ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕ (၄)ဖြဲ႕ ခ်င္းမုိင္တြင္ အလြတ္သေဘာေတြ႔ဆံု ေဆြးေႏြး

ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕ (၄)ဖြဲ႕ ခ်င္းမုိင္တြင္ အလြတ္သေဘာေတြ႔ဆံု ေဆြးေႏြး
နိုဝင်ဘာ 19, 2018
By Tachileik News Agency
ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း (၄)ဖြဲ႕တို႔၏ (၃)ရက္တာ အလြတ္သေဘာ ေတြ႔ဆံုေဆြးေႏြးမႈကို ထုိင္းႏုိင္ငံ ခ်င္းမုိင္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၁၆)ရက္ေန႔မွ (၁၈)ရက္ေန႔အထိ က်င္းပခဲ့ေၾကာင္း သိရသည္။

"သုံးရက္တာ အလြတ္သေဘာ ေတြ႕ဆုံေဆြးေႏြးမႈက ကၽြန္ေတာ္တို႔ ညီလာခံၿပီးတဲ့ေနာက္ပိုင္းမွာ NCA လက္မွတ္ထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းအခ်ိဳ႕က တရားဝင္ေဆြးေႏြးမႈေတြ ေခတၱ ဆိုင္းငံ့ထားမယ္ဆိုတာေၾကာင့္ အလြတ္သေဘာ လာေရာက္ေတြ႕ဆုံေဆြးေႏြးတာပါ။ တရားဝင္ ေတြ႕ဆုံ ေဆြးေႏြးမႈေတြ ျပန္စႏိုင္ဖို႔ေပါ့။ ကၽြန္ေတာ္တို႔ RCSS ေရာ၊ KNU ေရာႏွစ္ဖြဲ႕စလုံးနဲ႔ ေတြ႕ပါတယ္။ ေတြ႕တဲ့ အခ်ိန္မွာ သူတို႔စိုးရိမ္မႈေတြအေပၚ ကၽြန္ေတာ္တို႔ဘက္က ရွင္းျပတယ္။ ဒီအတြက္သူတို႔ဘက္ကလည္း ထိုက္သင့္တဲ့ နားလည္မႈရွိတယ္။ ေနာက္ NCA လက္မွတ္မထိုးထားတဲ့ အဖြဲ႕ႏွစ္ဖြဲ႕ျဖစ္တဲ့ KNPP၊ KIO အဖြဲ႕ေတြနဲ႔လည္းေတြ႕တယ္။ KNPP နဲ႔က ယုံၾကည္မႈတည္ေဆာက္တဲ့ေနရာမွာ ေအာက္ေျခမွာ ရွိေနသူအခ်ိဳ႕ ေဆာင္႐ြက္ခ်က္ေၾကာင့္ လိုအပ္မႈရွိတာေတြ ေဆြးေႏြးျဖစ္တယ္။ NCA လက္မွတ္ ေရးထိုးႏိုင္ေရး အတြက္ ညိႇႏႈိင္းစရာအခ်က္ မက်န္ေတာ့ဘူး။ လက္မွတ္ေရးထိုးဖို႔စဥ္းစားဆုံးျဖတ္ဖို႔ က်န္ေနတာပဲ ရွိေနတဲ့အခ်ိန္မွာ ကၽြန္ေတာ္တို႔ကိုယ္စားလွယ္အဖြဲ႕ရဲ႕ ရွင္းျပမႈေၾကာင့္ NCA စာခ်ဳပ္ကို ျမန္ျမန္လက္မွတ္ေရးထိုးႏိုင္မယ္လို႔ ေမၽွာ္လင့္ပါတယ္။ KIO ကေတာ့ ေဆြးေႏြးတဲ့ပုံစံထက္ သူတို႔ ဘက္ကရွိတဲ့ သေဘာထားကို လာရွင္းျပတဲ့သေဘာပါ” ဟု အလြတ္သေဘာ ေတြ႕ဆုံေဆြးေႏြးခဲ့သည့္ အေျခအေနႏွင့္ ပတ္သက္၍ UPDJC အတြင္းေရးမႉးအဖြဲ႕ဝင္ ဦးလွေမာင္ေ႐ႊက ေျပာသည္။

NCA လက္မွတ္ေရးထိုးျခင္း (၃) ႏွစ္ျပည့္အျဖစ္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၁၅) ရက္ေန႔က NCA လက္မွတ္ေရးထိုးထားသည့္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔မ်ား၊ အစိုးရ၊ တပ္မေတာ္ႏွင့္ လႊတ္ေတာ္ အဖြဲ႔အစည္းတို႔ ေနျပည္ေတာ္တြင္ အလြတ္သေဘာေတြ႔ဆုံေဆြးေႏြးၾကၿပီးေနာက္ KNU က ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားတြင္ တရားဝင္ ပါဝင္ျခင္းအား ရပ္ဆုိင္းထားမည္ျဖစ္ေၾကာင္းႏွင့္  RCSS ကလည္း  ျပည္နယ္ ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ခိုက္မွဳ ရပ္စဲေရးသေဘာ တူညီခ်က္မ်ားႏွင့္ ပတ္သက္၍ တပ္မေတာ္ႏွင့္ သီးသန္႔ျပန္လည္ေဆြးေႏြး ညိႇႏိႈင္းမည္ဟု ႏိုဝင္ဘာလအတြင္း ထုတ္ျပန္ထားၾကျခင္းျဖစ္သည္။

