မိုင္းဆတ္ - တာခ်ီလိတ္ခရိုင္ခ်င္းဆက္လမ္း လႊဲေျပာင္းေပးအပ္ႏိုင္ေရး “ဝ”အထူးေဒသ (၂)ႏွင့္ ေဆြးေႏြး

မိုင္းဆတ္ - တာခ်ီလိတ္ခရိုင္ခ်င္းဆက္လမ္း လႊဲေျပာင္းေပးအပ္ႏိုင္ေရး “ဝ”အထူးေဒသ (၂)ႏွင့္ ေဆြးေႏြး
နိုဝင်ဘာ 11, 2018
By Tachileik News Agency
႐ွမ္းျပည္နယ္(အေ႐ွ႕ပိုင္း) မိုင္းဆတ္ခ႐ိုင္ႏွင့္ တာခ်ီလိတ္ခရိုင္ ဆက္သြယ္ထားေသာ မိုင္းဆတ္ - တာခ်ီလိတ္ ကားလမ္းအား  “၀” အထူးေဒသ(၂)က လမ္းဦးစီးဌာနသို႔ လႊဲေျပာင္း ျပဳျပင္ေဆာင္ရြက္ႏိုင္ေရး ႏွစ္ဖက္ေတြ႔ဆံုုံ ညိႇႏိႈင္းေဆြးေႏြးပြဲကို ၂၀၁၈ ခုႏွစ္၊ ႏို၀င္ဘာလ (၁၁) ရက္ ေန႔လယ္ (၁) နာရီခဲြက မိုင္းဆတ္ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အစည္းအေ၀းခန္းမ၌ ျပဳလုပ္သည္။

"မိုင္းဆတ္ - တာခ်ီလိတ္ကားလမ္းလႊဲေျပာင္း လက္ခံႏိုင္ေရးက ေဆြးေႏြးညိႇႏိႈင္းေနဆဲျဖစ္ပါတယ္။ အခုလမ္းက ဆိုးရြားစြာ ပ်က္စီးေနတဲ့အတြက္ လတ္တေလာ ခရီးသြားျပည္သူေတြ  သြားလာမႈ အဆင္ေျပေအာင္ ျပဳျပင္ေဆာင္ ရြက္ဖို႔ ညိႇႏိႈင္းေဆြးေႏြးခဲ့ပါတယ္"ဟု မိုင္းဆတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ိဳးေအာင္က ေျပာသည္။

တာခ်ီလိတ္ - မုိင္းဆတ္လမ္းပိုင္းမွာ စုစုေပါင္း (၆၀.၄)မုိင္ရွည္လ်ားၿပီး ၁၉၉၂ ခုႏွစ္တြင္ "ဝ"အထူးေဒသ(၂) ေတာင္ပိုင္းက ဟုန္ပန္းကုမၸဏီျဖင့္ ေဖါက္လုပ္ခဲ့ကာ ယာဥ္ျဖတ္သန္းခ ေကာက္ခံေနျခင္း ျဖစ္ေသာ္လည္း လမ္းပို္င္း ပ်က္စီးမႈကို ျပဳျပင္ႏုိင္ျခင္း မရိွသျဖင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနသို႔ လႊဲေျပာင္းေပးရန္ ၂၀၁၈ ခုႏွစ္အတြင္း ေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

လက္ရိွအခ်ိန္တြင္ အဆိုပါ လမ္းပိုင္း၌ ခ်ိဳင့္လမ္းေဘးရွိ ၿခံဳႏြယ္မ်ားေၾကာင့္ ျမင္ကြင္းမရွင္း၍ ယာဥ္တိမ္းေမွာက္မႈႏွင့္ ယာဥ္တိုက္မႈအႏၱရာယ္ မျဖစ္ေစရန္ ဂ႐ုစိုက္၍ ေမာင္းႏွင္ေနရသျဖင့္ ယခင္က (၄) နာရီေက်ာ္သာ ေမာင္းႏွင္ရသည့္ခရီးကို ယခုအခါ (၇) နာရီခန္႔အထိ ေမာင္းႏွင္ေနရသည့္အတြက္ ေဒသခံျပည္သူမ်ားက အျမန္ဆုံးျပဳျပင္ ေဆာင္ရြက္ေပးရန္ ေမွ်ာ္လင့္လ်က္ရိွသည္။

