ကခ်င္ျပည္နယ္ ဖုန္ကန္ရာဇီေရခဲေတာင္ေဒသတြင္ ေဒသခံမ်ားျဖင့္ ဖြဲ႕ထားသည့္အဖြဲ႕က စြန္႔ပစ္အမႈိက္မ်ား ရွင္းလင္းျခင္းကို ႏို၀င္ဘာလ(၂၀)ရက္ေန႔တြင္ စတင္မည္

ကခ်င္ျပည္နယ္ ဖုန္ကန္ရာဇီေရခဲေတာင္ေဒသတြင္ ေဒသခံမ်ားျဖင့္ ဖြဲ႕ထားသည့္အဖြဲ႕က စြန္႔ပစ္အမႈိက္မ်ား ရွင္းလင္းျခင္းကို ႏို၀င္ဘာလ(၂၀)ရက္ေန႔တြင္ စတင္မည္
နိုဝင်ဘာ 10, 2018
By Tachileik News Agency

ကခ်င္ျပည္နယ္ ပူတာအိုခရိုင္အတြင္းရွိ ဖုန္ကန္ရာဇီ ႏွင့္ ေရခဲေတာင္ေဒသတြင္ လူဦးေရ (၁၀၀)နီးပါးျဖင့္ (၉)ရက္ၾကာခရီး သြားေရာက္ၿပီး ပလတ္စတစ္ႏွင့္ စြန္႔ပစ္အမိႈက္မ်ား ကင္းစင္ေရးလုပ္ေဆာင္မည့္ စိမ္းလန္းဖုန္ကန္အဖြဲ႕၏ ခရီးစဥ္ကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၀)ရက္ေန႔တြင္ စတင္မည္ျဖစ္ေၾကာင္း သိရသည္။

စိမ္းလန္းဖုန္ကန္အဖြဲ႕ဝင္ (၅၀) ဦးခန္႔ႏွင့္ လုိက္ပါ ပို႔ေဆာင္မည့္ အထမ္းအဖြဲ႕ (၅၀) ဦးခန္႔ စုစုေပါင္း လူဦးေရ (၁၀၀) နီးပါးျဖင့္ ၂၀၁၈ ခုႏွစ္ ႏုိဝင္ဘာလ (၂၀)ရက္ေန႔မွ စတင္ကာ ဖုန္ကန္ရာဇီ ေရခဲေတာင္လမ္း တစ္ေလွ်ာက္ စြန္႔ပစ္ထားသည့္ အမိႈက္မ်ားကို (၈)ညအိပ္ (၉)ရက္ခရီးျဖင့္ ရွင္းလင္းမည္ျဖစ္ရာ လုိက္ပါလိုသည့္ မီဒီယာမ်ားရိွပါက  09260992016 သို႔ ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။

