ျမန္မာ - လာအို ခ်စ္ၾကည္ေရးတံတား ဝင္ထြက္ေပါက္တြင္ နယ္စပ္ျဖတ္သန္းခြင့္အတြက္ ညိႇႏိႈင္းဆဲျဖစ္ၿပီး ႏွစ္ႏုိင္ငံ နယ္စပ္ေဒသတြင္ ေနထိုင္သူမ်ားကိုသာ ျဖတ္သန္းခြင့္ျပဳထား

ျမန္မာ - လာအို ခ်စ္ၾကည္ေရးတံတား ဝင္ထြက္ေပါက္တြင္ နယ္စပ္ျဖတ္သန္းခြင့္အတြက္ ညိႇႏိႈင္းဆဲျဖစ္ၿပီး ႏွစ္ႏုိင္ငံ နယ္စပ္ေဒသတြင္ ေနထိုင္သူမ်ားကိုသာ ျဖတ္သန္းခြင့္ျပဳထား
နိုဝင်ဘာ 22, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္အတြင္း တတိယေျမာက္ အျပည္ျပည္ဆိုင္ရာ နယ္စပ္ ဝင္ထြက္ေပါက္ျဖစ္သည့္ ျမန္မာ - လာအိုနယ္စပ္ဝင္ထြက္ေပါက္မွ ယာယီနယ္စပ္ျဖတ္သန္းခြင့္ လက္မွတ္ျဖင့္ သြားလာႏုိင္ေရး ညိႇႏိႈင္းေနဆဲျဖစ္ၿပီး လတ္တေလာတြင္ ႏွစ္ႏုိင္ငံနယ္စပ္ေဒသတြင္ ေနထုိင္သူမ်ားအား ျဖတ္သန္းခြင့္ ေပးထားေၾကာင္း သိရသည္။

လက္ရိွတြင္ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက ေျပာင္းလဲ အသံုးျပဳေနသည့္ နယ္စပ္ျဖတ္သန္းခြင့္ အေထာက္အထားမ်ားအား လံုၿခံဳေရးအဆင့္ျမႇင့္တင္ထားသည့္ စနစ္ကိုလည္း အဆိုပါ နယ္စပ္ဝင္ထြက္ေပါက္တြင္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၂၇)ရက္ေန႔ကတည္းက အသံုးျပဳေနၿပီျဖစ္ေၾကာင္း သိရသည္။