အဆိုပါ ေဆြးေႏြးပဲြသုိ႔ ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ဳိးေအာင္၊ ခ႐ိုင္လမ္းဦးစီးဌာန၊ ခ႐ိုင္နယ္စပ္ေဒသႏွင့္ တိုင္းရင္းသားလူမ်ဳိးမ်ားဖြံ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာနတို႔ပါ၀င္ေသာအဖဲြ႔ႏွင့္ “၀”အထူးေဒသ(၂)မွ တပ္မဟာႏိုင္ငံေရးမွဴး  ဦးအားဖူ ဦးေဆာင္ေသာ အဖဲြ႔၀င္(၈)ဦးတို႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - သန္းေဇာ္ဦး


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်နှင့် တာချီလိတ်ခရိုင် ဆက်သွယ်ထားသော မိုင်းဆတ် - တာချီလိတ် ကားလမ်းအား “ဝ” အထူးဒေသ(၂)က လမ်းဦးစီးဌာနသို့ လွှဲပြောင်း ပြုပြင်ဆောင်ရွက်နိုင်ရေး နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက် နေ့လယ် (၁) နာရီခွဲက မိုင်းဆတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအေဝးခန်းမ၌ ပြုလုပ်သည်။

"မိုင်းဆတ် - တာချီလိတ်ကားလမ်းလွှဲပြောင်း လက်ခံနိုင်ရေးက ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ပါတယ်။ အခုလမ်းက ဆိုးရွားစွာ ပျက်စီးနေတဲ့အတွက် လတ်တလော ခရီးသွားပြည်သူတွေ သွားလာမှု အဆင်ပြေအောင် ပြုပြင်ဆောင် ရွက်ဖို့ ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်"ဟု မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က ပြောသည်။

တာချီလိတ် - မိုင်းဆတ်လမ်းပိုင်းမှာ စုစုပေါင်း (၆၀.၄)မိုင်ရှည်လျားပြီး ၁၉၉၂ ခုနှစ်တွင် "ဝ"အထူးဒေသ(၂) တောင်ပိုင်းက ဟုန်ပန်းကုမ္ပဏီဖြင့် ဖောက်လုပ်ခဲ့ကာ ယာဉ်ဖြတ်သန်းခ ကောက်ခံနခြေင်း ဖြစ်သော်လည်း လမ်းပို်င်း ပျက်စီးမှုကို ပြုပြင်နိုင်ခြင်း မရှိသဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန် ၂၀၁၈ ခုနှစ်အတွင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အဆိုပါ လမ်းပိုင်း၌ ချိုင့်လမ်းဘေးရှိ ခြုံနွယ်များကြောင့် မြင်ကွင်းမရှင်း၍ ယာဉ်တိမ်းမှောက်မှုနှင့် ယာဉ်တိုက်မှုအန္တရာယ် မဖြစ်စေရန် ဂရုစိုက်၍ မောင်းနှင်နေရသဖြင့် ယခင်က (၄) နာရီကျော်သာ မောင်းနှင်ရသည့်ခရီးကို ယခုအခါ (၇) နာရီခန့်အထိ မောင်းနှင်နေရသည့်အတွက် ဒေသခံပြည်သူများက အမြန်ဆုံးပြုပြင် ဆောင်ရွက်ပေးရန် မျှော်လင့်လျက်ရှိသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ခရိုင်လမ်းဦးစီးဌာန၊ ခရိုင်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပါဝင်သောအဖွဲ့နှင့် “ဝ”အထူးဒေသ(၂)မှ တပ်မဟာနိုင်ငံရေးမှူး ဦးအားဖူ ဦးဆောင်သော အဖွဲ့ဝင်(၈)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~