တာချီလိတ်မြို့ ပုံလို့ဆရာတော် လှူဒါန်းပေးထားသော မြေ (၁၆)ဧကပေါ်တွင် လူမျိုးမရွေး အသုံးပြုနိုင်ရန် မီးသဂြုႋလ်စက်နှင့် အရိုးပြာမြုပ်နှံမည့် နေရာများ ပါဝင်သည့် သုဿန်ဖြစ်မြောက်ရေး စုပေါင်း ပါဝင်လှူဒါန်း

တာချီလိတ်မြို့ ပုံလို့ဆရာတော် လှူဒါန်းပေးထားသော မြေ (၁၆)ဧကပေါ်တွင် လူမျိုးမရွေး အသုံးပြုနိုင်ရန် မီးသဂြုႋလ်စက်နှင့် အရိုးပြာမြုပ်နှံမည့် နေရာများ ပါဝင်သည့် သုဿန်ဖြစ်မြောက်ရေး စုပေါင်း ပါဝင်လှူဒါန်း
နိုဝင်ဘာ 1, 2018
By Tachileik News Agency

တာချီလိတ်မြို့ ပုံလို့ဆရာတော် လှူဒါန်းပေးထားသော မြေ (၁၆)ဧကပေါ်တွင် လူမျိုးမရွေး အသုံးပြုနိုင်ရန် မီးသဂြုႋလ်စက်နှင့် အရိုးပြာမြုပ်နှံမည့် နေရာများ ပါဝင်သည့် သုဿန်ဖြစ်မြောက်ရေး စုပေါင်း ပါဝင်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပုံလို့ဆရာတော် လှူဒါန်းထားသည့် မြေ(၁၆)ဧကအတွင်း လူမျိုးဘာသာမရွေး အသုံးပြုနိုင်မည့် မီးသဂြုႋလ်စက်နှင့် အရိုးပြာမြုပ်နှံမည့် နေရာများ ပါဝင်သည့် သုသာန် တည်ဆောက်ရေး အတွက် မြို့လူထုက ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့က ပူးပေါင်းလှူဒါန်းကြရာ စုစုပေါင်း အလှူငွေ စုစုပေါင်း ကျပ်(၇၁)သိန်းခွဲနှင့် ထိုင်းဘတ်ငွေ (၄,၆၆၆,၆၀၀)ရရှိထားပြီဖြစ်ကြောင်း သိရသည်။

သုဿန်အသစ် တည်ဆောက်ရေးအတွက် ကျပ်သိန်းပေါင်း (၁၀,၀၀၀)ကျော် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး အဆိုပါ သုသာန်တွင် မီးသဂြုႋလ်စက် (၂)လုံး၊ သန့်စင်ခန်း(၂၀)လုံး၊ ကားရပ်နားကွင်း၊ အရိုးပြာအိုးများ ထည့်သွင်းမြုပ်နှံရန် (၁)ပေခွဲ၊ (၂)ပေအခန်းငယ်များဖြင့် အရိုးပြာအိုး(၄၀)စီထည့် သွင်းနိုင်သည့် အခန်း(၅)ခန်းကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“အရိုးပြာအိုး မြုပ်နှံတဲ့ အခန်းလေးတွေမှာက သေဆုံးသူ အမည်၊ ဓါတ်ပုံ၊ သေဆုံးနေ့ရက် စတာလေးတွေ ရေးသွင်း မှတ်တမ်းတင်နိုင်မယ်။ ဒီလိုအခန်းငယ်လေးတွေ (၄၀)စီပါတဲ့ အခန်းပေါင်း (၅)ခန်းကို သီးခြားစီ ဆောက်မှာပါ။ တဆက်တစပ်တည်း မတည်ဆောက်တာက မြေပြိုကျတာတို့လို သဘာဝဘေးဖြစ်လာရင် ပြုပြင်ရ လွယ်ကူအောင်လို့ ဖြစ်ပါတယ်။ အရိုးပြာအိုးတွေထားတဲ့နေရာတွေကို အခန်းနံပါတ်တွေနဲ့ ထားမှာဖြစ်ပါတယ်။ သေဆုံးသူရဲ့ဆွေမျိုးသားချင်းများ အနေနဲ့ ပြန်ရှာရတာ လွယ်ကူစေမှာဖြစ်ပါတယ်။ တာချီလိတ်မြို့ အတွက် လိုအပ်နေတဲ့ မီးသဂြိုလ်စက်ဖြစ်မြောက်ရေး လုပ်ဆောင်ရာမှာ လိုအပ်တဲ့ အကြံဉာဏ်များ၊ ကော်မတီဝင်များ အဖြစ် ဝင်ရောက်ဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်”

