လိြဳင္ေကာ္ၿမိဳ႕နယ္ လယ္ကြင္းထဲ၌ ထိုးသြင္းဒဏ္ရာ အခ်က္ (၃၀)ျဖင့္ အသတ္ခံထားရသည့္ မိန္းကေလးမွာ ရည္းစားႏွင့္ တန္ေဆာင္တိုင္ပြဲလည္ရန္ ထြက္သြားရာမွ ေပ်ာက္ဆုံးေနသူျဖစ္ေၾကာင္း အတည္ျပဳ

လိြဳင္ေကာ္ၿမိဳ႕နယ္ လယ္ကြင္းထဲ၌ ထိုးသြင္းဒဏ္ရာ အခ်က္ (၃၀)ျဖင့္ အသတ္ခံထားရသည့္ မိန္းကေလးမွာ ရည္းစားႏွင့္ တန္ေဆာင္တိုင္ပြဲလည္ရန္ ထြက္သြားရာမွ ေပ်ာက္ဆုံးေနသူျဖစ္ေၾကာင္း အတည္ျပဳ
နိုဝင်ဘာ 24, 2018
By Tachileik News Agency

ကယားျပည္နယ္၊  လိြဳင္ေကာ္ၿမိဳ႕နယ္ ကုန္းသာေက်းရြာအုပ္စု၊  ဝါရီေကာခူေက်းရြာအနီးလယ္ကြင္းတြင္ ၂၀၁၈ခုႏွစ္ ႏိုဝင္ဘာလ (၂၃)ရက္ေန႔ညက  ထိုးသြင္းဒဏ္ရာ အခ်က္(၃၀)ျဖင့္ သတ္ခံထားရေသာ အမ်ိဳးသမီးမွာ ရည္စားျဖစ္သူ ႏွင့္ တန္ေဆာင္တိုင္ပြဲလည္ရန္ ထြက္သြားရာမွ ေပ်ာက္ဆုံးေနသူျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ႏွင့္ မိသားစုက အတည္ျပဳခဲ့ၿပီး တရာခံအား ရွာေဖြေနေၾကာင္း သိရသည္။

အဆိုပါ ေသဆံုးသူကို ႏိုဝင္ဘာလ (၂၄) ရက္ေန႔ နံနက္ပိုင္းတြင္ မိုးၿဗဲၿမိဳ႕မွ သမီးတစ္ဦးေပ်ာက္ဆံုးေနသည့္ မိသားစုႏွင့္ မိုးၿဗဲနယ္ေျမ ရဲစခန္းမွဴးတို႔က လိြဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ လာေရာက္အတည္ျပဳေပးႏုိင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ေသဆုံးသူမွာ မိုးၿဗဲၿမိဳ႕  ရွီးမီေလာေက်းရြာမွ အသက္ (၁၇) ႏွစ္အရြယ္ မပြင့္ျဖဴျဖစ္ၿပီး ႏိုဝင္ဘာလ (၂၂) ရက္ေန႔ ည (၇)နာရီခြဲအခ်ိန္ခန္႔တြင္ ၎၏ ရည္းစားျဖစ္သူက တန္ေဆာင္တိုင္ပြဲလည္ရန္ ေခၚ၍ ေနအိမ္မွ ထြက္သြားခဲ့ရာမွ ျပန္ေရာက္လာျခင္း မရွိေတာ့ဘဲ မိသားစုမွ ဖုန္းဆက္ေသာ္လည္း ဖုန္းစက္ပိတ္ထားသျဖင့္ ဆက္သြယ္၍ မရရွိခဲ့ေၾကာင္း သိရသည္။

ေသဆံုးေနသူ အမ်ဳိးသမီး၏ ခႏၶာကိုယ္တြင္ ၀ဲဘက္ခါးေစာင္း ထိုးသြင္းဒဏ္ရာ (၂)ခ်က္၊ ၀မ္းဗိုက္ ထိုးသြင္းဒဏ္ရာ(၁၀)ခ်က္၊ ၀ဲဘက္ႏို႔အုံထိုးသြင္း ဒဏ္ရာ(၉)ခ်က္၊ ယာဘက္ႏို႔အုံထိုးသြင္း ဒဏ္ရာ(၂)ခ်က္၊ ရင္ညႊန္႔ထိုးသြင္းဒဏ္ရာ (၂)ခ်က္၊ ၀ဲဘက္ေက်ာကုန္း ထိုးသြင္းဒဏ္ရာ(၂)ခ်က္၊ ၀ဲဘက္လက္ဖ်ံ ထိုးသြင္းဒဏ္ရာ (၁)ခ်က္၊ ၀ဲဘက္ဂ်ဳိင္းေအာက္ ထိုးသြင္းဒဏ္ရာ(၁)ခ်က္၊ ၀ဲလက္ခလယ္ ျပတ္ရွဒဏ္ရာ(၁)ခ်က္ စုစုေပါင္း ထိုးတြင္းဒဏ္ရာ အခ်က္(၃၀)ျဖင့္ ေသဆံုးေနသည္ကို ေတြ႔ရွိရသည္ကို ရဲတပ္ဖြဲ႔၏ စစ္ေဆးခ်က္အရ သိရသည္။

