တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ ထီးေတာ္တင္လွဴျခင္းအထိမ္းအမွတ္ အႀကိမ္ (၂၀)ေျမာက္ စုေပါင္းဆြမ္းဆန္စိမ္းေလာင္းလွဴ

တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ ထီးေတာ္တင္လွဴျခင္းအထိမ္းအမွတ္ အႀကိမ္ (၂၀)ေျမာက္ စုေပါင္းဆြမ္းဆန္စိမ္းေလာင္းလွဴ
နိုဝင်ဘာ 20, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ ထီးေတာ္တင္လွဴျခင္း အထိမ္းအမွတ္ အႀကိမ္(၂၀)ေျမာက္ စုေပါင္းဆြမ္းဆန္စိမ္းေလာင္းလွဴပြဲအား ၂၀၁၈ ခုႏွစ္ ႏို၀င္ဘာလ(၂၀)ရက္ေန႔ နံနက္ပိုင္းက က်င္းပရာ ဌာနဆုိင္ရာမ်ား၊ အရပ္ဖက္အဖြဲ႕အစည္းမ်ား၊ အလွဴရွင္မ်ား စုေပါင္းလွဴဒါန္းေနၾကျခင္းျဖစ္သည္။

အဆိုပါ ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲတြင္ သံဃာေတာ္ႏွင့္ သီလရွင္ စုစုေပါင္း အပါး (၃၅၀) ေက်ာ္တို႔ ၾကြေရာက္အလွဴခံၾကၿပီး ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲ မစတင္မီ နံနက္ (၅)နာရီခြဲ၀န္းက်င္၌ ေဒသအုပ္ခ်ဳပ္ေရးဆိုင္ရာ အႀကီးအကဲမ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ားႏွင့္ အလွဴရွင္မ်ားက ဆရာေတာ္ႀကီး (၉)ပါးထံမွ တရားနာယူၿပီး ေရစက္သြန္းခ်လွဴဒါန္းၾကသည္။

တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္အား ၁၉၉၅ခုႏွစ္ ႏို၀င္ဘာ(၂)ရက္ေန႔က စတင္ ပႏၷက္တင္က တည္ထားခဲ့တာျဖစ္ၿပီး ေရႊထီးေတာ္တင္မဂၤလာႏွင့္ ဗုဒၶဘိေသကအေနကဇာတင္ပြဲကို ၁၉၉၈ခုႏွစ္ ႏို၀င္ဘာ(၁)ရက္ေန႔က က်င္းပျပဳလုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု - ခ်ယ္ရီထိုက္ ၊ ဆန္းၿဖဳိးထြန္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ တာချီလိတ်ရွှေတိဂုံစေတီတော် ထီးတော်တင်လှူခြင်း အထိမ်းအမှတ် အကြိမ်(၂၀)မြောက် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်ပိုင်းက ကျင်းပရာ ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်များ စုပေါင်းလှူဒါန်းနကြခြေင်းဖြစ်သည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် သံဃာတော်နှင့် သီလရှင် စုစုပေါင်း အပါး (၃၅၀) ကျော်တို့ ကြွရောက်အလှူခံကြပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မစတင်မီ နံနက် (၅)နာရီခွဲဝန်းကျင်၌ ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များက ဆရာတော်ကြီး (၉)ပါးထံမှ တရားနာယူပြီး ရေစက်သွန်းချလှူဒါန်းကြသည်။

တာချီလိတ်ရွှေတိဂုံစေတီတော်အား ၁၉၉၅ခုနှစ် နိုဝင်ဘာ(၂)ရက်နေ့က စတင် ပန္နက်တင်က တည်ထားခဲ့တာဖြစ်ပြီး ရွှေထီးတော်တင်မင်္ဂလာနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲကို ၁၉၉၈ခုနှစ် နိုဝင်ဘာ(၁)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ချယ်ရီထိုက်၊ ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~