ဟု တာချီလိတ်မြို့ မီးသဂြုႋလ်စက် တည်ဆောက်ရေးအဖွဲ့ ဥက္ကဌဖြစ်သူ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ ခရိုင်လုံခြုံရေးအကူတပ်ခွဲမှူး  ဒုရဲမှူးစံသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် လက်ရှိ အသုံးပြုနေသည့် သုဿန်မှာ လူနေအိမ်ခြေများနှင့် နီးကပ်နေပြီး ကားတာယာ ဟောင်းများဖြင့် မီးရှို့သဂြုႋလ်နေရသည့် အတွက် မီးသဂြုႋလ်စက်ပါဝင်သည့် သုဿန်တစ်ခု ဖေါ်ဆောင်နိုင်ရန် ဒေသခံ လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးအားဖာ(တပင်ရွှေထီး)က ထိုင်းဘတ်ငွေ (၂)သန်း မတည်ကာ သုသာန်တည်ဆောက်ရေး ကော်မတီဖြင့် စတင်ဆောင်ရွက်ရာ မြို့နှင့် (၂)မိုင်ခန့်အကွာရှိ တောင်ကြောပေါ်တွင် ပုံလို့ဆရာတော်က မြေ(၁၆)ဧကကို သုဿန်မြေအဖြစ် အသုံးပြုနိုင်ရန် စည်ပင်သာယာရေးဌာနသို့ လွှဲပြောင်းလှူဒါန်းလိုက်ခြင်းဖြစ်သည်။

“လတ်တလောမှာတော့ ဆရာတော်က ဌာနကို လွှဲပြောင်းပေးထားတဲ့မြေကို မြေယာကို အခြားနည်းဖြင့် အသုံးပြုခွင့် လျှောက်ထားနေပါတယ်။ အခြားမြေအဖြစ် အသုံးပြုခွင့်ကျလာရင်တော့ သုသာန်မြေအဖြစ် အသုံးပြုခွင့်ကို ပြည်နယ်အဆင့်က ခွင့်ပြုမယ်ဆိုရင် ပြည်နယ်ပေါ့။ ပြည်နယ်အဆင့်က ခွင့်ပြုလို့မရရင် ပြည်ထောင်စု အဆင့်ကို တင်ရပါမယ်”

ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ ပုံလို့တောရကျောင်းတိုက်၏ ဦးစီး နာယကဆရာတော် အဘိဝိသေသလဇ္ဇိပေသလ သာသနာလင်္ကာရ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစာရ အဂ္ဂဓမ္မ က ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့တွင်  လက်မှတ်ရေးထိုး၍ မြေလှူဒါန်း လိုက်ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ ခွင့်ပြုချက်ရရှိသည်နှင့် လမ်းများ၊ ပန်းခြံများ၊ တရားနာဓမ္မာရုံ၊ မီးသဂြိုလ်စက်၊ သန့်စင်ခန်းများ တည်ဆောက်သွားမည်ဖြစ်ကာ တာချီလိတ်မြို့မှ လုပ်ငန်းရှင်များက ငွေအား၊ စက်ယန္တရားများ ကူညီ လုပ်ဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ဆန်းဖြိုးထွန်း