ၿငိမ္းခ်မ္းေရး ေကာ္မရွင္ႏွင့္ NCA စာခ်ဳပ္ လက္မွတ္ေရးထိုးထားသည့္ KNU ႏွင့္ RCSS၊ NCA စာခ်ဳပ္ လက္မွတ္မထိုးရေသးသည့္ KNPP ႏွင့္ KIO တို႔ အလြတ္သေဘာေတြ႔ဆံုေဆြးေႏြးၾကျခင္းျဖစ္ေၾကာင္း သိရသည္။

"ႏွစ္ဖက္စလုံးရဲ႕ သေဘာထားေတြက အခုသြားေနတဲ့ NCAလမ္းေၾကာင္းကေန မေသြဖည္ဘူးဆိုတာ ႏွစ္ဖက္စလုံးရဲ႕ သေဘာထားကခိုင္ခိုင္မာမာရွိတယ္။ ဒီလမ္းေၾကာင္းမွာ ျဖစ္ေနတဲ့ အခက္အခဲေတြ ေဆြးေႏြးတယ္။ (၁) NCAကိုတန္ဖိုးထားတယ္။ အေလးထားတယ္။ ႏွစ္ဦး ႏွစ္ဖက္စလုံး ဒါကို မေပ်ာက္ပ်က္ေစခ်င္ဘူး။ (၂)သူ႔ဘက္ကိုယ့္ဘက္ သက္ဆိုင္ရာ ေခါင္းေဆာင္ေတြကို ကၽြန္ေတာ္တို႔ရဲ႕ ေဆြးေႏြးမႈ အေျခအေနကို ျပန္တင္ျပၿပီးရင္ အျမန္ဆုံးျပန္ေတြ႕ပါမယ္။ (၃) ခဏရပ္ဆိုင္းသြားတဲ့ အေနအထားကေန ပုံမွန္အတိုင္းျဖစ္ဖို႔ အျမန္ဆုံး ႀကိဳးစားမယ္။ ႏွစ္လသုံးလ အတြင္းလည္း ျဖစ္သြားႏိုင္တယ္။ ဒီထက္ျမန္ေအာင္လည္း ႀကိဳးပမ္းသြားမယ္”ဟု KNU ႏွင့္ ေတြ႕ဆုံေဆြးေႏြးမႈမ်ားႏွင့္ ပတ္သက္၍ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးေဇာ္ေဌးက ေျပာသည္။

NCA လက္မွတ္ေရးထိုးထားသည့္ RCSS ႏွင့္အလြတ္သေဘာေဆြးေႏြးရာတြင္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး ဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ(JMC)ကိစၥရပ္မ်ားကိုေဆြးေႏြးခဲ့ကာ KNUႏွင့္ တရားဝင္ အစည္းအေဝးမ်ား ျပန္လည္စတင္ႏိုင္ေရးတို႔ကို ေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“KNU အေနနဲ႔ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းလမ္းနဲ႔ အေျဖရွာသြားမယ္လို႔ ေတာက္ေလၽွာက္ ေျပာထားတယ္။ NCA ကေနျဖစ္လာတဲ့ ႏိုင္ငံေရးေဆြးေႏြးပြဲ လမ္းေၾကာင္းဆိုတာ ႏိုင္ငံေရးေဆြးေႏြးမႈေတြ စႏိုင္ဖို႔ ပထမဆုံးေျခလွမ္းလို႔ ျမင္တယ္။ အေက်အလည္ ညိွႏႈိင္းေဆြးေႏြးျခင္းနဲ႔ မေက်လည္မႈေတြ၊ မတူညီမႈေတြကို အင္အားသုံးေျဖရွင္းျခင္း မျပဳရဆိုတဲ့ အရာမ်ိဳးေတြကလည္း ပါေနတဲ့အတြက္ ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ ၿငိမ္းခ်မ္းေရးကို ေရွး႐ႈေနပါတယ္။ ကၽြန္ေတာ္တို႔ ျပည္သူလူထုကို ေျပာခ်င္ တာကေတာ့ ကၽြန္ေတာ္တို႔ လက္မွတ္ထိုးထားတဲ့ NCA လမ္းေၾကာင္းသည္ အသင့္ေတာ္ဆုံး လမ္းေၾကာင္း တစ္ခုျဖစ္ၿပီးေတာ့ ဒီအေျခခံကေန တစိုက္မတ္မတ္ ဆက္သြားမယ္။ ဆက္သြား တဲ့ေနရာမွာ NCA လမ္းေၾကာင္းသည္ မွန္ကန္ၿပီး တရားမၽွတတဲ့လမ္းေၾကာင္းျဖစ္ေအာင္ ဆက္ၿပီးႀကိဳးစား သြားမယ္”ဟု KNU အေထြေထြ အတြင္းေရးမႉး ပဒိုေစာတာဒိုမႉးက ေျပာသည္။

