တာချီလိတ်တွင် တရားမဝင်နေထိုင်သည့် ထိုင်းနိုင်ငံသား(၄)ဦးနှင့် လက်ခံထားသူတို့အား မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိပြီးနောက် လ၀ကအက်ဖြင့် ဆက်လက် အမှုဖွင့်

တာချီလိတ်တွင် တရားမဝင်နေထိုင်သည့် ထိုင်းနိုင်ငံသား(၄)ဦးနှင့် လက်ခံထားသူတို့အား မူးယစ်ဆေးဝါးများဖြင့် ဖမ်းဆီးရမိပြီးနောက် လ၀ကအက်ဖြင့် ဆက်လက် အမှုဖွင့်
နိုဝင်ဘာ 1, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာတွင် မူးယစ် ဆေးဝါးနှင့် ဖမ်းဆီးရမိထားသည့် ထိုင်းနိုင်ငံသား (၄)ဦးမှာ တရားမဝင် ဝင်ရောက်လာသူမျာြး ဖစ်ကြပြီး ယင်းတို့အနက် တစ်ဦးမှာ မြန်မာနိုင်ငံမှ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြည်နှင်ဒဏ်ပေးထားသူ ဖြစ်ကြောင်း သိရသည်။


ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားများအား စစ်ဆေးရာ ထိုင်းနိုင်ငံသား Jetsada Inphuk နှင့် Thump Sai Suphan တို့သည် လွန်ခဲ့သည့် တစ်လဝန်းကျင်က မယ်ဆိုင်ချောင်းနှင့် လွယ်တော်ခမ်းတို့မှနေ၍ တရားမဝင်ဖြတ်သန်းဝင်ရောက်ကာ တာချီလိတ်မြို့တွင် နေထိုင်နေကြပြီး Thump Sai Suphan သည် ယခင်ကလည်း လဝကအက်ဥပဒေဖြင့် ကျိုင်းတုံအကျဉ်းထောင်၌ ထောင်ဒဏ် (၆)လချမှတ်ခံခဲ့ရာမှ ၂၀၁၈ ခုနှစ် ဧပြီလ(၁၇)ရက်နေ့ က နိုင်ငံသမ္မတရုံး၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ပြည်နှင်ခံ ထားရသူဖြစ်ကြောင်း သိရသည်။



Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာတွင် မူးယစ် ဆေးဝါးနှင့် ဖမ်းဆီးရမိထားသည့် ထိုင်းနိုင်ငံသား (၄)ဦးမှာ တရားမဝင် ဝင်ရောက်လာသူများြ ဖစ်ကြပြီး ယင်းတို့အနက် တစ်ဦးမှာ မြန်မာနိုင်ငံမှ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြည်နှင်ဒဏ်ပေးထားသူ ဖြစ်ကြောင်း သိရသည်။

ဝမ်ကျောက်လုံကျေးရွာရှိ စိုင်းသန်း၏ နေအိမ်တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့ နေ့လယ်(၁၁)နာရီခွဲဝန်းကျင်က ဝင်ရောက် စစ်ဆေးရာ အိမ်ရှင်ဖြစ်သူ စိုင်းသန်းနှင့် ထိုင်းနိုင်ငံသား(၂)ဦး၊ ထိုင်းနိုင်ငံသူ (၂)ဦးတို့ကို စိတ်ကြွဆေးပြား (၇၅)ပြား၊ မူးယစ်ဆေးဝါး သုံးစွဲရာ၌ အသုံးပြုသည့် ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိထားခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားများအား စစ်ဆေးရာ ထိုင်းနိုင်ငံသား Jetsada Inphuk နှင့် Thump Sai Suphan တို့သည် လွန်ခဲ့သည့် တစ်လဝန်းကျင်က မယ်ဆိုင်ချောင်းနှင့် လွယ်တော်ခမ်းတို့မှနေ၍ တရားမဝင်ဖြတ်သန်းဝင်ရောက်ကာ တာချီလိတ်မြို့တွင် နေထိုင်နကြပြေီး Thump Sai Suphan သည် ယခင်ကလည်း လဝကအက်ဥပဒဖြေင့် ကျိုင်းတုံအကျဉ်းထောင်၌ ထောင်ဒဏ် (၆)လချမှတ်ခံခဲ့ရာမှ ၂၀၁၈ ခုနှစ် ဧပြီလ(၁၇)ရက်နေ့ က နိုင်ငံသမ္မတရုံး၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ပြည်နှင်ခံ ထားရသူဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသူများဖြစ်သည့် Sawitree A Aee နှင့် Jutharat Junjaila သည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၅) ရက်နေ့က တာချီလိတ်သို့ ခိုးဝင်လာကြခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ခိုးဝင်လာသည့် ထိုင်းနိုင်ငံသား (၄)ဦးနှင့် နိုင်ငံခြားသားများအား နေအိမ်တွင် လက်ခံထားသည့် နေအိမ်ပိုင်ရှင် စိုင်းသန်းတို့အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၃၈၂/၂၀၁၈၊ ၁၉၄၇ ခုနှစ် လဝကအက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၅)/၁၅(၂)အရ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့တွင် အမှုထပ်မံဖွင့်လိုက်ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့ က မယ(ပ)၁၀၉/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~