တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ဖွင့်ပွဲနေ့တွင် တပ်မတော်ထောက်ခံပွဲကျင်းပမည့် ကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်လက်မှတ်ထိုးသည့်အဖွဲ့ (၁၉)ဖွဲ့ရှိနေပြီး ကန့်ကွက်လက်မှတ်များ ဆက်လက် ပေးပို့နေ
တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ဖွင့်ပွဲနေ့တွင် တပ်မတော်ထောက်ခံပွဲကျင်းပမည့် ကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်လက်မှတ်ထိုးသည့်အဖွဲ့ (၁၉)ဖွဲ့ရှိနေပြီး ကန့်ကွက်လက်မှတ်များ ဆက်လက် ပေးပို့နေ
နိုဝငျဘာ 11, 2018
By Tachileik News Agency
တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲနေ့ဖြစ်သည့် နိုဝင်ဘာလ(၁၁)ရက်နေ့တွင် အမျိုးသား လုံခြုံရေးလူမှုကွန်ယက်ဗဟိုအဖွဲ့က တပ်မတော်ထောက်ခံပွဲ အဖြစ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးအတိုင်း ချီတက်ကာ ပြည်နယ်အားကစားကွင်းတွင် ဟောပြောပွဲပြုလုပ်မည်ဟုဆိုကာ ဖိတ်စာများ လိုက်လံ ဝေငှနေခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သည် ဘာသာရေးပွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြားမှ လာရောက်သူများ၊ နိုင်ငံတကာ ခရီးသွားဧည့်သည်များဖြင့် အထူးစည်ကားလေ့ရှိရာ ပွဲတော်ကာလ လုံခြုံရေးအတွက် သက်တိုင်ရာတာဝန်ရှိသူများ အနေဖြင့် အထူးအလေးပေး ဆောင်ရွက်နေရချိန်တွင် ယင်းကဲ့သို့ လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖေါ်ခြင်းအား ခွင့်ပြုခြင်းဖြင့် အများပြည်သူ အနှောင့်အယှက် ဖြစ်စေနိုင်သဖြင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း ကန့်ကွက်စာတွင် ဖေါ်ပြထားသည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ဖွင့်ပွဲနေ့ဖြစ်သည့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်နေ့တွင် တပ်မတော်ထောက်ခံပွဲ ပြုလုပ်ခွင့်ပြုထားခြင်းအား တောင်ကြီးမြို့ဒေသခံများနှင့် နိုင်ငံရေး အဖွဲ့အစည်းများက ကန့်ကွက် လက်မှတ်ရေးထိုးပြီး ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြနေလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့တွင် (၁၉)ဖွဲ့ လက်မှတ်ရေးထိုးထားကြောင်း သိရသည်။
တောင်ကြီးမြို့ တန်ဆောင်မီးပုံးပျံတိုင်ပွဲတော်ကာလတွင် ပြည်တွင်း၊ ပြည်ပ ဧည့်သည်များဖြင့် စည်ကားသည့် အချိန်တွင် ယင်းကဲ့သို့ လူစုလူဝေးဖြင့် စီတန်း လှည့်လည်ပွဲအား ခွင့်ပြုခြင်းကြောင့် ဒေသတွင်း မလိုလား အပ်သည့် ပြဿနာများ ဖြစ်ပွားမည်ကို စိုးရိမ်သည့် တောင်ကြီးမြို့ဒေသခံများနှင့် နိုင်ငံရေးအဖွဲ့အစည်းများက ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးပြီး ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြထားခြင်း ဖြစ်ကြောင်း သိရသည်။
"လက်ရှိအချိန်ထိ ကန့်ကွက်တာ (၁၉)ဖွဲ့ရှိနပြေီ။ အခုချိန်ထိ လက်မှတ်ထိုးကန့်ကွက်တာတွေ ပို့နကြေတုန်းပဲ။ ဒေသခံတွေကလည်း လက်မှတ်ထိုးချင်တယ် ဆိုပေမဲ့ အချိန်ကလည်းမရှိ၊ ချက်ချင်း လုပ်ရတာဆိုတော့ လက်မှတ် မကောက်နိုင်တော့ဘူး။ တနင်္လာနေ့အထိ လက်မှတ်ထိုးရ သလောက်ကိုတော့ ထပ်ပို့သွားဖို့ရှိတယ်။ ကန့်ကွက်စာ တင်တုန်းကတော့ ကျွန်တော်လက်မှတ်ရေးထိုးပြီး နိုဝင်ဘာလ(၉)ရက်နေ့က တင်ထားတယ်”ဟု ရှမ်းပြည်နယ်နိုင်ငံရေးအဖွဲ့မှ ဦးတင်မောင်တိုးက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။
တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲနေ့ဖြစ်သည့် နိုဝင်ဘာလ(၁၁)ရက်နေ့တွင် အမျိုးသား လုံခြုံရေးလူမှုကွန်ယက်ဗဟိုအဖွဲ့က တပ်မတော်ထောက်ခံပွဲ အဖြစ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးအတိုင်း ချီတက်ကာ ပြည်နယ်အားကစားကွင်းတွင် ဟောပြောပွဲပြုလုပ်မည်ဟုဆိုကာ ဖိတ်စာများ လိုက်လံ ဝေငှနခြေင်းဖြစ်ကြောင်း သိရသည်။
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သည် ဘာသာရေးပွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြားမှ လာရောက်သူများ၊ နိုင်ငံတကာ ခရီးသွားဧည့်သည်များဖြင့် အထူးစည်ကားလေ့ရှိရာ ပွဲတော်ကာလ လုံခြုံရေးအတွက် သက်တိုင်ရာတာဝန်ရှိသူများ အနဖြေင့် အထူးအလေးပေး ဆောင်ရွက်နေရချိန်တွင် ယင်းကဲ့သို့ လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်ခြင်းအား ခွင့်ပြုခြင်းဖြင့် အများပြည်သူ အနှောင့်အယှက် ဖြစ်စေနိုင်သဖြင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း ကန့်ကွက်စာတွင် ဖော်ပြထားသည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~