ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ေနထိုင္သူမ်ားအတြက္ ေဒသဧည့္လမ္းညြန္ လိုင္စင္ထုတ္ေပးမည့္ ဧည့္လမ္းညႊန္အေျခခံသင္တန္းကို ႏိုဝင္ဘာလ (၁၄)ရက္ေန႔ ေနာက္ဆံုး ေလွ်ာက္ထားႏုိင္

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ေနထိုင္သူမ်ားအတြက္ ေဒသဧည့္လမ္းညြန္ လိုင္စင္ထုတ္ေပးမည့္ ဧည့္လမ္းညႊန္အေျခခံသင္တန္းကို ႏိုဝင္ဘာလ (၁၄)ရက္ေန႔ ေနာက္ဆံုး ေလွ်ာက္ထားႏုိင္
နိုဝင်ဘာ 7, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ရိွ ဟုိတယ္ႏွင့္ခရီးသြားညႊန္ၾကားမႈဦးစီးဌာန (လားရႈိးရံုးခြဲ)တြင္ ဖြင့္လွစ္မည့္ ေဒသဆုိင္ရာ ဧည့္လမ္းညႊန္အေျခခံသင္တန္း အမွတ္စဥ္ (၄၁)ကုိ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၁၄)ရက္ေန႔ ေနာက္ဆံုးထား၍ ေလွ်ာက္ထားႏုိင္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္းေဒသတြင္ ေနထုိင္သည့္ ျမန္မာႏိုင္ငံသား အသက္(၁၈)နွစ္ျပည့္ၿပီး အနိမ့္ဆံုး တကၠသိုလ္ဝင္တန္းေအာင္ျမင္ၿပီးသူမ်ား ေလွ်ာက္ထားႏုိင္ၿပီး တရုတ္၊ ဂ်ပန္ႏွင့္ ကိုရီးယားဘာသာစကား ကၽြမ္းက်င္သူမ်ားကို ဦးစားေပးေရြးခ်ယ္မည္ျဖစ္ေၾကာင္း သိရသည္။

ဟုိတယ္ႏွင့္ခရီးသြားလာေရး၀န္ႀကီးဌာနမွ စီစဥ္ဖြင့္လွစ္သည့္ အဆိုပါသင္တန္းကို ႏိုဝင္ဘာလ (၁၈) ရက္ေန႔မွ (၂၁) ရက္ေန႔အထိ ဖြင့္လွစ္မည္ျဖစ္ေၾကာင္းသိရၿပီး သင္တန္းေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ အျပာေရာင္ေနာက္ခံျဖင့္ ပတ္စ္ပို႔ဓါတ္ပံု (၃)ပံု၊ ႏုိင္ငံသားစိစစ္ေရးကဒ္မိတၱဴ၊ တကၠသိုလ္ဝင္တန္း ေအာင္လက္မွတ္ (သို႔မဟုတ္) ဘြဲ႔လက္မွတ္မိတၱဴ၊ ရပ္ကြက္/ေက်းရြာတြင္ေနထုိင္ေၾကာင္းႏွင့္ အက်င့္စာရိတၱေကာင္းမြန္ေၾကာင္း ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴး ေထာက္ခံခ်က္မူရင္း၊ အိမ္ေထာင္စု စာရင္းမိတၱဴႏွင့္ အျခားပညာေရးဆုိင္ရာ အေထာက္အထားမ်ားျဖင့္ ေလွ်ာက္ထားႏုိင္မည္ျဖစ္ကာ အဆိုပါအေထာက္အထားမ်ား၏ မူရင္းမ်ားကိုလည္း လိုအပ္ပါက ျပသႏုိင္ရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သင္တန္းၿပီးဆံုးပါက ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာနက ထုတ္ေပးသည့္ ေဒသဆုိင္ရာ ဧည့္လမ္းညႊန္လုိင္စင္ (၂)ႏွစ္သက္တမ္းရရိွမည္ျဖစ္ၿပီး အဆိုပါလိုင္စင္ကို ေနာက္ထပ္သက္တမ္းတိုးခြင့္ ရိွမည္ျဖစ္ေၾကာင္း သိရသည္။

