တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသည့် မကွေးမြို့မှ အမျိုးသမီးနှင့် ပတ်သက်၍ လူကုန်ကူးသူ(၂)ဦးကို ဖမ်းမိပြီးနောက် အမျိုးသမီးငယ်အား ဆက်လက် ကယ်တင်နိုင်ရေး တာဝန်ရှိသူများ ဆောင်ရွက်နေ
တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသည့် မကွေးမြို့မှ အမျိုးသမီးနှင့် ပတ်သက်၍ လူကုန်ကူးသူ(၂)ဦးကို ဖမ်းမိပြီးနောက် အမျိုးသမီးငယ်အား ဆက်လက် ကယ်တင်နိုင်ရေး တာဝန်ရှိသူများ ဆောင်ရွက်နေ
နိုဝငျဘာ 22, 2018
By Tachileik News Agency
တရုတ်နိုင်ငံတွင် ရောင်းစားခံရသည့် မကွေးမြို့မှ အသက်(၂၀)အရွယ်အမျိုးသမီးက မိခင်ဖြစ်သူထံ ဆက်သွယ်နိုင်ခဲ့သဖြင့် ၎င်းအား ကယ်တင်ရန်ဆောင်ရွက်နေပြီး လူကုန်ကူးသည့် လင်မယားနှစ်ဦးကို မကွေးနယ်မြေရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
လွန်ခဲ့သည့် (၄)လကျော်ခန့်က သမီးဖြစ်သူသည် မိခင်ကို အသိမပေးဘဲ နေအိမ်မှ ထွက်ခွာ သွားခဲ့ပြီးနောက် (၁၀)ရက်ခန့်အကြာတွင် တစ်ရပ်ကွက်တည်းနေ မျိုးဇော်ကိုနှင့် ရေလှိုင်းတို့လင်မယားက နေအိမ်သို့ ငွေကျပ်(၂၈)သိန်းလာပေးကာ ၎င်း၏သမီးဖြစ်သူမှာ မူဆယ်စက်ရုံဝင်းအတွင်း ရောက်ရှိ အလုပ် လုပ်နေကြောင်း ပြောဆိုပြီး ငွေပေးအပ်ပုံကို ဖုန်းဖြင့် video မှတ်တမ်းရိုက်ယူသွားကြောင်း လူကုန်ကူးခံရသူ၏ မိခင်ဖြစ်သူထံမှ သိရသည်။
တရုတ်နိုင်ငံတွင် တရုတ်မယားအဖြစ်ရောင်းစားခံရသူမှာ (၂) ကြိမ်ခန့် ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း မသွားလာတတ်သဖြင့် ပြန်လည်ဖမ်းဆီးခံခဲ့ရပြီး တရုတ်အမျိုးသားနှင့် မင်္ဂလာဆောင်ပေးရန် စီစဉ်နေကြပြီဖြစ်၍ အမြန်လာကယ်ပေးပါရန် မိခင်ဖြစ်သူအား ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မျိုးဇော်ကိုနှင့်ရေလှိုင်းတို့အား မကွေးမြို့ နယ်မြေရဲစခန်းတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေပြီး တရုတ်နိုင်ငံတွင်း ရောင်းစား ခံရသူအား ကယ်နိုင်ရန် လူကုန်ကူးမှုတားဆီးရေးအဖွဲ့က တရုတ်နိုင်ငံမှ တာဝန်ရှိသူများဖြင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း/ဓါတ်ပုံ - ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
တရုတ်နိုင်ငံတွင် ရောင်းစားခံရသည့် မကွေးမြို့မှ အသက်(၂၀)အရွယ်အမျိုးသမီးက မိခင်ဖြစ်သူထံ ဆက်သွယ်နိုင်ခဲ့သဖြင့်၎င်းအား ကယ်တင်ရန်ဆောင်ရွက်နပြေီး လူကုန်ကူးသည့် လင်မယားနှစ်ဦးကို မကွေးနယ်မြေရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
လူကုန်ကူးခံရသူ၏မိခင်က မကွေး လူကုန်ကူးမှုတားဆီးရေးအဖွဲ့သို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့ညပိုင်းတွင် လာရောက်အမှုဖွင့်ထားခြင်းဖြစ်ကြောင်း မကွေးမြို့အမှတ်(၂) နယ်မြေရဲစခန်း တာဝန်ရှိသူထံမှ သိရသည်။
