အသက္(၇၁)ႏွစ္ရွိ ဦးေသာင္းထြန္းအား ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး၀န္ႀကီးဌာန၏ ျပည္ေထာင္စု၀န္ႀကီးအျဖစ္ ေျပာင္းလဲ တာ၀န္ေပး

အသက္(၇၁)ႏွစ္ရွိ ဦးေသာင္းထြန္းအား ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး၀န္ႀကီးဌာန၏ ျပည္ေထာင္စု၀န္ႀကီးအျဖစ္ ေျပာင္းလဲ တာ၀န္ေပး
နိုဝင်ဘာ 19, 2018
By Tachileik News Agency

ျပည္ေထာင္စုအစိုးရအဖြဲ႔ရံုး၀န္ႀကီး၊ အမ်ိဳးသားလံုၿခံဳေရးဆိုင္ရာအႀကံေပးပုဂၢိဳလ္ ဦးေသာင္းထြန္းအား ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၏ ျပည္ေထာင္စု၀န္ႀကီးအျဖစ္ ေျပာင္းလဲ တာ၀န္ေပးအပ္လိုက္ေၾကာင္း ၂၀၁၈ခုႏွစ္ ႏို၀င္ဘာလ(၁၉)ရက္ေန႔ ရက္စြဲျဖင့္ ႏိုင္ငံေတာ္သမၼတရံုးက သတင္းထုတ္ျပန္လိုက္သည္။

ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန (Ministry of Investment and Foreign Economic Relations)၏ ျပည္ေထာင္စု ၀န္ႀကီးအျဖစ္ ေျပာင္းလဲတာ၀န္ေပးျခင္း ခံရသူ ဦးေသာင္းထြန္းသည္ လက္ရွိတြင္  အသက္(၇၁)ႏွစ္အရြယ္ရွိၿပီး  Master in International Public Policy (MIPP) ၊ မဟာဝိဇၨာဘြဲ႕ (Master in Public Policy) ရရွိထားကာ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွး သံအမတ္ႀကီး(ၿငိမ္း)တစ္ဦး ျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ႏွင့္အတူ စီးပြားေရးႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား  ျမႇင့္တင္တိုးတက္လာေစရန္ ရည္ရြယ္ကာ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြား ဆက္သြယ္ေရးဝန္ႀကီးဌာန (Ministry of Investment and Foreign Economic Relations)အား ဖြဲ႔စည္းလိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Myanmar President Office  ၊ AP



~~~~~~~~⊰❂ unicode ~~~~~~~~

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းအား ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးအပ်လိုက်ကြောင်း ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၁၉)ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်လိုက်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (Ministry of Investment and Foreign Economic Relations)၏ ပြည်ထောင်စု ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခြင်း ခံရသူ ဦးသောင်းထွန်းသည် လက်ရှိတွင် အသက်(၇၁)နှစ်အရွယ်ရှိပြီး Master in International Public Policy (MIPP)၊ မဟာဝိဇ္ဇာဘွဲ့ (Master in Public Policy) ရရှိထားကာ နိုင်ငံခြားရေးဝန်ကြီးဌာနမှး သံအမတ်ကြီး(ငြိမ်း)တစ်ဦး ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နှင့်အတူ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်တိုးတက်လာစေရန် ရည်ရွယ်ကာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန (Ministry of Investment and Foreign Economic Relations)အား ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Myanmar President Office၊ AP

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~