အလြတ္သေဘာ ေတြ႕ဆုံေဆြးေႏြးမႈတြင္ ၿငိမ္းခ်မ္းေရး ေကာ္မရွင္အတြင္းေရးမႉး ဦးခင္ေဇာ္ဦး၊ အဖြဲ႕ဝင္ ဦးေအာင္စိုး၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးေဇာ္ေဌး၊ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ပူးတြဲေကာ္မတီ(UPDJC) အတြင္းေရးမႉးအဖြဲ႕ဝင္ ဦးလွေမာင္ေ႐ႊ၊ နည္းပညာ အေထာက္အကူျပဳအျဖစ္ ဦးေက်ာ္လင္းဦးတို႔ ပါဝင္သည့္ အစိုးရကိုယ္စားလွယ္အဖြဲ႕ႏွင့္ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ (RCSS) ဥကၠ႒ ဦးယြက္ဆစ္ ေခါင္းေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕၊ ကရင္အမ်ိဳးသား အစည္းအ႐ုံး (KNU) အေထြေထြအတြင္းေရးမႉး ပဒိုေစာတာဒိုမႉး ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕၊ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (KNPP) ဒုတိယ ဥကၠ႒ခူဦးရယ္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕ႏွင့္ ကခ်င္လြတ္လပ္ေရးအဖြဲ႕(KIO)ကိုယ္စားလွယ္တို႔ ေတြ႔ဆံု ေဆြးေႏြးၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕(၈)ဖြဲ႕ႏွင့္ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (Nationwide Ceasefire Agreement - NCA)ကို ၂၀၁၅ ခုႏွစ္၊ ေအာက္တိုဘာလ (၁၅)ရက္ေန႔တြင္ ကနဦး လက္မွတ္ေရးထိုးႏိုင္ခဲ့ၿပီး လက္ရိွတြင္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသား လက္နက္ကိုင္ (၁၀)ဖြဲ႕ရိွေနျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - NRPC



~~~~~~~~⊰❂ unicode ~~~~~~~~


ငြိမ်းချမ်းရေးကော်မရှင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၄)ဖွဲ့တို့၏ (၃)ရက်တာ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၆)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။

"သုံးရက်တာ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုက ကျွန်တော်တို့ ညီလာခံပြီးတဲ့နောက်ပိုင်းမှာ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က တရားဝင်ဆွေးနွေးမှုတွေ ခေတ္တ ဆိုင်းငံ့ထားမယ်ဆိုတာကြောင့် အလွတ်သဘော လာရောက်တွေ့ဆုံဆွေးနွေးတာပါ။ တရားဝင် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြန်စနိုင်ဖို့ပေါ့။ ကျွန်တော်တို့ RCSS ရော၊ KNU ရောနှစ်ဖွဲ့စလုံးနဲ့ တွေ့ပါတယ်။ တွေ့တဲ့ အချိန်မှာ သူတို့စိုးရိမ်မှုတွေအပေါ် ကျွန်တော်တို့ဘက်က ရှင်းပြတယ်။ ဒီအတွက်သူတို့ဘက်ကလည်း ထိုက်သင့်တဲ့ နားလည်မှုရှိတယ်။ နောက် NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ KNPP၊ KIO အဖွဲ့တွေနဲ့လည်းတွေ့တယ်။ KNPP နဲ့က ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ အောက်ခြေမှာ ရှိနေသူအချို့ ဆောင်ရွက်ချက်ကြောင့် လိုအပ်မှုရှိတာတွေ ဆွေးနွေးဖြစ်တယ်။ NCA လက်မှတ် ရေးထိုးနိုင်ရေး အတွက် ညှိနှိုင်းစရာအချက် မကျန်တော့ဘူး။ လက်မှတ်ရေးထိုးဖို့စဉ်းစားဆုံးဖြတ်ဖို့ ကျန်နေတာပဲ ရှိနေတဲ့အချိန်မှာ ကျွန်တော်တို့ကိုယ်စားလှယ်အဖွဲ့ရဲ့ ရှင်းပြမှုကြောင့် NCA စာချုပ်ကို မြန်မြန်လက်မှတ်ရေးထိုးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ KIO ကတော့ ဆွေးနွေးတဲ့ပုံစံထက် သူတို့ ဘက်ကရှိတဲ့ သဘောထားကို လာရှင်းပြတဲ့သဘောပါ” ဟု အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။

NCA လက်မှတ်ရေးထိုးခြင်း (၃) နှစ်ပြည့်အဖြစ် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့က NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အစိုးရ၊ တပ်မတော်နှင့် လွှတ်တော် အဖွဲ့အစည်းတို့ နပြေည်တော်တွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးကြပြီးနောက် KNU က ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တရားဝင် ပါဝင်ခြင်းအား ရပ်ဆိုင်းထားမည်ဖြစ်ကြောင်းနှင့် RCSS ကလည်း ပြည်နယ် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘော တူညီချက်များနှင့် ပတ်သက်၍ တပ်မတော်နှင့် သီးသန့်ပြန်လည်ဆွေးနွေး ညှိနှိုင်းမည်ဟု နိုဝင်ဘာလအတွင်း ထုတ်ပြန်ထားကြခြင်းဖြစ်သည်။

ငြိမ်းချမ်းရေး ကော်မရှင်နှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် KNU နှင့် RCSS၊ NCA စာချုပ် လက်မှတ်မထိုးရသေးသည့် KNPP နှင့် KIO တို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

"နှစ်ဖက်စလုံးရဲ့ သဘောထားတွေက အခုသွားနေတဲ့ NCAလမ်းကြောင်းကနေ မသွေဖည်ဘူးဆိုတာ နှစ်ဖက်စလုံးရဲ့ သဘောထားကခိုင်ခိုင်မာမာရှိတယ်။ ဒီလမ်းကြောင်းမှာ ဖြစ်နေတဲ့ အခက်အခဲတွေ ဆွေးနွေးတယ်။ (၁) NCAကိုတန်ဖိုးထားတယ်။ အလေးထားတယ်။ နှစ်ဦး နှစ်ဖက်စလုံး ဒါကို မပျောက်ပျက်စေချင်ဘူး။ (၂)သူ့ဘက်ကိုယ့်ဘက် သက်ဆိုင်ရာ ခေါင်းဆောင်တွေကို ကျွန်တော်တို့ရဲ့ ဆွေးနွေးမှု အခြေအနေကို ပြန်တင်ပြပြီးရင် အမြန်ဆုံးပြန်တွေ့ပါမယ်။ (၃) ခဏရပ်ဆိုင်းသွားတဲ့ အနေအထားကနေ ပုံမှန်အတိုင်းဖြစ်ဖို့ အမြန်ဆုံး ကြိုးစားမယ်။ နှစ်လသုံးလ အတွင်းလည်း ဖြစ်သွားနိုင်တယ်။ ဒီထက်မြန်အောင်လည်း ကြိုးပမ်းသွားမယ်”ဟု KNU နှင့် တွေ့ဆုံဆွေးနွေးမှုများနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ပြောသည်။