အဆိုပါ လူသတ္မႈကို လိြဳင္ေကာ္ၿမိဳ႕မရဲစခန္း၌ (ပ)၂၅၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ထားကာ ရဲတပ္ဖြဲ႕ႏွင့္္ ကယန္းျပည္သစ္ပါတီမွ တာဝန္ရွိသူမ်ား ပူးေပါင္း၍ စုံစမ္း ေဖၚထုတ္ေနေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာအုပ်စု၊ ဝါရီကောခူကျေးရွာအနီးလယ်ကွင်းတွင် ၂၀၁၈ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့ညက ထိုးသွင်းဒဏ်ရာ အချက်(၃၀)ဖြင့် သတ်ခံထားရသော အမျိုးသမီးမှာ ရည်စားဖြစ်သူ နှင့် တန်ဆောင်တိုင်ပွဲလည်ရန် ထွက်သွားရာမှ ပျောက်ဆုံးနေသူဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် မိသားစုက အတည်ပြုခဲ့ပြီး တရာခံအား ရှာဖွေနေကြောင်း သိရသည်။

အဆိုပါ သေဆုံးသူကို နိုဝင်ဘာလ (၂၄) ရက်နေ့ နံနက်ပိုင်းတွင် မိုးဗြဲမြို့မှ သမီးတစ်ဦးပျောက်ဆုံးနေသည့် မိသားစုနှင့် မိုးဗြဲနယ်မြေ ရဲစခန်းမှူးတို့က လွိုင်ကော်မြို့မရဲစခန်းတွင် လာရောက်အတည်ပြုပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ မိုးဗြဲမြို့ ရှီးမီလောကျေးရွာမှ အသက် (၁၇) နှစ်အရွယ် မပွင့်ဖြူဖြစ်ပြီး နိုဝင်ဘာလ (၂၂) ရက်နေ့ ည (၇)နာရီခွဲအချိန်ခန့်တွင်၎င်း၏ ရည်းစားဖြစ်သူက တန်ဆောင်တိုင်ပွဲလည်ရန် ခေါ်၍ နေအိမ်မှ ထွက်သွားခဲ့ရာမှ ပြန်ရောက်လာခြင်း မရှိတော့ဘဲ မိသားစုမှ ဖုန်းဆက်သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် ဆက်သွယ်၍ မရရှိခဲ့ကြောင်း သိရသည်။

သေဆုံးနေသူ အမျိုးသမီး၏ ခန္ဓာကိုယ်တွင် ဝဲဘက်ခါးစောင်း ထိုးသွင်းဒဏ်ရာ (၂)ချက်၊ ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ(၁၀)ချက်၊ ဝဲဘက်နို့အုံထိုးသွင်း ဒဏ်ရာ(၉)ချက်၊ ယာဘက်နို့အုံထိုးသွင်း ဒဏ်ရာ(၂)ချက်၊ ရင်ညွှန့်ထိုးသွင်းဒဏ်ရာ (၂)ချက်၊ ဝဲဘက်ကျောကုန်း ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ဝဲဘက်လက်ဖျံ ထိုးသွင်းဒဏ်ရာ (၁)ချက်၊ ဝဲဘက်ဂျိုင်းအောက် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဝဲလက်ခလယ် ပြတ်ရှဒဏ်ရာ(၁)ချက် စုစုပေါင်း ထိုးတွင်းဒဏ်ရာ အချက်(၃၀)ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်ကို ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

အဆိုပါ လူသတ်မှုကို လွိုင်ကော်မြို့မရဲစခန်း၌ (ပ)၂၅၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကာ ရဲတပ်ဖွဲ့နှင့် ကယန်းပြည်သစ်ပါတီမှ တာဝန်ရှိသူများ ပူးပေါင်း၍ စုံစမ်း ဖော်ထုတ်နေကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~