တာခ်ီလိတ္ၿမိဳ႕ လြယ္စီတံုတြင္ စိတ္ၾကြေဆးျပား(၄၀၀၀)အား သယ္ယူလာသူ ႏွစ္ဦးႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ လြယ္စီတံုတြင္ စိတ္ၾကြေဆးျပား(၄၀၀၀)အား သယ္ယူလာသူ ႏွစ္ဦးႏွင့္အတူ ဖမ္းဆီးရမိ
နိုဝင်ဘာ 9, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဝမ္လံုးေက်းရြာအုပ္စု၊ လြယ္စီတံုေက်းရြာတြင္ စိတ္ၾကြေဆးျပား (၄၀၀၀) သယ္လာသည့္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕ႏွင့္သက္ေသမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၈ခုႏွစ္ ႏို၀င္ဘာလ(၉)ရက္ေန႔ ညေန(၅)နာရီ၀န္းက်င္အခ်ိန္က ဝမ္လံုးေက်းရြာအုပ္စု၊ လြယ္စီတံုေက်းရြာ ျပည္သူ႔စစ္စခန္းေရွ႕ လမ္းမေပၚတြင္ ယန္းေခါင္ရြာဘက္မွ တာခ်ီလိတ္ဘက္သို႔  ေမာင္းႏွင္လာသည့္ ဆိုင္ကယ္တစ္စီးကို စစ္ေဆးရာ ဆိုင္ကယ္ထုိင္ခံု ေအာက္တြင္ထည့္၍ သယ္လာသည့္ စိတ္ၾကြရူးသြပ္ေဆးျပား (၄,၀၀၀)ကို ရွာေဖြ ေတြ႔ရိွရျခင္း ျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ေအာင္မိုးဟိန္းႏွင့္ ဘူးဒိုတို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၁၂/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ အရအမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံကျေးရွာတွင် စိတ်ကြွဆေးပြား (၄၀၀၀) သယ်လာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့်သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၉)ရက်နေ့ ညနေ(၅)နာရီဝန်းကျင်အချိန်က ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံကျေးရွာ ပြည်သူ့စစ်စခန်းရှေ့ လမ်းမပေါ်တွင် ယန်းခေါင်ရွာဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးကို စစ်ဆေးရာ ဆိုင်ကယ်ထိုင်ခုံ အောက်တွင်ထည့်၍ သယ်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား (၄,ဝဝဝ)ကို ရှာဖွေ တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အောင်မိုးဟိန်းနှင့် ဘူးဒိုတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၁၂/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရအမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~