“လာအိုနဲ႔ဝင္ထြက္ေပါက္ျဖစ္တဲ့ က်ိဳင္းလပ္တံတားမွာေတာ့ ယာယီနယ္စပ္ျဖတ္သန္းခြင့္လက္မွတ္နဲ႔ ခြင့္မျပဳေသးဘူး။ ႏွစ္ႏုိင္ငံနယ္စပ္ေဒသေနသူေတြကို ထုတ္ေပးေနတဲ့ နယ္စပ္ျဖတ္သန္းခြင့္စာအုပ္နဲ႔ပဲ ခြင့္ျပဳထားတာဆိုေတာ့ အခုေျပာင္းထားတဲ့စနစ္ကို က်ိဳင္းလပ္မွာက ေအာက္တိုဘာလ(၂၇)ရက္ကတည္းက စသံုးေနပါၿပီ။ ယာယီနယ္စပ္ျဖတ္သန္းခြင့္လက္မွတ္န႔ဲ ျဖတ္သန္းသြားလာခြင့္ကိုေတာ့ ႏွစ္ႏို္င္ငံညိႇႏိႈင္းဆဲပါ”ဟု လဝကဌာနခြဲ(၆) တာခ်ီလိတ္၏ ေခတၱ ဒုဌာနခြဲမွဴး ဦးစီးအရာရိွ ဦးဝင္းသိန္းက တာခ်ီိလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ခရိုင္ က်ိဳင္းလပ္ၿမိဳ႕တြင္ နယ္စပ္ဝင္ထြက္ေပါက္ကို၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂၀)ရက္ေန႔တြင္ စတင္ဖြင့္လွစ္လိုက္ျခင္းျဖစ္ၿပီး ေန႔စဥ္ျဖတ္သန္းသြားလာမႈမွာ ပ်မ္းမွ်အားျဖင့္ (၅)ဦး ဝန္းက်င္သာ ရိွေနေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံဘက္မွ တာခ်ီလိတ္ခရိုင္ က်ိဳင္းလပ္ၿမိဳ႕ႏွင့္ လာအိုႏုိင္ငံ စီအင္ေကာက္ၿမိဳ႕တို႔ကို ဆက္သြယ္ထားသည့္ ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးတံတားမွ နယ္စပ္ဝင္ထြက္ေပါက္မွေန၍ ႏွစ္ႏုိင္ငံသားမ်ားအား နယ္စပ္ျဖတ္ေက်ာ္ခြင့္ လက္မွတ္ျဖင့္ (၁၃)ညအိပ္ (၁၄)ရက္ခရီး ခြင့္ျပဳထားျခင္းျဖစ္ကာ နယ္စပ္ေဒသေန ျမန္မာႏုိင္ငံသားမ်ားကို လာအိုႏုိင္ငံ ေလာင္နန္သာခရိုင္ ေမာင္စင္ၿမိဳ႕ႏွင့္ ေမာင္ေလာင္ၿမိဳ႕မ်ားအထိ ခြင့္ျပဳထားၿပီး နယ္စပ္ေဒသေန လာအိုႏုိင္ငံသားမ်ားကို တာခ်ီလိတ္ၿမိဳ႕ႏွင့္ မုိင္းေယာင္းၿမိဳ႕မ်ားအထိ သြားလာခြင့္ျပဳထားေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္အတြင္း ျမန္မာ - လာအိုနယ္စပ္ျဖစ္သည့္ မဲေခါင္ျမစ္ေၾကာင္း အျပည္ျပည္ဆုိင္ရာ ျပည္တြင္းဆိပ္ကမ္း (ဝမ္ပံု) မွေန၍ နယ္စပ္ျဖတ္ေက်ာ္ခြင့္လက္မွတ္ျဖင့္ (၆)ညအိပ္ (၇)ရက္ခရီး ခြင့္ျပဳေပးထားၿပီး ျမန္မာႏုိင္ငံသားမ်ားကို လာအိုႏိုင္ငံ လံုတုိင္းထားျပည္နယ္အတြင္း ကီလိုမီတာ (၃၀)ခန္႔အထိလည္းေကာင္း၊ လာအိုႏုိင္ငံသားမ်ားကို တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းလည္းေကာင္း ခြင့္ျပဳထားျခင္းျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏိုင္ငံ၊ လာအိုႏိုင္ငံတုိ႔ျဖင့္ နယ္နမိတ္ထိစပ္ေနသည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ အတြင္း တာခ်ီလိတ္ - မယ္ဆိုင္ကို ဆက္သြယ္ထားသည့္ ျမန္မာ - ထုိင္းနယ္စပ္ဝင္ထြက္ေပါက္၊ ဝမ္ပံု - လံုတားထိုင္းဆက္သြယ္ထားသည့္ ဝမ္ပံုဆိပ္ကမ္းႏွင့္ က်ိဳင္းလပ္ - စီအင္ေကာက္ဆက္သြယ္ထားသည့္ ျမန္မာ - လာအိုနယ္စပ္ ဝင္ထြက္ေပါက္မ်ား ဖြင့္လွစ္ထားျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း တတိယမြောက် အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်ထွက်ပေါက်ဖြစ်သည့် မြန်မာ - လာအိုနယ်စပ်ဝင်ထွက်ပေါက်မှ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် သွားလာနိုင်ရေး ညှိနှိုင်းနေဆဲဖြစ်ပြီး လတ်တလောတွင် နှစ်နိုင်ငံနယ်စပ်ဒေသတွင် နေထိုင်သူများအား ဖြတ်သန်းခွင့် ပေးထားကြောင်း သိရသည်။

