Mister World Myanmar International ၂၀၁၉ တြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ရန္အတြက္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသကိုယ္စားျပဳ Mister (၄)ဦး ေရြးခ်ယ္

Mister World Myanmar International ၂၀၁၉ တြင္ ၀င္ေရာက္ယွဥ္ၿပိဳင္ရန္အတြက္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသကိုယ္စားျပဳ Mister (၄)ဦး ေရြးခ်ယ္
နိုဝင်ဘာ 21, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းကိုယ္စားျပဳမ်ားအျဖစ္ Mister World Myanmar International ၂၀၁၉ တြင္ ဝင္ေရာက္ ယွဥ္ၿပိဳင္မည့္ ၿပိဳင္ပြဲဝင္ (၄)ဦးကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ(၂၀)ရက္ေန႔ညက တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္းရပ္ကြက္၊ ေမဖလားဝါးကြင္းအတြင္းရွိ ဟုတ္တက္ခန္းမ၌က်င္းပသည့္ Mister World Tachileik ၿပိဳင္ပြဲတြင္ ေရြးခ်ယ္လုိက္သည္။

အဆိုပါ ၿပိဳင္ပြဲတြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ ၿပိဳင္ပြဲဝင္ (၁၅)ဦးအနက္ Mr Golden Triangle အျဖစ္  Zwe Min Khant ကို လည္းေကာင္း၊ Mr Mai Phyet အျဖစ္ Hein Sit Thant၊ Mr Kyiang Tong  အျဖစ္ Aung Thura Zaw၊ Mr Tachileik အျဖစ္ Sai Kaung Min Htet တို႔ကို ေရြးခ်ယ္လိုက္ျခင္းျဖစ္သည္။

Mister World Tachileik ၿပိဳင္ပြဲ၏ 1st Runner Up အျဖစ္ Wai Lu Aung၊  2nd Runner Up အျဖစ္ Tiger တို႔က အသီးသီးခ်ီးျမႇင့္ခဲ့သည့္အျပင္ ၿပိဳင္ပြဲဝင္မ်ား၏ အရည္အေသြး လုပ္ေဆာင္ခ်က္မ်ားအလိုက္ Title ဆုမ်ားကိုလည္း ခ်ီးျမႇင့္ေပးခဲ့ျခင္းျဖစ္သည္။

Mister World Myanmar International ကို ရန္ကုန္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္ မတ္လအတြင္း က်င္းပ သြားမည္ျဖစ္ၿပီး လက္ရိွေရြးခ်ယ္ထားသည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း ကိုယ္စားျပဳမ်ား အပါအဝင္ တစ္ႏုိင္ငံလံုးမွ ေဒသအလုိက္ ကိုယ္စားျပဳမ်ား ပါဝင္ယွဥ္ၿပိဳင္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

Mister World Tachileik ၿပိဳင္ပြဲဝင္မ်ား အေနျဖင့္ ေဒသဖြံ႕ၿဖိဳးေရး၊ လူမႈကူညီေရးလုပ္ငန္းမ်ားတြင္ ဆက္လက္ပါဝင္ လုပ္ေဆာင္သြားၾကမည္ျဖစ္ၿပီး ေဒသကိုယ္စားျပဳ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ သူမ်ားအား Mister World Myanmar International က ၿပိဳင္ပြဲအတြက္ ေလ့က်င့္မႈမ်ားကိုလည္း ဆက္လက္ လုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖိဳးထြန္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းကိုယ်စားပြုများအဖြစ် Mister World Myanmar International ၂၀၁၉ တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် (၄)ဦးကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့ညက တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်းအတွင်းရှိ ဟုတ်တက်ခန်းမ၌ကျင်းပသည့် Mister World Tachileik ပြိုင်ပွဲတွင် ရွေးချယ်လိုက်သည်။

အဆိုပါ ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ပြိုင်ပွဲဝင် (၁၅)ဦးအနက် Mr Golden Triangle အဖြစ် Zwe Min Khant ကို လည်းကောင်း၊ Mr Mai Phyet အဖြစ် Hein Sit Thant၊ Mr Kyiang Tong အဖြစ် Aung Thura Zaw၊ Mr Tachileik အဖြစ် Sai Kaung Min Htet တို့ကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။

Mister World Tachileik ပြိုင်ပွဲ၏ 1st Runner Up အဖြစ် Wai Lu Aung၊ 2nd Runner Up အဖြစ် Tiger တို့က အသီးသီးချီးမြှင့်ခဲ့သည့်အပြင် ပြိုင်ပွဲဝင်များ၏ အရည်အသွေး လုပ်ဆောင်ချက်များအလိုက် Title ဆုများကိုလည်း ချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။

Mister World Myanmar International ကို ရန်ကုန်မြို့တွင် ၂၀၁၉ ခုနှစ် မတ်လအတွင်း ကျင်းပ သွားမည်ဖြစ်ပြီး လက်ရှိရွေးချယ်ထားသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကိုယ်စားပြုများ အပါအဝင် တစ်နိုင်ငံလုံးမှ ဒေသအလိုက် ကိုယ်စားပြုများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

Mister World Tachileik ပြိုင်ပွဲဝင်များ အနဖြေင့် ဒေသဖွံ့ဖြိုးရေး၊ လူမှုကူညီရေးလုပ်ငန်းများတွင် ဆက်လက်ပါဝင် လုပ်ဆောင်သွားကြမည်ဖြစ်ပြီး ဒေသကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် သူများအား Mister World Myanmar International က ပြိုင်ပွဲအတွက် လေ့ကျင့်မှုများကိုလည်း ဆက်လက် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~