
နိုဝငျဘာ 10, 2018
By 🌸



Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် စိတ်ကြွဆေးပြား၊ ဘိန်းဖြူတို့နှင့်အတူ အမျိုးသားတစ်ဦးကို ဖမ်းမိ
***************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့ နေ့လယ် (၁၂)နာရီ (၅)မိနစ်အချိန်က စိတ်ကြွဆေးပြား (၁၅)ပြား၊ ဘိန်းဖြူ (၃.၅)ဂရမ်ခန့်နှင့်အတူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ သီရိဟံသာဘုန်းကြီးကျောင်းအနီးကွင်းပြင်တွင် ရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးရာ ဇေယျာမောင်ဆိုသူကို ၎င်းဝတ်ဆင်ထားသည့် ဘောင်းဘီအိတ်အတွင်းမှ  စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူတို့ကို ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ဇေယျာအောင်ကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၁၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~