တာခ်ီလိတ္တြင္ ေလာင္းကစားႏွင့္ ပတ္သက္၍ စံုစမ္းဖမ္းဆီးမႈမ်ား လုပ္ေဆာင္မည္

တာခ်ီလိတ္တြင္ ေလာင္းကစားႏွင့္ ပတ္သက္၍ စံုစမ္းဖမ္းဆီးမႈမ်ား လုပ္ေဆာင္မည္
နိုဝင်ဘာ 22, 2018
By Tachileik News Agency

ျမန္မာ - ထုိင္းနယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ေလာင္းကစားဝုိင္းမ်ားအား ရဲတပ္ဖြဲ႕ အေနျဖင့္ စံုစမ္းဖမ္းဆီးရန္ ညႊန္ၾကားထားေၾကာင္း သိရသည္။

"ၿမိဳ႕နယ္မွဴး၊ ၿမိဳ႕မစခန္းမွဴး အားလံုးကို ေျပာထားၿပီးသား။ တာဝန္ယူမႈ တာဝန္ခံမႈ အဆင့္ ဆင့္ ရိွတယ္ဆိုေတာ့ အားလံုးကိုလည္း အသိေပးထားၿပီး ျဖစ္တယ္။ ေလာင္းကစားနဲ႔ပတ္သက္ၿပီး ဘယ္တုန္းကမွလည္း ခြင့္ျပဳထားတာ မရိွဘူး။ အခုလည္း ခြင့္မျပဳဘူး။ ဘယ္သူပဲလုပ္လုပ္၊ ဘယ္သူပဲဖြင့္ေန ေန လုပ္တယ္ဆိုတာ သိတာနဲ႔ သတင္းရတာနဲ႔ ခ်က္ခ်င္းသြား၊ ခ်က္ခ်င္းဖမ္းမယ္” ဟု တာခ်ီလိတ္ခရိုင္ ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး ေပၚထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

နယ္စပ္ၿမိဳ႕ တာခ်ီလိတ္တြင္ ရပ္ကြက္မ်ားအတြင္းထိပါ ေလာင္းကစားဂိမ္းခံုမ်ား အမ်ားအျပား ဖြင့္လွစ္လာခဲ့ၿပီး အဆိုပါ ဂိမ္းခံုမ်ားသည္ မူးယစ္ေဆးေရာင္းခ်၊ သံုးစြဲရာေနရာမ်ားျဖစ္လာသျဖင့္ လူငယ္မ်ား အတြက္ စိုးရိမ္ရျခင္း၊ ရပ္ကြက္တြင္း လံုၿခံဳေရးအတြက္ စိုးရိမ္ရျခင္းမ်ားေၾကာင့္ တာဝန္ ရိွသူမ်ားက အေရးယူေဆာင္ရြက္ေပးရန္ မယ္ေခါင္ရပ္ကြက္လူထု ထက္ဝက္ေက်ာ္က လက္မွတ္ေရးထုိးၿပီး ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ (၁၀) ရက္ေန႔၌ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ တင္ျပခဲ့ၾကျခင္း ျဖစ္သည္။

ယင္းသို႔ တင္ျပၿပီးေနာက္ ရပ္ကြက္အတြင္း ေလာင္းကစားဂိမ္းခံုမ်ား ဖြင့္လွစ္ျခင္း မရိွေစရန္ ေစာင့္ၾကည့္ သတင္းေပးေရး အတြက္ တာခ်ီလိတ္ၿမိဳ႕နယ္ အတြင္းရိွ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴးမ်ားကို ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနက ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလအတြင္း လက္မွတ္ထိုးထားေစခဲ့ျခင္း ျဖစ္သည္။

