ကလောမြို့ရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များအား ရှောင်တခင်စစ်ဆေးပြီး သက်တမ်းလွန်နှင့် သတ်မှတ်ချက်နှင့် မကိုက်ညီသည့် ပစ္စည်းများ သိမ်းဆည်းအရေးယူ

ကလောမြို့ရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များအား ရှောင်တခင်စစ်ဆေးပြီး သက်တမ်းလွန်နှင့် သတ်မှတ်ချက်နှင့် မကိုက်ညီသည့် ပစ္စည်းများ သိမ်းဆည်းအရေးယူ
နိုဝငျဘာ 10, 2018
By Tachileik News Agency
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်း ဆိုင် (၃)ဆိုင်မှ သက်တမ်းလွန် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် မြေသြဇာ စုစုပေါင်း ကျပ်သိန်း(၁,၀၀၀)ကျော်ဖိုးကို လက်ရှိတွင် ထိန်းသိမ်းထားပြီး အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။


ကလောမြို့ရှိ  စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင်(၃)ဆိုင်တွင် စိုက်ပျိုးရေးသုံးပစ္စည်း (၆၈)မျိုးကို အသေးစိတ် စစ်ဆေးရာ အသုံးပြုရန်မသင့်သည့် ကျပ်သိန်း(၅၀၀)ကျော်တန်ဖိုးရှိ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများကို သိမ်းဆည်းခဲ့ပြီး သတ်မှတ်ညွှန်ကြားချက်များ မပါဝင်သည့် ကျပ်သိန်း(၅၀၀)ကျော် တန်ဖိုးရှိ မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးတို့ကို ထိန်းချုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ရှမ်းပြည်နယ်အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ လမ်းညွှန်မှုအရ ပြည်နယ်ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ဒေသခံဌာနဆိုင်ရာများပူးပေါင်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် အတွင်းရှိ မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအရောင်းဆိုင်များအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့က ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ဥပဒေနှင့်အညီ မဟုတ်သော ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မျိုးစေ့ တင်သွင်း ဖြန့်ဖြူးရောင်းချနေမှုများကို ပညာပေးကာလ (၃)လ သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပညာပေး ကာလကျော်လွန်သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့မှစ၍ ပြင်းထန်ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားခဲ့ခြင်းဖြစ်သည်။

သတင်း - ဇွဲမြတ်



~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်း ဆိုင် (၃)ဆိုင်မှ သက်တမ်းလွန် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် မြသြေဇာ စုစုပေါင်း ကျပ်သိန်း(၁,ဝဝဝ)ကျော်ဖိုးကို လက်ရှိတွင် ထိန်းသိမ်းထားပြီး အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့က သိမ်းရမယ့် ပစ္စည်းကို ကျွန်တော်တို့ သိမ်းထားပါတယ်။ ထိန်းချုပ်ရမယ့် ပစ္စည်းတွေ ကိုတော့ ရွှေ့ပြောင်းခွင့်၊ ရောင်းချခွင့် မပြုဘဲနဲ့ ပြည်နယ်စားသုံးသူအငြင်းပွား မှုဖြေရှင်းရေး အဖွဲ့ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ကို ခံယူသွားမှာဖြစ်ပါတယ်။ ဒါတွေကို စားသုံးသူ ကာကွယ်ရေးဥပဒေနဲ့ အရေးယူ မလား ဒါမှမဟုတ် စိုက်ပျိုးရေး ဥပဒေတွေနဲ့ပဲ အရေးယူမလားဆိုတာကတော့ ကော်မတီ ဆုံးဖြတ်ချက်နဲ့ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကလောမြို့ရှိ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင်(၃)ဆိုင်တွင် စိုက်ပျိုးရေးသုံးပစ္စည်း (၆၈)မျိုးကို အသေးစိတ် စစ်ဆေးရာ အသုံးပြုရန်မသင့်သည့် ကျပ်သိန်း(၅၀၀)ကျော်တန်ဖိုးရှိ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများကို သိမ်းဆည်းခဲ့ပြီး သတ်မှတ်ညွှန်ကြားချက်များ မပါဝင်သည့် ကျပ်သိန်း(၅၀၀)ကျော် တန်ဖိုးရှိ မြသြေဇာ၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးတို့ကို ထိန်းချုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"တောင်သူလယ်သမား အကျိုးစီးပွား အတွက်သော် လည်းကောင်း၊ စားသုံးသူ အကာအကွယ်ပေးရေး အရသော် လည်းကောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာဆုံးရှုံးမှုတွေမဖြစ်ဖို့နဲ့ နိုင်ငံသားတွေရဲ့ ကျန်းမာရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းရှင်ကြီးများအနေနဲ့ ဥပဒေတွေကို လေးစားလိုက်နာပြီး နိုင်ငံတော်နဲ့ ပူးပေါင်း ဆောင်ရွက်စေချင်ပါတယ်”ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။

ရှမ်းပြည်နယ်အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၏ လမ်းညွှန်မှုအရ ပြည်နယ်ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ဒေသခံဌာနဆိုင်ရာများပူးပေါင်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် အတွင်းရှိ မြသြေဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအရောင်းဆိုင်များအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့က ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ဥပဒေနှင့်အညီ မဟုတ်သော ဓာတ်မြသြေဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မျိုးစေ့ တင်သွင်း ဖြန့်ဖြူးရောင်းချနေမှုများကို ပညာပေးကာလ (၃)လ သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပညာပေး ကာလကျော်လွန်သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့မှစ၍ ပြင်းထန်ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားခဲ့ခြင်းဖြစ်သည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - စားသုံးသူရေးရာ(တောင်ကြီး)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~