စိမ္းလန္းဖုန္ကန္ေရခဲေတာင္ေဒသ သာယာလွပေရးအဖြဲ႕ကို ေဒသခံမ်ား၊ ဟုိတယ္ခရီးသြားလုပ္ငန္းရွင္မ်ား၊ ေဒသခံ တုိင္းရင္းသားမ်ား၊ တုိင္းရင္းသားယဥ္ေက်းမႈအဖြဲ႕မ်ား၊ ဌာနဆုိင္ရာမ်ား၊ ရပ္မိရပ္ဖမ်ားျဖင့္ ဖြဲ႕စည္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေရခဲေတာင္ေဒသသည္ ျမန္မာႏုိင္ငံ၏ ေရခ်ိဳအရင္းအျမစ္မ်ား စတင္ရာ ေနရာျဖစ္ၿပီး ယခုေနာက္ပိုင္းတြင္ လာေရာက္ လည္ပတ္သူမ်ားလာရာ ေနာက္ဆက္တြဲ အျဖစ္ ပလပ္စတစ္ႏွင့္ စြန္႔ပစ္အမႈိက္မ်ားေၾကာင့္ သဘာ၀ပတ္၀န္းက်င္ ညစ္ညမ္းပ်က္စီးျခင္း ၊ အင္းဆက္ပုိးမြားမ်ားႏွင့္ ေတာရုိင္းတိရိစာၦန္မ်ား မ်ိဳးသုန္းလာျခင္း၊ သဘာ၀ေျမဆီလႊာပ်က္ဆီးျခင္း၊ သစ္ပင္ပန္းမာန္မ်ားႏွင့္ ေဆးဖက္၀င္အပင္မ်ား ထိခုိက္ပ်က္စီးျခင္း၊ ရာသီဥတုေျပာင္းလဲလာျခင္းမ်ားႏွင္႔ ေရခ်ိဳအရင္းအျမစ္ကုိပါ ထိခုိက္ ပ်က္စီးလာႏိုင္ေစျခင္းမ်ားေၾကာင့္ ယခုကဲ့သို႔ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ေဒသခံမ်ား အတြက္ ေရခဲေတာင္ေဒသ ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးရန္ လိုအပ္သကဲ့သို႔ ခရီးသြားလုပ္ငန္း၏ ေနာက္ဆက္တြဲျဖစ္လာမည့္ စြန္႔ပစ္အမိႈက္မ်ားေၾကာင့္ ေရခဲေတာင္ေဒသ မပ်က္စီးေစရန္အတြက္ ႀကိဳတင္ ကာကြယ္မႈမ်ား ဝိုင္းဝန္းလုပ္ေဆာင္ၾကရန္အတြက္ ေဒသခံမ်ားႏွင္႔ ခရီးသြားလုပ္ငန္းရွင္မ်ား၊ သဘာပတ္၀န္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႔မ်ား ပူးေပါင္းၿပီး စိမ္းလန္းဖုန္ကန္အသင္းကို ဖြဲ႕စည္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Moe Min Thein Putao



~~~~~~~~⊰❂ unicode ~~~~~~~~

ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ ဖုန်ကန်ရာဇီ နှင့် ရေခဲတောင်ဒေသတွင် လူဦးရေ (၁၀၀)နီးပါးဖြင့် (၉)ရက်ကြာခရီး သွားရောက်ပြီး ပလတ်စတစ်နှင့် စွန့်ပစ်အမှိုက်များ ကင်းစင်ရေးလုပ်ဆောင်မည့် စိမ်းလန်းဖုန်ကန်အဖွဲ့၏ ခရီးစဉ်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

စိမ်းလန်းဖုန်ကန်အဖွဲ့ဝင် (၅၀) ဦးခန့်နှင့် လိုက်ပါ ပို့ဆောင်မည့် အထမ်းအဖွဲ့ (၅၀) ဦးခန့် စုစုပေါင်း လူဦးရေ (၁၀၀) နီးပါးဖြင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၂၀)ရက်နေ့မှ စတင်ကာ ဖုန်ကန်ရာဇီ ရေခဲတောင်လမ်း တစ်လျှောက် စွန့်ပစ်ထားသည့် အမှိုက်များကို (၈)ညအိပ် (၉)ရက်ခရီးဖြင့် ရှင်းလင်းမည်ဖြစ်ရာ လိုက်ပါလိုသည့် မီဒီယာများရှိပါက 09260992016 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

စိမ်းလန်းဖုန်ကန်ရေခဲတောင်ဒေသ သာယာလှပရေးအဖွဲ့ကို ဒေသခံများ၊ ဟိုတယ်ခရီးသွားလုပ်ငန်းရှင်များ၊ ဒေသခံ တိုင်းရင်းသားများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေခဲတောင်ဒေသသည် မြန်မာနိုင်ငံ၏ ရေချိုအရင်းအမြစ်များ စတင်ရာ နေရာဖြစ်ပြီး ယခုနောက်ပိုင်းတွင် လာရောက် လည်ပတ်သူများလာရာ နောက်ဆက်တွဲ အဖြစ် ပလပ်စတစ်နှင့် စွန့်ပစ်အမှိုက်များကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းပျက်စီးခြင်း၊ အင်းဆက်ပိုးမွားများနှင့် တောရိုင်းတိရိစာ္ဆန်များ မျိုးသုန်းလာခြင်း၊ သဘာဝမြေဆီလွှာပျက်ဆီးခြင်း၊ သစ်ပင်ပန်းမာန်များနှင့် ဆေးဖက်ဝင်အပင်များ ထိခိုက်ပျက်စီးခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်းများနှင့် ရေချိုအရင်းအမြစ်ကိုပါ ထိခိုက် ပျက်စီးလာနိုင်စခြေင်းများကြောင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဒေသခံများ အတွက် ရေခဲတောင်ဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန် လိုအပ်သကဲ့သို့ ခရီးသွားလုပ်ငန်း၏ နောက်ဆက်တွဲဖြစ်လာမည့် စွန့်ပစ်အမှိုက်များကြောင့် ရေခဲတောင်ဒေသ မပျက်စီးစေရန်အတွက် ကြိုတင် ကာကွယ်မှုများ ဝိုင်းဝန်းလုပ်ဆောင်ကြရန်အတွက် ဒေသခံများနှင့် ခရီးသွားလုပ်ငန်းရှင်များ၊ သဘာပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များ ပူးပေါင်းပြီး စိမ်းလန်းဖုန်ကန်အသင်းကို ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Moe Min Thein Putao 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~