ရပ္ကြက္အတြင္း ေလာင္းကစားဂိမ္းခံုမ်ား ျပန္လည္ဖြင့္လွစ္ျခင္းမရိွေစေရးအတြက္ မယ္ေခါင္ရပ္ကြက္ အုပ္ခ်ဳပ္ေရးအဖြဲ႕က ကိုယ္ထူကိုယ္ထကင္းလွည့္ျခင္းမ်ားကို ေဆာင္ရြက္လာရာ ရပ္ကြက္လူထုအေနျဖင့္ ရဲတပ္ဖြဲ႕ႏွင့္ ပူးေပါင္းေဆာင္ရြက္ရန္ကိုလည္း ၿမိဳ႕နယ္စီမံခန္႔ခြဲေရးေကာ္မတီက တိုက္တြန္းထားေၾကာင္း သိရသည္။

“ရပ္ကြက္ေတြမွာ လွည့္ကင္းေဆာင္ရြက္မယ္ဆိုရင္ ရဲကိုေခၚပါ။ တစ္ခုခုရိွလို႔ ခ်က္ခ်င္းဖမ္းရမယ္ဆုိရင္ အရပ္သားအခ်င္းခ်င္း ဖမ္းတာက်ေတာ့ လုပ္ထံုးလုပ္နည္းနဲ႔အညီျဖစ္ေအာင္လည္း လိုပါတယ္”ဟု တာခ်ီလိတ္ခရို္င္ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီးေပၚထြန္းက ဆိုသည္။

လက္ရိွက်င့္သံုးေနသည့္ ၁၉၆၈ ခုႏွစ္ ေလာင္းကစားဥပေဒအရ ေလာင္းကစားဝိုင္းမ်ားဖြင့္လွစ္ျခင္းကို ခြင့္ျပဳထားျခင္း မရိွေသာ္လည္း ကန္႔သတ္ ဧရိယာမ်ားတြင္ တည္ရွိသည့္ ဟိုတယ္မ်ား၌ နိုင္ငံျခားသားမ်ား အတြက္ ကာစီႏိုလုပ္ငန္းကို ျပည္ေထာင္စုအစိုးရအဖြဲ႔၏ သေဘာတူညီခ်က္နွင့္ အညီ၊ ျပည္ထဲေရး ၀န္ႀကီးဌာန၏ စည္းမ်ဥ္းစည္းကမ္း အရ ဟိုတယ္နွင့္ခရီးသြားလာေရး၀န္ႀကီးဌာနက ခြင့္ျပဳေပးႏိုင္ေၾကာင္း ၂၀၁၃ ခုနွစ္ ျမန္မာနိုင္ငံရင္းနွီးျမဳပ္နွံမႈေကာ္မရွင္၏ အမိန္႔ေၾကာ္ျငာစာအရ သိရသည္။

ေလာင္းကစားရံု(ကာစီႏို) တရားဝင္ဖြင့္လွစ္ခြင့္ပါဝင္မည့္ ၂၀၁၈ ခုႏွစ္ ေလာင္းကစားဥပေဒမူၾကမ္းကို လႊတ္ေတာ္တြင္ ေနာက္ဆံုးအေနျဖင့္ ၂၀၁၈ခုႏွစ္ ႏို၀င္ဘာလ(၁၆)ရက္ေန႔ကလည္း ေဆြးေႏြးထားလ်က္ ျဖစ္ၿပီး အတည္ျပဳသြားႏိုင္ရန္ ေဆာင္ရြက္ေနဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
 


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လောင်းကစားဝိုင်းများအား ရဲတပ်ဖွဲ့ အနဖြေင့် စုံစမ်းဖမ်းဆီးရန် ညွှန်ကြားထားကြောင်း သိရသည်။

