Update News

တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္း၌ ႏို၀င္ဘာလ(၁၅)ရက္ေန႔မွစတင္မည့္ တရားပြဲမ်ားအတြက္ ႀကိဳပို႔ယာဥ္ စီးနင္းမည့္သူမ်ား စုရပ္မ်ား၌ ည(၇)နာရီ ေနာက္ဆံုးထား လာေရာက္ႏုိင္

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းတြင္ (၁၄)ညတိုင္တုိင္က်င္းပမည့္ အလင္းေရာင္ ပရဟိတအသင္းႏွင့္ တာခ်ီလိတ္ၿမိဳ႕သူ ၿမိဳ႕သားမ်ား၏ ဒသမအႀကိမ္ေျမာက္တရားပြဲမ်ားကို ၂၀၁၈ ခုႏွစ္၊ ႏို၀င္ဘာလ (၁၅)ရက္ေန႔မွစ၍ ေန႔စဥ္ ည(၇)နာရီခြဲ၌ စတင္ေဟာၾကားမည္ျဖစ္ရာ ႀကိဳပို႔ယာဥ္စီးနင္းမည့္ တရားနာပရိတ္သတ္မ်ားအေနျဖင့္ စုရပ္မ်ားတြင္ ည(၇)နာရီ ေနာက္ဆံုးထား၍ လာေရာက္ႏုိင္ေၾကာင္း သိရသည္။

တရားနာၾကြေရာက္မည့္သူမ်ားအတြက္ အႀကိဳအပို႔ျပဳလုပ္ေပးရန္ ပါလွ်ံကြက္သစ္၊ ပါလွ်ံဘုရားႀကီး ေက်ာင္းေရွ႕၊ အလိုေတာ္ေက်ာင္းေရွ႕၊ အာခါဗုဒၶ၊ ေ၀ဠဳ၀န္ေက်ာင္းအနီး၊ ပုန္းထြန္(ေက်ာက္ေတာင္) သီလေက်ာင္းလမ္းဆံုတို႔တြင္ စုရပ္မ်ားသတ္မွတ္ထားေၾကာင္း သိရသည္။

အဆိုပါ တရားပြဲအား တာခ်ီလိတ္ၿမိဳ႕ရွိ ရွမ္းရိုးမကြင္းအတြင္း၌ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး ၂၀၁၈ခုႏွစ္ ႏို၀င္ဘာလ(၁၅)ရက္ေန႔မွ ႏို၀င္ဘာလ(၂၈)ရက္ေန႔အထိ က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

အလင္းေရာင္ပရဟိတအသင္းသို႔ ဆက္သြယ္လိုသူမ်ားအေနျဖင့္ ဖုန္း 09 692067424 ႏွင့္ 09 263723450 တို႔သို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ နိုဝင်ဘာလ(၁၅)ရက်နေ့မှစတင်မည့် တရားပွဲများအတွက် ကြိုပို့ယာဉ် စီးနင်းမည့်သူများ စုရပ်များ၌ ည(၇)နာရီ နောက်ဆုံးထား လာရောက်နိုင်
********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် (၁၄)ညတိုင်တိုင်ကျင်းပမည့် အလင်းရောင် ပရဟိတအသင်းနှင့် တာချီလိတ်မြို့သူ မြို့သားများ၏ ဒသမအကြိမ်မြောက်တရားပွဲများကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့မှစ၍ နေ့စဉ် ည(၇)နာရီခွဲ၌ စတင်ဟောကြားမည်ဖြစ်ရာ ကြိုပို့ယာဉ်စီးနင်းမည့် တရားနာပရိတ်သတ်များအနေဖြင့် စုရပ်များတွင် ည(၇)နာရီ နောက်ဆုံးထား၍ လာရောက်နိုင်ကြောင်း သိရသည်။

တရားနာကြွရောက်မည့်သူများအတွက် အကြိုအပို့ပြုလုပ်ပေးရန် ပါလျှံကွက်သစ်၊ ပါလျှံဘုရားကြီး ကျောင်းရှေ့၊ အလိုတော်ကျောင်းရှေ့၊ အာခါဗုဒ္ဓ၊ ဝေဠုဝန်ကျောင်းအနီး၊ ပုန်းထွန်(ကျောက်တောင်) သီလကျောင်းလမ်းဆုံတို့တွင် စုရပ်များသတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ တရားပွဲအား တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့မှ နိုဝင်ဘာလ(၂၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အလင်းရောင်ပရဟိတအသင်းသို့ ဆက်သွယ်လိုသူများအနေဖြင့် ဖုန်း 09 692067424 နှင့် 09 263723450 တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::