တာခ်ီလိတ္ၿမိဳ႕နယ္၏ (၂၃)ႀကိမ္ေျမာက္ စုေပါင္းမဟာဘံုကထိန္းတြင္ ပထမဆံုးအႀကိမ္အျဖစ္ ပေဒသာပင္မ်ားအား မဲႏႈိက္ကာ တစ္ေက်ာင္းလွ်င္ တစ္ခုႏႈန္းျဖင့္ ခြဲေ၀လွဴဒါန္းမည္

တာခ်ီလိတ္ၿမိဳ႕နယ္၏ (၂၃)ႀကိမ္ေျမာက္ စုေပါင္းမဟာဘံုကထိန္းတြင္ ပထမဆံုးအႀကိမ္အျဖစ္ ပေဒသာပင္မ်ားအား မဲႏႈိက္ကာ တစ္ေက်ာင္းလွ်င္ တစ္ခုႏႈန္းျဖင့္ ခြဲေ၀လွဴဒါန္းမည္
နိုဝင်ဘာ 20, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၏ (၂၃)ႀကိမ္ေျမာက္ ၿမိဳ႕နယ္စုေပါင္းမဟာဘံုကထိန္မွ ပေဒသာပင္မ်ားကို တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရိွ ၿမိဳ႕ေပၚေက်ာင္းတုိက္ (၅၆)ေက်ာင္းအား တစ္ေက်ာင္းလွ်င္ ပေဒသာပင္ (၁)ပင္ႏႈန္း မဲစနစ္ျဖင့္ ခြဲေဝလွဴဒါန္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕နယ္စုေပါင္းမဟာဘံုကထိန္တြင္ လွဴဒါန္းမည့္ပေဒသာပင္မ်ားကို ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၂၁)ရက္ေန႔ ညေန(၅)နာရီတြင္ ရွမ္းရိုးမကြင္းအတြင္း အေရာက္ပို႔ေဆာင္ေပးၾကရမည္ျဖစ္ၿပီး ညေန (၆)နာရီအခ်ိန္တြင္ ပေဒသာပင္မ်ားအား တစ္ေက်ာင္းလွ်င္ ပေဒသာပင္တစ္ပင္ႏႈန္း ႀကိဳတင္မဲႏိႈက္မည္ျဖစ္ေၾကာင္း သိရသည္။

ပေဒသာပင္မ်ားအား ရွမ္းရိုးမကြင္းအတြင္း ထားရိွကာ ယခင္ႏွစ္မ်ားကဲ့သို႔ အလွဆံုးပေဒသာပင္ ေရြးခ်ယ္ဆုေပးျခင္းကို ည(၈)နာရီအခ်ိန္တြင္ ေရြးခ်ယ္မည္ျဖစ္ေၾကာင္း သိရသည္။

ပေဒသာပင္မ်ားအား ႏိုဝင္ဘာလ (၂၂)ရက္ေန႔ နံနက္  (၇)နာရီတြင္ ရွမ္းရိုးမကြင္းမွေန၍ ခ်စ္ၾကည္ေရးတံတားအမွတ္(၁)ထိပ္ရိွ အဝိုင္းပတ္မွတစ္ဆင့္ ခ်စ္ၾကည္ေရးတံတားအမွတ္(၂)အထိ လွည့္လည္ၾကမည္ျဖစ္ၿပီး ကထိန္အလွဴဆက္ကပ္လွဴဒါန္းမည့္ေက်ာင္းအသီးသီးသို႔ ပို႔ေဆာင္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Tint Swe


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၏ (၂၃)ကြိမ်မြောက် မြို့နယ်စုပေါင်းမဟာဘုံကထိန်မှ ပဒေသာပင်များကို တာချီလိတ်မြို့နယ်အတွင်းရှိ မြို့ပေါ်ကျောင်းတိုက် (၅၆)ကျောင်းအား တစ်ကျောင်းလျှင် ပဒေသာပင် (၁)ပင်နှုန်း မဲစနစ်ဖြင့် ခွဲဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်စုပေါင်းမဟာဘုံကထိန်တွင် လှူဒါန်းမည့်ပဒေသာပင်များကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့ ညနေ(၅)နာရီတွင် ရှမ်းရိုးမကွင်းအတွင်း အရောက်ပို့ဆောင်ပေးကြရမည်ဖြစ်ပြီး ညနေ (၆)နာရီအချိန်တွင် ပဒေသာပင်များအား တစ်ကျောင်းလျှင် ပဒေသာပင်တစ်ပင်နှုန်း ကြိုတင်မဲနှိုက်မည်ဖြစ်ကြောင်း သိရသည်။

ပဒေသာပင်များအား ရှမ်းရိုးမကွင်းအတွင်း ထားရှိကာ ယခင်နှစ်များကဲ့သို့ အလှဆုံးပဒေသာပင် ရွေးချယ်ဆုပေးခြင်းကို ည(၈)နာရီအချိန်တွင် ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။

ပဒေသာပင်များအား နိုဝင်ဘာလ (၂၂)ရက်နေ့ နံနက် (၇)နာရီတွင် ရှမ်းရိုးမကွင်းမှနေ၍ ချစ်ကြည်ရေးတံတားအမှတ်(၁)ထိပ်ရှိ အဝိုင်းပတ်မှတစ်ဆင့် ချစ်ကြည်ရေးတံတားအမှတ်(၂)အထိ လှည့်လည်ကြမည်ဖြစ်ပြီး ကထိန်အလှူဆက်ကပ်လှူဒါန်းမည့်ကျောင်းအသီးသီးသို့ ပို့ဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Tint Swe

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~