"မြို့နယ်မှူး၊ မြို့မစခန်းမှူး အားလုံးကို ပြောထားပြီးသား။ တာဝန်ယူမှု တာဝန်ခံမှု အဆင့် ဆင့် ရှိတယ်ဆိုတော့ အားလုံးကိုလည်း အသိပေးထားပြီး ဖြစ်တယ်။ လောင်းကစားနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှလည်း ခွင့်ပြုထားတာ မရှိဘူး။ အခုလည်း ခွင့်မပြုဘူး။ ဘယ်သူပဲလုပ်လုပ်၊ ဘယ်သူပဲဖွင့်နေ နေ လုပ်တယ်ဆိုတာ သိတာနဲ့ သတင်းရတာနဲ့ ချက်ချင်းသွား၊ ချက်ချင်းဖမ်းမယ်” ဟု တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နယ်စပ်မြို့ တာချီလိတ်တွင် ရပ်ကွက်များအတွင်းထိပါ လောင်းကစားဂိမ်းခုံများ အများအပြား ဖွင့်လှစ်လာခဲ့ပြီး အဆိုပါ ဂိမ်းခုံများသည် မူးယစ်ဆေးရောင်းချ၊ သုံးစွဲရာနေရာများဖြစ်လာသဖြင့် လူငယ်များ အတွက် စိုးရိမ်ရခြင်း၊ ရပ်ကွက်တွင်း လုံခြုံရေးအတွက် စိုးရိမ်ရခြင်းများကြောင့် တာဝန် ရှိသူများက အရေးယူဆောင်ရွက်ပေးရန် မယ်ခေါင်ရပ်ကွက်လူထု ထက်ဝက်ကျော်က လက်မှတ်ရေးထိုးပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁၀) ရက်နေ့၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ တင်ပြပြီးနောက် ရပ်ကွက်အတွင်း လောင်းကစားဂိမ်းခုံများ ဖွင့်လှစ်ခြင်း မရှိစေရန် စောင့်ကြည့် သတင်းပေးရေး အတွက် တာချီလိတ်မြို့နယ် အတွင်းရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း လက်မှတ်ထိုးထားစေခဲ့ခြင်း ဖြစ်သည်။

ရပ်ကွက်အတွင်း လောင်းကစားဂိမ်းခုံများ ပြန်လည်ဖွင့်လှစ်ခြင်းမရှိစေရေးအတွက် မယ်ခေါင်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့က ကိုယ်ထူကိုယ်ထကင်းလှည့်ခြင်းများကို ဆောင်ရွက်လာရာ ရပ်ကွက်လူထုအနဖြေင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန်ကိုလည်း မြို့နယ်စီမံခန့်ခွဲရေးကော်မတီက တိုက်တွန်းထားကြောင်း သိရသည်။

“ရပ်ကွက်တွေမှာ လှည့်ကင်းဆောင်ရွက်မယ်ဆိုရင် ရဲကိုခေါ်ပါ။ တစ်ခုခုရှိလို့ ချက်ချင်းဖမ်းရမယ်ဆိုရင် အရပ်သားအချင်းချင်း ဖမ်းတာကျတော့ လုပ်ထုံးလုပ်နည်းနဲ့အညီဖြစ်အောင်လည်း လိုပါတယ်”ဟု တာချီလိတ်ခရို်င်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးပေါ်ထွန်းက ဆိုသည်။

လက်ရှိကျင့်သုံးနေသည့် ၁၉၆၈ ခုနှစ် လောင်းကစားဥပဒေအရ လောင်းကစားဝိုင်းများဖွင့်လှစ်ခြင်းကို ခွင့်ပြုထားခြင်း မရှိသော်လည်း ကန့်သတ် ဧရိယာများတွင် တည်ရှိသည့် ဟိုတယ်များ၌ နိုင်ငံခြားသားများ အတွက် ကာစီနိုလုပ်ငန်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်နှင့် အညီ၊ ပြည်ထဲရေး ဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်း အရ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ခွင့်ပြုပေးနိုင်ကြောင်း ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ အမိန့်ကြော်ငြာစာအရ သိရသည်။

လောင်းကစားရုံ(ကာစီနို) တရားဝင်ဖွင့်လှစ်ခွင့်ပါဝင်မည့် ၂၀၁၈ ခုနှစ် လောင်းကစားဥပဒေမူကြမ်းကို လွှတ်တော်တွင် နောက်ဆုံးအနဖြေင့် ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၁၆)ရက်နေ့ကလည်း ဆွေးနွေးထားလျက် ဖြစ်ပြီး အတည်ပြုသွားနိုင်ရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~