တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးဂိတ္အနီးတြင္ လမ္းေလွ်ာက္လာသူထံက စိတ္ၾကြေဆးျပား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးဂိတ္အနီးတြင္ လမ္းေလွ်ာက္လာသူထံက စိတ္ၾကြေဆးျပား ဖမ္းဆီးရမိ
နိုဝင်ဘာ 21, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးဂိတ္အနီးရွိ လြယ္ေတာ္ခမ္းတံတားထိပ္အနီး လမ္းမေပၚတြင္ ပါေကြ႕ရြာဘက္မွ လမ္းေလွ်ာက္လာသူထံက စိတ္ၾကြေဆးျပား (၂၀၄)ျပားကို သိမ္းဆည္းရမိ၍ အမႈဖြင့္ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာမ်ားပါ၀င္သည့္အဖြဲ႔က ၂၀၁၈ခုႏွစ္ ႏို၀င္ဘာလ(၂၁)ရက္ေန႔ ညေန(၄)နာရီ၀န္းက်င္အခ်ိန္တြင္ ပါေကြ႕ရြာဘက္မွ ပူးေပါင္းစစ္ေဆးေရးဂိတ္ဘက္သို႔  လမ္းေလွ်ာက္လာသူ အားဖာ(ခ)ေလာ္ဖာ အား မသကၤာ၍ စစ္ေဆး ရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ားကို ေတြ႔ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

လမ္းေလွ်ာက္လာသည့္ အားဖာ(ခ)ေလာ္ဖာသည္ အေလးခ်ိန္(၂၀.၄)ဂရမ္၀န္းက်င္ရွိသည့္ စိတ္ၾကြေဆးျပား စုစုေပါင္း (၂၀၄)ျပားအား ၎၀တ္ဆင္ထားသည့္ အတြင္းခံ ေဘာင္းဘီၾကားတြင္ သို၀ွက္သယ္ေဆာင္လာျခင္းျဖစ္ရာ ရဲတပ္ဖြဲ႔မွ ရွာေဖြေတြ႔ရွိ၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၁၈/၂၀၁၈၊ မူး/စိတ္ ၁၉(က)ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


တာချီလိတ်မြို့ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ လွယ်တော်ခမ်းတံတားထိပ်အနီး လမ်းမပေါ်တွင် ပါကွေ့ရွာဘက်မှ လမ်းလျှောက်လာသူထံက စိတ်ကြွဆေးပြား (၂၀၄)ပြားကို သိမ်းဆည်းရမိ၍ အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာများပါဝင်သည့်အဖွဲ့က ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်အချိန်တွင် ပါကွေ့ရွာဘက်မှ ပူးပေါင်းစစ်ဆေးရေးဂိတ်ဘက်သို့ လမ်းလျှောက်လာသူ အားဖာ(ခ)လော်ဖာ အား မသင်္ကာ၍ စစ်ဆေး ရှာဖွေရာမှ မူးယစ်ဆေးဝါးများကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

လမ်းလျှောက်လာသည့် အားဖာ(ခ)လော်ဖာသည် အလေးချိန်(၂၀.၄)ဂရမ်ဝန်းကျင်ရှိသည့် စိတ်ကြွဆေးပြား စုစုပေါင်း (၂၀၄)ပြားအား၎င်းဝတ်ဆင်ထားသည့် အတွင်းခံ ဘောင်းဘီကြားတွင် သိုဝှက်သယ်ဆောင်လာခြင်းဖြစ်ရာ ရဲတပ်ဖွဲ့မှ ရှာဖွေတွေ့ရှိ၍ တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၁၈/၂၀၁၈၊ မူး/စိတ် ၁၉(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~