မူဆယ်နှင့် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်အကြားတွင် အရပ်သား(၂)ဦး သေနတ်ဖြင့် ပစ်ခတ်ခံရရာမှ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
မူဆယ်နှင့် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်အကြားတွင် အရပ်သား(၂)ဦး သေနတ်ဖြင့် ပစ်ခတ်ခံရရာမှ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
နိုဝင်ဘာ 24, 2018
By Tachileik News Agency
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ်အတွင်း PSLF/ TNLA နှင့်SSPP/SSA ပူးပေါင်းတပ်ဖွဲ့နှင့် RCSS/SSA တို့ နိုဝင်ဘာလအတွင်း တိုက်ပွဲပေါင်း (၁၄) ကြိမ်ထိ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း မူဆယ်မြို့နှင့်အနီးတွင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နှင့် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အကြား ကျင်ဆန်းကျော့လမ်းခွဲတွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၂၄)ရက်နေ့ နံနက်ပိုင်းက အရပ်သား(၂)ဦးအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့် ပစ်သွားသဖြင့် တစ်ဦးသေဆုံးပြီး တစ်ဦးကိုဆေးရုံတင်ပို့ထားကြောင်း သိရသည်။
“မနက်က ကျင်ဆန်းကျော့လမ်းခွဲမှာ ပစ်သွားတာပါ။ TNLA လို့ ယူဆတယ်လို့တော့ ပြောနကြေတယ်။ ဘယ်အဖွဲ့ဆိုတာတော့ သေချာမသိဘူး။ အရပ်သားနှစ်ယောက်မှာ တစ်ယောက်က ဆေးရုံပို့ထားရတယ်”ဟု မူဆယ်မြို့ခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သေနတ်ပစ်ခံထားရသည့် အမျိုးသား(၂)ဦးကို ကျင်ဆန်းကျော့လမ်းခွဲတွင် နံနက်(၅)နာရီဝန်းကျင်အချိန်၌ ဒေသခံများက တွေ့ရခြင်းဖြစ်ပြီး နံနက်(၅)နာရီခွဲဝန်းကျင်တွင် ဒဏ်ရာရသူကို ဆေးရုံသို့ ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ်အတွင်း PSLF/ TNLA နှင့်SSPP/SSA ပူးပေါင်းတပ်ဖွဲ့နှင့် RCSS/SSA တို့ နိုဝင်ဘာလအတွင်း တိုက်ပွဲပေါင်း (၁၄) ကြိမ်ထိ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း မူဆယ်မြို့နှင့်အနီးတွင် တိုက်ပွဲဖြစ်ပွားနခြေင်းမရှိကြောင်း သိရသည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~