NCA လက်မှတ်ရေးထိုးထားသည့် RCSS နှင့်အလွတ်သဘောဆွေးနွေးရာတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC)ကိစ္စရပ်များကိုဆွေးနွေးခဲ့ကာ KNUနှင့် တရားဝင် အစည်းအဝေးများ ပြန်လည်စတင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“KNU အနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာသွားမယ်လို့ တောက်လျှောက် ပြောထားတယ်။ NCA ကနဖြေစ်လာတဲ့ နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်းဆိုတာ နိုင်ငံရေးဆွေးနွေးမှုတွေ စနိုင်ဖို့ ပထမဆုံးခြေလှမ်းလို့ မြင်တယ်။ အကျေအလည် ညှိနှိုင်းဆွေးနွေးခြင်းနဲ့ မကျေလည်မှုတွေ၊ မတူညီမှုတွေကို အင်အားသုံးဖြေရှင်းခြင်း မပြုရဆိုတဲ့ အရာမျိုးတွေကလည်း ပါနေတဲ့အတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရှေးရှုနေပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုကို ပြောချင် တာကတော့ ကျွန်တော်တို့ လက်မှတ်ထိုးထားတဲ့ NCA လမ်းကြောင်းသည် အသင့်တော်ဆုံး လမ်းကြောင်း တစ်ခုဖြစ်ပြီးတော့ ဒီအခြေခံကနေ တစိုက်မတ်မတ် ဆက်သွားမယ်။ ဆက်သွား တဲ့နေရာမှာ NCA လမ်းကြောင်းသည် မှန်ကန်ပြီး တရားမျှတတဲ့လမ်းကြောင်းဖြစ်အောင် ဆက်ပြီးကြိုးစား သွားမယ်”ဟု KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမှူးက ပြောသည်။

အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွင် ငြိမ်းချမ်းရေး ကော်မရှင်အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ အဖွဲ့ဝင် ဦးအောင်စိုး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ နည်းပညာ အထောက်အကူပြုအဖြစ် ဦးကျော်လင်းဦးတို့ ပါဝင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဦးယွက်ဆစ် ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဒုတိယ ဥက္ကဋ္ဌခူဦးရယ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေးကြခြင်း ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement - NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့တွင် ကနဦး လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၁၀)ဖွဲ့ရှိနခြေင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - NRPC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~