တာခ်ီလိတ္တြင္ ေနအိမ္အတြင္း ဝင္ခိုးရန္ ႀကိဳးစားသည့္ ျမန္မာႏုိင္ငံသားတစ္ဦးႏွင့္ ထုိင္းႏုိင္ငံသားတစ္ဦးတို႔ကို ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ ေနအိမ္အတြင္း ဝင္ခိုးရန္ ႀကိဳးစားသည့္ ျမန္မာႏုိင္ငံသားတစ္ဦးႏွင့္ ထုိင္းႏုိင္ငံသားတစ္ဦးတို႔ကို ဖမ္းဆီးရမိ
နိုဝင်ဘာ 20, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဝိန္းေက်ာက္ရပ္ကြက္ရိွ ေနအိမ္စတိုခန္းတြင္ ဝင္ေရာက္ခိုးယူရန္ ႀကိဳးစားသည့္ ျမန္မာႏုိင္ငံသားတစ္ဦးႏွင့္ ထုိင္းႏုိင္ငံသားတစ္ဦးတုိ႔ကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၀)ရက္ေန႔ နံနက္(၉)နာရီခြဲအခ်ိန္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

ေနအိမ္စတိုခန္းအတြင္း လူ(၂)ဦးေရာက္ေနသည္ကို ေနအိမ္ေစာင့္သူကေတြ႔ရသျဖင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးအား ဖုန္းဆက္ အေၾကာင္းၾကားရာမွ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ရဲတပ္ဖြဲ႕က လာေရာက္ ဖမ္းဆီးေခၚေဆာင္ႏုိင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံသား ဝင္းမင္းထြန္း (ခ) ငျပဴးႏွင့္အတူ ထိုင္းႏုိင္ငံသား ဝမ္ထုိင္တို႔ (၂)ဦးသည္ ေနအိမ္အတြင္း ဝင္ေရာက္ ခိုးယူရန္ႀကိဳးစားစဥ္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္းသိရၿပီး ထုိင္းႏုိင္ငံသား ဝမ္ထိုင္သည္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၁)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕သို႔ တရားဝင္ ဝင္ေရာက္လာျခင္းျဖစ္သည္ဟု ဆိုေသာ္လည္း ၎အေနျဖင့္ အေထာက္အထားျပသႏုိင္ျခင္း မရိွေၾကာင္း သိရသည္။

ဝင္းမင္းထြန္း(ခ)ငျပဴးႏွင့္ ဝမ္ထုိင္တို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၄၁၀/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၄၅၃/၁၁၄ ျဖင့္ အမႈဖြင့္ထားၿပီး ထုိင္းႏုိင္ငံသား ဝမ္ထုိင္အား (ပ) ၄၁၂/၂၀၁၈၊ လဝကအက္ဥပေဒပုဒ္မ ၁၃(၁)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ နေအိမ်စတိုခန်းတွင် ဝင်ရောက်ခိုးယူရန် ကြိုးစားသည့် မြန်မာနိုင်ငံသားတစ်ဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦးတို့ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က ဖမ်းဆီးရမိကြောင်း သိရသည်။

နေအိမ်စတိုခန်းအတွင်း လူ(၂)ဦးရောက်နေသည်ကို နေအိမ်စောင့်သူကတွေ့ရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဖုန်းဆက် အကြောင်းကြားရာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးခေါ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသား ဝင်းမင်းထွန်း (ခ) ငပြူးနှင့်အတူ ထိုင်းနိုင်ငံသား ဝမ်ထိုင်တို့ (၂)ဦးသည် နေအိမ်အတွင်း ဝင်ရောက် ခိုးယူရန်ကြိုးစားစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသိရပြီး ထိုင်းနိုင်ငံသား ဝမ်ထိုင်သည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့က တာချီလိတ်မြို့သို့ တရားဝင် ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဆိုသော်လည်း၎င်းအနဖြေင့် အထောက်အထားပြသနိုင်ခြင်း မရှိကြောင်း သိရသည်။

ဝင်းမင်းထွန်း(ခ)ငပြူးနှင့် ဝမ်ထိုင်တို့အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၄၁၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၅၃/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး ထိုင်းနိုင်ငံသား ဝမ်ထိုင်အား (ပ) ၄၁၂/၂၀၁၈၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~