ကယားျပည္နယ္အတြင္း မယ္စဲ့နယ္စပ္ကုန္သြယ္ေရးစခန္းႏွင့္ နယ္စပ္စစ္ေဆးေရးစခန္းမ်ားအား ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ဘတ္ဂ်က္ျဖင့္ တည္ေဆာက္မည္

ကယားျပည္နယ္အတြင္း မယ္စဲ့နယ္စပ္ကုန္သြယ္ေရးစခန္းႏွင့္ နယ္စပ္စစ္ေဆးေရးစခန္းမ်ားအား ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ဘတ္ဂ်က္ျဖင့္ တည္ေဆာက္မည္
နိုဝင်ဘာ 19, 2018
By Tachileik News Agency

ျမန္မာႏုိင္ငံ၏ (၁၆)ခုေျမာက္ နယ္စပ္ကုန္သြယ္ေရးစခန္းျဖစ္သည့္ ကယားျပည္နယ္ရိွ မယ္စဲ့နယ္စပ္ ကုန္သြယ္ေရးစခန္းပင္မရံုးႏွင့္ နယ္စပ္စစ္ေဆးေရးစခန္း ေဆာက္လုပ္ရန္ေျမေနရာမ်ားကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၇)ရက္ေန႔က အတည္ျပဳေရြးခ်ယ္လုိက္ၿပီျဖစ္ေၾကာင္း သိရသည္။

“လက္ရိွမွာက နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္ခြင့္ေတာ့ မရိွေသးဘူး။ ႏွစ္ဖက္ႏုိင္ငံေတြ ကုန္သြယ္မႈေတာ့ ရိွေနၿပီ။ စီးပြားကူးသန္းက လက္ရိွနယ္စပ္ကုန္သြယ္ေရးစခန္းေနရာက ရံုးေနရာ၊ ဝန္ထမ္းေနရာေတြ ေရာေနတဲ့အတြက္ သီးသန္႔ျပန္ေဆာက္ေပးဖို႔ ေျမေနရာၾကည့္တာပါ။ ကုန္သြယ္ေရးလုပ္ငန္းက လုပ္ေဆာင္လက္စေပါ့။ ေနာက္ထပ္ ရံုးအသစ္ ထပ္ေဆာက္ဖို႔ပါ။ နယ္စပ္ စစ္ေဆးေရးစခန္းကေတာ့ လဝက၊ ရဲဌာန၊အခြန္တို႔ ဒီ(၃)ဌာနအတြက္ေပါ့။ ေလာေလာဆယ္ ဘတ္ဂ်က္က်တာက လဝကပဲ ရိွေသးတာမို႔ ေျမေနရာ ရွာတာပါ။ ေနာင္မွာ ဘတ္ဂ်က္က်လာရင္ေတာ့ ရဲတို႔ အခြန္တို႔လည္း ဒီေနရာမွာ ထပ္ေဆာက္ရမွာေပါ့။ ဒါကေတာ့ ႏွစ္ႏုိင္ငံ နယ္စပ္ျဖတ္ေက်ာ္မႈကို စစ္ေဆးဖို႔အတြက္ပါ”ဟု မယ္စဲ့ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးမ်ိဳးသန္႔က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ မယ္စဲ့နယ္စပ္စစ္ေဆးေရးစခန္းကို မယ္စဲ့ - နမ့္မန္း - ဘီပီ(၁၃)လမ္းရွိ ေနရာ (၄) ေနရာအနက္ ဖားေဆာင္းသံလြင္တံတားမွ (၄၃) မိုင္ (၄) ဖာလံုခန္႔ အကြာ၊ မယ္စဲ့ၿမိဳ႕မွ (၁၁) မိုင္၊ နမ့္မန္းေက်း႐ြာမွ (၄) မိုင္အကြာတြင္ တည္ေဆာက္ရန္ ေရြးခ်ယ္လိုက္ၿပီး ၂၀၁၈ -၂၀၁၉ ဘ႑ာႏွစ္ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာန၏ ခြင့္ျပဳရန္ပံုေငြျဖင့္ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

မယ္စဲ့ကုန္သြယ္ေရးစခန္းပင္မရံုးကိုလည္း စီးပြားေရးႏွင့္ကူးသန္းေရာင္း ဝယ္ေရးဝန္ႀကီးဌာန၊ ကုန္သြယ္ေရး ဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ေငြလံုးေငြရင္း(မူလခြင့္ျပဳရန္ပံုေငြ)ျဖင့္ တည္ေဆာက္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

ကယားျပည္နယ္အစိုးရအဖြဲ႔ ျပည္နယ္စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးေမာ္ေမာ္ႏွင့္ ျပည္နယ္သက္ဆိုင္ရာ ဌာနမ်ားက ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၇) ရက္ေန႔တြင္ မယ္စဲ့ကုန္သြယ္ေရး စခန္းပင္မ႐ံုး တည္ေဆာက္ရန္ႏွင့္ မယ္စဲ့နယ္စပ္စစ္ေဆးေရးစခန္း ေဆာက္လုပ္ရန္ေျမေနရာအား ကြင္းဆင္းၾကည့္႐ႈ သတ္မွတ္ခဲ့ျခင္းျဖစ္သည္။

