တာချီလိတ်ရွှေတိဂုံစေတီတော်တွင် ပြုလုပ်မည့် စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ သံဃာတော်နှင့်သီလရှင် အပါး (၃၅၀)ကျော် ကြွရောက်မည်ဖြစ်၍ ပြင်ဆင်မှုများ ပြုလုပ်နေ

တာချီလိတ်ရွှေတိဂုံစေတီတော်တွင် ပြုလုပ်မည့် စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ သံဃာတော်နှင့်သီလရှင် အပါး (၃၅၀)ကျော် ကြွရောက်မည်ဖြစ်၍ ပြင်ဆင်မှုများ ပြုလုပ်နေ
နိုဝငျဘာ 19, 2018
By Tachileik News Agency


တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော တို့ ပါဝင်သည့် သက်ဆိုင်ရာ ဌာနများ နှင့် လူမှုရေးအသင်းအဖွဲ့များက တာချီလိတ်ရွှေတိဂုံ စေတီတော်ရင်ပြင်တွင် စုပေါင်းဆွမ်းဆန်းစိမ်းလောင်းလှူပွဲအတွက် ပြင်ဆင်မှုများကို စုပေါင်း ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့  သံဃာတော် နှင့် သီလရှင် စုစုပေါင်း အပါး (၃၅၀) ကျော်တို့ အား တာချီလိတ်မြို့နယ်လုံးရှိ စေတနာရှင် အလှူရှင်များက  ဆွမ်းဆန်စိမ်း လောင်းလှူကြမည်ဖြစ်ရာ စေတနာရှင် အလှူရှင်များအနေဖြင့် လာရောက် လောင်းလှူနိုင်ကြောင်း သိရသည်။


Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ရွှေတိဂုံစေတီတော် ထီးတော်တင်လှူခြင်း အထိမ်းအမှတ် အကြိမ်(၂၀)မြောက် စုပေါင်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲအား ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး အလှူရှင်များ စုပေါင်း ပါဝင် လောင်းလှူနိုင်ရန် အတွက် နိုဝင်ဘာလ(၁၉)ရက်နေ့ ညနေပိုင်းတွင် ပြင်ဆင်နေလျက်ရှိသည်ကို တွေ့ရသည်။

တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော တို့ ပါဝင်သည့် သက်ဆိုင်ရာ ဌာနများ နှင့် လူမှုရေးအသင်းအဖွဲ့များက တာချီလိတ်ရွှေတိဂုံ စေတီတော်ရင်ပြင်တွင် စုပေါင်းဆွမ်းဆန်းစိမ်းလောင်းလှူပွဲအတွက် ပြင်ဆင်မှုများကို စုပေါင်း ဆောင်ရွက်နကြခြေင်း ဖြစ်သည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ သံဃာတော် နှင့် သီလရှင် စုစုပေါင်း အပါး (၃၅၀) ကျော်တို့ အား တာချီလိတ်မြို့နယ်လုံးရှိ စေတနာရှင် အလှူရှင်များက ဆွမ်းဆန်စိမ်း လောင်းလှူကြမည်ဖြစ်ရာ စေတနာရှင် အလှူရှင်များအနဖြေင့် လာရောက် လောင်းလှူနိုင်ကြောင်း သိရသည်။

ဆွမ်းလောင်းလှူပွဲ မစတင်မီ နံနက် (၅)နာရီခွဲ ဝန်းကျင်တွင် နဂါးနှစ်ကောင်ဆရာတော် အပါအဝင် ဆရာတော်ကြီး (၉) ပါးထံမှ ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများ နှင့် တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် အလှူရှင်များမှ ရေစက်သွန်းချ တရားတော် နာယူပြီးနောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ပြုလုပ်သွားမှာ ဖြစ်သည့်အတွက် တာချီလိတ်မြို့ရှိ ပြည်သူများမှ ပါဝင်ကုသိုလ်ယူ လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~