ကျောက်မဲမြို့သို့ မိုင်းငေါ့မြို့နယ်ခွဲမှ စစ်ဘေးရှောင် (၅၀)ကျော် တိမ်းရှောင်လာ

ကျောက်မဲမြို့သို့ မိုင်းငေါ့မြို့နယ်ခွဲမှ စစ်ဘေးရှောင် (၅၀)ကျော် တိမ်းရှောင်လာ
နိုဝငျဘာ 21, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်ခွဲရှိ ချုံဟောင်းကျေးရွာအနီးတွင် TNLA နှင့် RCSS တို့၏ တိုက်ပွဲများကြောင့် ကျောက်မဲမြို့သို့ တိမ်းရှောင်လာသည့် ဒေသခံဦးရေမှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့အထိ စုစုပေါင်း(၅၃)ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။

ချုံဟောင်းကျေးရွာဒေသခံများသည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့ ညနေမှစ၍  တိမ်းရှောင်လာကြခြင်းဖြစ်ပြီး ကျောက်မဲမြို့ အမှတ် (၈) ရပ်ကွက်ရှိ သန္တိသုခဓမ္မာရုံတွင် ခိုလှုံ နေကြခြင်းဖြစ်သည်။



ကျောက်မဲမြို့တွင်၂၀၁၆ ခုနှစ် မတ်လက စစ်ဘေးတိမ်းရှောင်သူ (၁၆၀၀) အထိ အများဆုံးရောက်ရှိခဲ့ပြီး ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တွင် မြို့တွင်းစစ်ဘေးရှောင်များ မကြာခဏရောက်ရှိလာနေခြင်းဖြစ်သည်။

သတင်း - နေဖြိုးမြင့်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်ခွဲရှိ ချုံဟောင်းကျေးရွာအနီးတွင် TNLA နှင့် RCSS တို့၏ တိုက်ပွဲများကြောင့် ကျောက်မဲမြို့သို့ တိမ်းရှောင်လာသည့် ဒေသခံဦးရေမှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့အထိ စုစုပေါင်း(၅၃)ဦးရှိနပြေီဖြစ်ကြောင်း သိရသည်။

ချုံဟောင်းကျေးရွာဒေသခံများသည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့ ညနေမှစ၍ တိမ်းရှောင်လာကြခြင်းဖြစ်ပြီး ကျောက်မဲမြို့ အမှတ် (၈) ရပ်ကွက်ရှိ သန္တိသုခဓမ္မာရုံတွင် ခိုလှုံ နကြခြေင်းဖြစ်သည်။

"ပြီးခဲ့တဲ့ တစ်ပတ်လောက်က သူတို့ကျေးရွာနားမှာ တိုက်ပွဲဖြစ်လာတဲ့အတွက် မိုင်းငေါ့မြို့နယ်ထဲက မန်ပင့်ကျေးရွာကို တိမ်းရှောင်ကြတယ်။ (၁၉) ရက်နေ့ကျမှ မန်ပင့်ကနေတစ်ဆင့် မိုင်းငေါ့ - ကျောက်မဲ ခရီးသည်တင်ယာဉ်တစ်စီးကိုစီးလာပြီး ကျောက်မဲကိုရှောင်လာကြတာ" ဟု စစ်ဘေးရှောင်တိမ်းသူများအား နေရာချထားရေးတွင်ကူညီနေသည့် ဇီဝိတလူမှုကူညီရေးအသင်းမှ ကိုစောမင်းကြူက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

မိုင်းငေါ့မြို့နယ်ခွဲ ချုံဟောင်းကျေးရွာတွင် အိမ်ခြေ (၁၀၀)ကျော်ရှိပြီး ကျောက်မဲမြို့အပြင် ဆွေမျိုးများ ရှိရာမြို့များသို့ တိမ်းရှောင်သွားသူများလည်း ရှိကြောင်း သိရသည်။

ကျောက်မဲမြို့တွင်၂၀၁၆ ခုနှစ် မတ်လက စစ်ဘေးတိမ်းရှောင်သူ (၁၆၀၀) အထိ အများဆုံးရောက်ရှိခဲ့ပြီး ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တွင် မြို့တွင်းစစ်ဘေးရှောင်များ မကြာခဏရောက်ရှိလာနခြေင်းဖြစ်သည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကိုစောမင်းကြူ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~