ကယားျပည္နယ္၊ ေဘာလခဲခ႐ိုင္၊ မယ္စဲ့ၿမိဳ႕နယ္၌ ျမန္မာ - ထုိင္းႏွစ္ႏုိင္ငံကုန္သြယ္ေရးအတြက္ နယ္စပ္ကုန္သြယ္ေရး စခန္းကို ၂၀၁၆ ခုႏွစ္၊ ေအာက္တိုဘာ (၂၇) ရက္ေန႔က စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး ကယားျပည္နယ္ မယ္စဲ့ႏွင့္ ထုိင္းႏုိင္ငံ မယ္ေဟာင္ေဆာင္ၾကား ႏွစ္ႏုိင္ငံခရီးသြားမ်ား ဝင္ထြက္ သြားလာႏုိင္မည့္ အျပည္ျပည္ဆုိင္ရာဝင္ထြက္ေပါက္အျဖစ္ ေဖၚေဆာင္ႏုိင္ေရးကိုလည္း လ်ာထားျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ကယားျပည္နယ္အစိုးရအဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံ၏ (၁၆)ခုမြောက် နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည့် ကယားပြည်နယ်ရှိ မယ်စဲ့နယ်စပ် ကုန်သွယ်ရေးစခန်းပင်မရုံးနှင့် နယ်စပ်စစ်ဆေးရေးစခန်း ဆောက်လုပ်ရန်မြေနေရာများကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့က အတည်ပြုရွေးချယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာက နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့်တော့ မရှိသေးဘူး။ နှစ်ဖက်နိုင်ငံတွေ ကုန်သွယ်မှုတော့ ရှိနပြေီ။ စီးပွားကူးသန်းက လက်ရှိနယ်စပ်ကုန်သွယ်ရေးစခန်းနေရာက ရုံးနေရာ၊ ဝန်ထမ်းနေရာတွေ ရောနေတဲ့အတွက် သီးသန့်ပြန်ဆောက်ပေးဖို့ မြေနေရာကြည့်တာပါ။ ကုန်သွယ်ရေးလုပ်ငန်းက လုပ်ဆောင်လက်စပေါ့။ နောက်ထပ် ရုံးအသစ် ထပ်ဆောက်ဖို့ပါ။ နယ်စပ် စစ်ဆေးရေးစခန်းကတော့ လဝက၊ ရဲဌာန၊အခွန်တို့ ဒီ(၃)ဌာနအတွက်ပေါ့။ လောလောဆယ် ဘတ်ဂျက်ကျတာက လဝကပဲ ရှိသေးတာမို့ မြေနေရာ ရှာတာပါ။ နောင်မှာ ဘတ်ဂျက်ကျလာရင်တော့ ရဲတို့ အခွန်တို့လည်း ဒီနေရာမှာ ထပ်ဆောက်ရမှာပေါ့။ ဒါကတော့ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်မှုကို စစ်ဆေးဖို့အတွက်ပါ”ဟု မယ်စဲ့မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မယ်စဲ့နယ်စပ်စစ်ဆေးရေးစခန်းကို မယ်စဲ့ - နမ့်မန်း - ဘီပီ(၁၃)လမ်းရှိ နေရာ (၄) နေရာအနက် ဖားဆောင်းသံလွင်တံတားမှ (၄၃) မိုင် (၄) ဖာလုံခန့် အကွာ၊ မယ်စဲ့မြို့မှ (၁၁) မိုင်၊ နမ့်မန်းကျေးရွာမှ (၄) မိုင်အကွာတွင် တည်ဆောက်ရန် ရွေးချယ်လိုက်ပြီး ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွဖြေင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မယ်စဲ့ကုန်သွယ်ရေးစခန်းပင်မရုံးကိုလည်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း(မူလခွင့်ပြုရန်ပုံငွေ)ဖြင့် တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်နှင့် ပြည်နယ်သက်ဆိုင်ရာ ဌာနများက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့တွင် မယ်စဲ့ကုန်သွယ်ရေး စခန်းပင်မရုံး တည်ဆောက်ရန်နှင့် မယ်စဲ့နယ်စပ်စစ်ဆေးရေးစခန်း ဆောက်လုပ်ရန်မြေနေရာအား ကွင်းဆင်းကြည့်ရှု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ မြန်မာ - ထိုင်းနှစ်နိုင်ငံကုန်သွယ်ရေးအတွက် နယ်စပ်ကုန်သွယ်ရေး စခန်းကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ (၂၇) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကယားပြည်နယ် မယ်စဲ့နှင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ကြား နှစ်နိုင်ငံခရီးသွားများ ဝင်ထွက် သွားလာနိုင်မည့် အပြည်ပြည်ဆိုင်ရာဝင်ထွက်ပေါက်အဖြစ် ဖော်ဆောင်နိုင်ရေးကိုလည်း လျာထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကယားပြည်နယ်အစိုးရအဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~