Mister World Tachileik ပြိုင်ပွဲဝင်များ နှင့် မဇ္ဈိမလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ အမှိုက်ကောက်

Mister World Tachileik ပြိုင်ပွဲဝင်များ နှင့် မဇ္ဈိမလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ အမှိုက်ကောက်
နိုဝငျဘာ 10, 2018
By Tachileik News Agency

တာချီလိတ်တွင် ကျင်းပပြုလုပ်မည့် Mister World Tachileik ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်များ နှင့်မဇ္ဈိမလူမှုကူညီရေး အသင်းတို့ ပူးပေါင်း၍ တာချီလိတ်ရှိ ရီဂျီးနားဂေါက်ကွင်းလမ်း နှင့် ရှမ်းရိုးမကွင်းတို့တွင် လူမှုရေးလုပ်ငန်း အနေဖြင့် ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းက စုပေါင်း အမှိုက်ကောက်ခဲ့ကြသည်။

သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပစေရေးတို့တွင် တစ်ထောင့် တစ်နေရာမှ ပါဝင်သည့် အနေဖြင့် Mister World Tachileik ပြိုင်ပွဲဝင်များမှ ယင်းသို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။


 Mister World Tachileik ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်များအနေဖြင့် ဆက်လက်၍ ယခုလို စုပေါင်း အမှိုက်ကောက်ခြင်းများ ကိုလည်း ပြုလုပ်သွားမည်ဖြစ်ပြီး တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု အတွင်းရှိ မိုင်းကိုးဆေးဖြတ်စခန်းသို့လည်း သွားရောက်လေ့လာမှုများ ပြုလုပ်ပြီး လှူဒါန်းခြင်းများလည်း ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

တာချီလိတ်တွင် ပထမဆုံးအဖြစ် Mister World Tachileik ပြိုင်ပွဲအား ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့ ည(၆)နာရီတွင် တာချီလိတ်မြို့ မေဖလားဝါးကွင်းအတွင်းရှိ ဟုတ်တက်မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သီဆိုဖျော်ဖြေမှုများအနေဖြင့် အဆိုတော် ကျော်ဇင်မင်း နှင့် ဆူးလေးတို့မှ လာရောက် သီဆိုဖြေကြမည်ဖြစ်ကြောင်း သိရှိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်တွင် ကျင်းပပြုလုပ်မည့် Mister World Tachileik ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်များ နှင့်မဇ္ဈိမလူမှုကူညီရေး အသင်းတို့ ပူးပေါင်း၍ တာချီလိတ်ရှိ ရီဂျီးနားဂေါက်ကွင်းလမ်း နှင့် ရှမ်းရိုးမကွင်းတို့တွင် လူမှုရေးလုပ်ငန်း အနဖြေင့် ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းက စုပေါင်း အမှိုက်ကောက်ခဲ့ကြသည်။

သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပစေရေးတို့တွင် တစ်ထောင့် တစ်နေရာမှ ပါဝင်သည့် အနဖြေင့် Mister World Tachileik ပြိုင်ပွဲဝင်များမှ ယင်းသို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ လုပ်ဆောင်ရာတွင် Mister World Tachileik ပြိုင်ပွဲ၏ ပြိုင်ပွဲဝင် (၁၃)ဦး နှင့် Mister World Tachileik ပြိုင်ပွဲ၏ တာဝန်ရှိသူများ၊ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ နှင့် အသင်းသားများမှ ပါဝင်လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

 Mister World Tachileik ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်များအနဖြေင့် ဆက်လက်၍ ယခုလို စုပေါင်း အမှိုက်ကောက်ခြင်းများ ကိုလည်း ပြုလုပ်သွားမည်ဖြစ်ပြီး တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု အတွင်းရှိ မိုင်းကိုးဆေးဖြတ်စခန်းသို့လည်း သွားရောက်လေ့လာမှုများ ပြုလုပ်ပြီး လှူဒါန်းခြင်းများလည်း ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

တာချီလိတ်တွင် ပထမဆုံးအဖြစ် Mister World Tachileik ပြိုင်ပွဲအား ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့ ည(၆)နာရီတွင် တာချီလိတ်မြို့ မေဖလားဝါးကွင်းအတွင်းရှိ ဟုတ်တက်မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သီဆိုဖျော်ဖြေမှုများအနဖြေင့် အဆိုတော် ကျော်ဇင်မင်း နှင့် ဆူးလေးတို့မှ လာရောက် သီဆိုဖြကြေမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~