆေးဝါးလာရောက်သုံးစွဲသည့် အမျိုးသား(၆)ဦးနှင့်အတူ နေအိမ်ပိုင်ရှင် အမျိုးသမီးအား ဖမ်းမိ
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ မူးယစ်သတင်းရ နေအိမ်တစ်လုံးအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်နေ့က ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးသုံးစွဲနေသည့် အမျိုးသား(၆)ဦးနှင့် နေအိမ်ပိုင်ရှင်အမျိုးသမီး(၁)ဦးတို့ကို စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိကြောင်း သိရသည်။

ဝမ်ကောင်းရပ်ကွက်၊ အားခေကျေးရွာရှိ မီခါး၏နေအိမ်အား သက်သေများပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် ရဲတပ်ဖွဲ့က ညနေ(၅)နာရီကျော်၌ ဝင်ရောက်ရှာဖွေရာ နေအိမ်ပိုင်ရျင် မီခါးနှင့်အတူ ပေါတီ၊ အိုက်ပလိတ်၊ စန်းမင်းပိုင်နှင့် ဂျူးယာတို့ကိုတွေ့ရပြီး ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၆၅)ပြားနှင့် ထိုင်းဘတ်ငွေ (၃၈၀)တို့ကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် အဆိုပါနေအိမ်၏ မီးဖိုခန်းအတွင်း အီးလီးရှဲနှင့် ပေါလုတို့နှစ်ဦးအား စိတ်ကြွဆေးပြား (၄၅)ပြား၊ မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ ထိုင်းဘတ်ငွေ (၃၁၀)တို့ဖြင့် ထပ်မံတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိထားသည့် မီခါး၊ ပေါတီ၊ အိုက်ပလိတ်၊ စန်းမင်းပိုင်နှင့် ဂျူးယာတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၁၆/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ဖြင့် လည်းကောင်း မီခါး၊ အီးလီးရှဲနှင့် ပေါလုတို့အား မယ(ပ) ၁၁၇/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ဖြင့် လည်းကောင်း အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~