သင္တန္းအရည္အခ်င္းသတ္မွတ္ခ်က္ျပည့္မီ၍ စိတ္ပါ၀င္စားသူမ်ားရွိပါက ဟုိတယ္ႏွင့္ခရီးသြားညႊန္ၾကားမႈ ဦးစီးဌာန (လားရႈိးရံုးခြဲ)၊ ဗ်ဴဟာလမ္းႏွင့္ သာသနာ (၂၅၀၀) ဘုရားလမ္းေထာင့္၊ ရပ္ကြက္(၁)၊ နယ္ေျမ(၆)သို႔ လည္းေကာင္း၊ [email protected] ဖုန္း ၀၉ ၇၈၇၇၁၉၆၃၀၊ ၀၉ ၇၈၉၆၄၆၅၁၀၊ ၀၉ ၂၀၄၅၃၈၃ ႏွင့္ ၀၈၂ ၂၂၀၃၀၁၅ တို႔သို႔ ဆက္သြယ္စံုစမ္းႏုိင္ေၾကာင္း သိရသည္။

သင္တန္းတက္ေရာက္ခြင့္ရပါက သင္တန္းေၾကး က်ပ္ (၅၀၀၀၀) ေပးသြင္းရမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (လားရှိုးရုံးခွဲ)တွင် ဖွင့်လှစ်မည့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အခြေခံသင်တန်း အမှတ်စဉ် (၄၁)ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင် နေထိုင်သည့် မြန်မာနိုင်ငံသား အသက်(၁၈)နှစ်ပြည့်ပြီး အနိမ့်ဆုံး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပြီး တရုတ်၊ ဂျပန်နှင့် ကိုရီးယားဘာသာစကား ကျွမ်းကျင်သူများကို ဦးစားပေးရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် အဆိုပါသင်တန်းကို နိုဝင်ဘာလ (၁၈) ရက်နေ့မှ (၂၁) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရပြီး သင်တန်းလျှောက်ထားလိုသူများအနဖြေင့် အပြာရောင်နောက်ခံဖြင့် ပတ်စ်ပို့ဓာတ်ပုံ (၃)ပုံ၊ နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ၊ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် (သို့မဟုတ်) ဘွဲ့လက်မှတ်မိတ္တူ၊ ရပ်ကွက်/ကျေးရွာတွင်နေထိုင်ကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံချက်မူရင်း၊ အိမ်ထောင်စု စာရင်းမိတ္တူနှင့် အခြားပညာရေးဆိုင်ရာ အထောက်အထားများဖြင့် လျှောက်ထားနိုင်မည်ဖြစ်ကာ အဆိုပါအထောက်အထားများ၏ မူရင်းများကိုလည်း လိုအပ်ပါက ပြသနိုင်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းပြီးဆုံးပါက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပေးသည့် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်လိုင်စင် (၂)နှစ်သက်တမ်းရရှိမည်ဖြစ်ပြီး အဆိုပါလိုင်စင်ကို နောက်ထပ်သက်တမ်းတိုးခွင့် ရှိမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းအရည်အချင်းသတ်မှတ်ချက်ပြည့်မီ၍ စိတ်ပါဝင်စားသူများရှိပါက ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (လားရှိုးရုံးခွဲ)၊ ဗျူဟာလမ်းနှင့် သာသနာ (၂၅၀၀) ဘုရားလမ်းထောင့်၊ ရပ်ကွက်(၁)၊ နယ်မြေ(၆)သို့ လည်းကောင်း၊ [email protected] ဖုန်း ဝ၉ ၇၈၇၇၁၉၆၃၀၊ ဝ၉ ၇၈၉၆၄၆၅၁၀၊ ဝ၉ ၂၀၄၅၃၈၃ နှင့် ဝ၈၂ ၂၂၀၃၀၁၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

သင်တန်းတက်ရောက်ခွင့်ရပါက သင်တန်းကြေး ကျပ် (၅၀၀၀၀) ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~