“လူကုန်ကူးခံရပြီး တရုတ်မှာရောက်နေတဲ့ ကောင်မလေးက သူ့ကိုလာကယ်ပေးဖို့ သူ့အမေဆီကို ဖုန်းဆက်တယ်။ အဲဒီလိုဖုန်းဆက်ပြီးပြောတာကို Record လုပ်ထားပြီး လူကုန်ကူးမှုတားဆီးရေးအဖွဲ့ကို တိုင်တန်းခဲ့တာပါ။ လူကုန်ကူးတယ်လို့ သံသယရှိသူ မျိုးဇော်ကိုနဲ့ ရေလှိုင်းတို့လင်မယားနှစ်ယောက်ကို ညတွင်းချင်းပဲ ဖမ်းဆီးနို်င်ခဲ့ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်”ဟု အမှုစစ်ဒုရဲအုပ် မျိုးကိုကိုစိမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လွန်ခဲ့သည့် (၄)လကျော်ခန့်က သမီးဖြစ်သူသည် မိခင်ကို အသိမပေးဘဲ နေအိမ်မှ ထွက်ခွာ သွားခဲ့ပြီးနောက် (၁၀)ရက်ခန့်အကြာတွင် တစ်ရပ်ကွက်တည်းနေ မျိုးဇော်ကိုနှင့် ရေလှိုင်းတို့လင်မယားက နေအိမ်သို့ ငွေကျပ်(၂၈)သိန်းလာပေးကာ၎င်း၏သမီးဖြစ်သူမှာ မူဆယ်စက်ရုံဝင်းအတွင်း ရောက်ရှိ် အလုပ် လုပ်နေကြောင်း ပြောဆိုပြီး ငွေပေးအပ်ပုံကို ဖုန်းဖြင့် video မှတ်တမ်းရိုက်ယူသွားကြောင်း လူကုန်ကူးခံရသူ၏ မိခင်ဖြစ်သူထံမှ သိရသည်။
“အဲဒီ နောက်ပိုင်း သမီးဆီက ဖုန်းအဆက်အသွယ်ရနေပေမဲ့ ဘယ်ရောက်ပြီး ဘာအလုပ် လုပ်နေတယ်ဆိုတာကို မေးမရခဲ့ပါဘူး။ အမေ့ကျန်းမာရေးသာ ဂရုစိုက်ပါ။ လာပို့တဲ့ ပိုက်ဆံကို မသုံးဘဲ မနေပါနဲ့။ သမီးအဆင်ပြေပါတယ်လို့သာ ပြောခဲ့ပြီး လွန်ခဲ့တဲ့ ရက်ပိုင်းကတော့ မျိုးဇော်ကိုနဲ့ရေလှိုင်းတို့က သမီးကို တရုတ်မယားအဖြစ် ရောင်းစားခဲ့တာ အမေကယ်ပါဦးဆိုတာနဲ့ အခုလို ရဲစခန်းမှာ အမှုဖွင့်ပြီး အကူအညီ တောင်းရတာပါ” ဟု လူကုန်ကူးခံရသူ၏မိခင်ဖြစ်သူက ဆိုသည်။
တရုတ်နိုင်ငံတွင် တရုတ်မယားအဖြစ်ရောင်းစားခံရသူမှာ (၂) ကြိမ်ခန့် ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း မသွားလာတတ်သဖြင့် ပြန်လည်ဖမ်းဆီးခံခဲ့ရပြီး တရုတ်အမျိုးသားနှင့် မင်္ဂလာဆောင်ပေးရန် စီစဉ်နကြပြေီဖြစ်၍ အမြန်လာကယ်ပေးပါရန် မိခင်ဖြစ်သူအား ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။
“မရေလှိုင်းတို့က အမေကျန်းမာရေး မကောင်းတာကို အကြောင်းပြုပြီး အလုပ်ကောင်းကောင်းရမှာ လစာလည်း ကောင်းကောင်းရမှာ နင့်အမေကို ချက်ချင်းငွေလွှဲပေးနိုင်မှာ ဆိုပြီးခေါ်တာပါ။ သမီးက မှတ်ပုံတင်လည်း မရှိတာကြောင့် လိုက်လို့ဖြစ်ပါ့မလားမေးတော့ ထောက်ခံချက်နဲ့ရတယ်ဆိုပြီး ထောက်ခံစာကို သူတို့ကိုယ်တိုင် လုပ်လာပါတယ်။ လမ်းမှာတွေ့တဲ့လူရှိရင် ဘယ်သူကမေးမေး အဒေါ်ဆီ အလုပ် လုပ်သွားတာလို့ ပြောဆိုပြီး မူဆယ်ကို ခေါ်သွားပါတယ်။ မူဆယ်ကနေမှ ကျယ်ခေါင်ကို ထပ်ခေါ်သွားတယ်။ ကျယ်ခေါင်ကတစ်ဆင့် ရွှေလီကို ခေါ်သွားပြီး အဲဒီမှာစောင့်နေတဲ့ အကျဲဆိုတဲ့ ပွဲစားမကြီးက ရောက်လာတဲ့ တရုတ်ကလေး(၂)ယောက်ဆီက တရုတ်ငွေ(၃)သောင်းကျော်ကို မျိုးဇော်ကိုတို့ဆီ တောင်းပေးပြီး မျိုးဇော်ကိုတို့လင်မယားနဲ့သမီးကို တရုတ်ပြည်မကြီးထဲ ကားနဲ့ သုံးညအိပ်ခရီးခေါ်သွားတာပါပဲ။ ခုကျတော့ မျိုးဇော်ကိုတို့က တရုတ်မယားအဖြစ် သမီးကို အပြီးရောင်းခဲ့တယ်ဆိုတာကို သမီးလိုပဲ ရောင်းစားခံခဲ့ရတဲ့သူတွေက ပြောလို့သိရပြီး ကလေး တစ်ယောက်မွေးပြီးမှ ပြန်လွှတ်မှာလို့ သိရတာကြောင့် အမေ့ဆီ ပြန်ခေါ်ပေးဖို့ ပြောရတာပါ” ဟုပြောကြားကြောင်း လူကုန်ကူးခံရသူ၏မိခင်က ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မျိုးဇော်ကိုနှင့်ရေလှိုင်းတို့အား မကွေးမြို့ နယ်မြေရဲစခန်းတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးနပြေီး တရုတ်နိုင်ငံတွင်း ရောင်းစား ခံရသူအား ကယ်နိုင်ရန် လူကုန်ကူးမှုတားဆီးရေးအဖွဲ့က တရုတ်နိုင်ငံမှ တာဝန်ရှိသူများဖြင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~