ေက်ာက္မဲၿမိဳ႕နယ္ ကၽြဲကုန္းရြာတြင္ ေစတီတည္ရန္ တူးေဖၚစဥ္ ေျမအနက္ (၂)ေပခြဲ၌ ဆင္းတုေတာ္ငယ္ (၄၁)ဆူ ေတြ႔ရိွ

ေက်ာက္မဲၿမိဳ႕နယ္ ကၽြဲကုန္းရြာတြင္ ေစတီတည္ရန္ တူးေဖၚစဥ္ ေျမအနက္ (၂)ေပခြဲ၌ ဆင္းတုေတာ္ငယ္ (၄၁)ဆူ ေတြ႔ရိွ
နိုဝင်ဘာ 24, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ ကၽြဲကုန္းေက်းရြာရွိ ကၽြဲကုန္း ဘုန္းေတာ္ႀကီးေက်ာင္းဝန္း အတြင္း ေစတီတည္ရန္အတြက္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၄) ရက္ေန႔ နံနက္ပိုင္းက ေျမတူးရာ အနက္ (၂)ေပခြဲတြင္ ဆင္းတုေတာ္ငယ္ (၄၁) ဆူေတြ႔ရွိရေၾကာင္း သိရသည္။

"ေစတီအသစ္တည္ဖို႔ အတြက္ လိုင္းက်င္းေျမတူးတဲ့ေနရာမွာ အရင္က ေစတီေဟာင္းလိုမ်ိဳးေတြ႔ၿပီး ဆက္တူးၾကည့္တဲ့အခါ ဘုရားဆင္းတုေတာ္ေတြကို ေတြ႔ရတာပဲ။ ေအာက္ကို ဆက္မတူးေသးဘဲ ေလာေလာဆယ္ေတာ့ ရပ္ထားတယ္"ဟု ကြ်ဲကုန္းေက်းရြာေဒသခံတစ္ဦးျဖစ္သည့္ မနန္းျမင့္ျမင့္စန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေတြ႔ရိွရသည့္ ဆင္းတုေတာ္မ်ားကို ကၽြဲကုန္းေက်းရြာဘုန္းႀကီးေက်ာင္းဝန္းအတြင္း ထားရိွၿပီး အဆုိပါေနရာ၌ တူးေဖၚျခင္းအား ရပ္ဆုိင္းထားေၾကာင္း သိရသည္။

တူးေဖၚေတြ႔ရိွရသည့္ ဆင္းတုေတာ္ (၄၁) ဆူတြင္ အႀကီးဆံုးဆင္းတုေတာ္မွာ (၁၀) လက္မခန္႔ႏွင့္ အရြယ္အငယ္ဆံုး ဆင္းတုေတာ္မွာ (၃) လက္မခန္႔ ဥာဏ္ေတာ္အျမင့္ရွိကာ ရပ္ေတာ္မူ၊ ေလ်ာင္းေတာ္မူ ဆင္းတုေတာ္မ်ားလည္း ပါဝင္ေၾကာင္း သိရသည္။

သတင္း -  ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာရှိ ကျွဲကုန်း ဘုန်းတော်ကြီးကျောင်းဝန်း အတွင်း စေတီတည်ရန်အတွက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့ နံနက်ပိုင်းက မြေတူးရာ အနက် (၂)ပေခွဲတွင် ဆင်းတုတော်ငယ် (၄၁) ဆူတွေ့ရှိရကြောင်း သိရသည်။

"စေတီအသစ်တည်ဖို့ အတွက် လိုင်းကျင်းမြေတူးတဲ့နေရာမှာ အရင်က စေတီဟောင်းလိုမျိုးတွေ့ပြီး ဆက်တူးကြည့်တဲ့အခါ ဘုရားဆင်းတုတော်တွေကို တွေ့ရတာပဲ။ အောက်ကို ဆက်မတူးသေးဘဲ လောလောဆယ်တော့ ရပ်ထားတယ်"ဟု ကျွဲကုန်းကျေးရွာဒေသခံတစ်ဦးဖြစ်သည့် မနန်းမြင့်မြင့်စန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တွေ့ရှိရသည့် ဆင်းတုတော်များကို ကျွဲကုန်းကျေးရွာဘုန်းကြီးကျောင်းဝန်းအတွင်း ထားရှိပြီး အဆိုပါနေရာ၌ တူးဖော်ခြင်းအား ရပ်ဆိုင်းထားကြောင်း သိရသည်။

တူးဖော်တွေ့ရှိရသည့် ဆင်းတုတော် (၄၁) ဆူတွင် အကြီးဆုံးဆင်းတုတော်မှာ (၁၀) လက်မခန့်နှင့် အရွယ်အငယ်ဆုံး ဆင်းတုတော်မှာ (၃) လက်မခန့် ဉာဏ်တော်အမြင့်ရှိကာ ရပ်တော်မူ၊ လျောင်းတော်မူ ဆင်းတုတော်များလည်း ပါဝင်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~