လက်ရှိတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြောင်းလဲ အသုံးပြုနေသည့် နယ်စပ်ဖြတ်သန်းခွင့် အထောက်အထားများအား လုံခြုံရေးအဆင့်မြှင့်တင်ထားသည့် စနစ်ကိုလည်း အဆိုပါ နယ်စပ်ဝင်ထွက်ပေါက်တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့ကတည်းက အသုံးပြုနပြေီဖြစ်ကြောင်း သိရသည်။

“လာအိုနဲ့ဝင်ထွက်ပေါက်ဖြစ်တဲ့ ကျိုင်းလပ်တံတားမှာတော့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်နဲ့ ခွင့်မပြုသေးဘူး။ နှစ်နိုင်ငံနယ်စပ်ဒေသနေသူတွေကို ထုတ်ပေးနေတဲ့ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်နဲ့ပဲ ခွင့်ပြုထားတာဆိုတော့ အခုပြောင်းထားတဲ့စနစ်ကို ကျိုင်းလပ်မှာက အောက်တိုဘာလ(၂၇)ရက်ကတည်းက စသုံးနေပါပြီ။ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်နဲ့ ဖြတ်သန်းသွားလာခွင့်ကိုတော့ နှစ်နို်င်ငံညှိနှိုင်းဆဲပါ”ဟု လဝကဌာနခွဲ(၆) တာချီလိတ်၏ ခေတ္တ ဒုဌာနခွဲမှူး ဦးစီးအရာရှိ ဦးဝင်းသိန်းက တာချိီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့တွင် နယ်စပ်ဝင်ထွက်ပေါက်ကို၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး နေ့စဉ်ဖြတ်သန်းသွားလာမှုမှာ ပျမ်းမျှအားဖြင့် (၅)ဦး ဝန်းကျင်သာ ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်မှ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့နှင့် လာအိုနိုင်ငံ စီအင်ကောက်မြို့တို့ကို ဆက်သွယ်ထားသည့် နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှ နယ်စပ်ဝင်ထွက်ပေါက်မှနေ၍ နှစ်နိုင်ငံသားများအား နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ဖြင့် (၁၃)ညအိပ် (၁၄)ရက်ခရီး ခွင့်ပြုထားခြင်းဖြစ်ကာ နယ်စပ်ဒေသနေ မြန်မာနိုင်ငံသားများကို လာအိုနိုင်ငံ လောင်နန်သာခရိုင် မောင်စင်မြို့နှင့် မောင်လောင်မြို့များအထိ ခွင့်ပြုထားပြီး နယ်စပ်ဒေသနေ လာအိုနိုင်ငံသားများကို တာချီလိတ်မြို့နှင့် မိုင်းယောင်းမြို့များအထိ သွားလာခွင့်ပြုထားကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း မြန်မာ - လာအိုနယ်စပ်ဖြစ်သည့် မဲခေါင်မြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပြည်တွင်းဆိပ်ကမ်း (ဝမ်ပုံ) မှနေ၍ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ဖြင့် (၆)ညအိပ် (၇)ရက်ခရီး ခွင့်ပြုပေးထားပြီး မြန်မာနိုင်ငံသားများကို လာအိုနိုင်ငံ လုံတိုင်းထားပြည်နယ်အတွင်း ကီလိုမီတာ (၃၀)ခန့်အထိလည်းကောင်း၊ လာအိုနိုင်ငံသားများကို တာချီလိတ်မြို့နယ်အတွင်းလည်းကောင်း ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့ဖြင့် နယ်နမိတ်ထိစပ်နေသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် အတွင်း တာချီလိတ် - မယ်ဆိုင်ကို ဆက်သွယ်ထားသည့် မြန်မာ - ထိုင်းနယ်စပ်ဝင်ထွက်ပေါက်၊ ဝမ်ပုံ - လုံတားထိုင်းဆက်သွယ်ထားသည့် ဝမ်ပုံဆိပ်ကမ်းနှင့် ကျိုင်းလပ် - စီအင်ကောက်ဆက်သွယ်ထားသည့် မြန်မာ - လာအိုနယ်စပ် ဝင်ထွက်ပေါက်များ ဖွင့်လှစ်ထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~