တာခ်ီလိတ္ၿမိဳ႕နယ္လံုးကြ်တ္ စုေပါင္းဘံုကထိန္၏ ပေဒသာပင္မ်ားအား ရွမ္းရိုးမကြင္းအတြင္း ျပသထားရွိ

တာခ်ီလိတ္ၿမိဳ႕နယ္လံုးကြ်တ္ စုေပါင္းဘံုကထိန္၏ ပေဒသာပင္မ်ားအား ရွမ္းရိုးမကြင္းအတြင္း ျပသထားရွိ
နိုဝင်ဘာ 21, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၏ (၂၃)ႀကိမ္ေျမာက္ ၿမိဳ႕နယ္စုေပါင္းမဟာဘံုကထိန္မွ ပေဒသာပင္မ်ားကို တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းအတြင္း၌ ၂၀၁၈ခုႏွစ္ ႏို၀င္ဘာလ(၂၁)ရက္ေန႔ ညေနပိုင္းက စ၍ ျပသထားလ်က္ရွိၿပီး ႏို၀င္ဘာလ(၂၂)ရက္ေန႔ နံနက္(၇)နာရီအခ်ိန္တြင္ ကထိန္ရၿပီးသည့္ ဘုန္းႀကီးေက်ာင္း (၅၇)ေက်ာင္းအား မဲႏႈိက္ေပးမည္ျဖစ္ေၾကာင္း သိရသည္။

ယေန႔ ႏို၀င္ဘာလ(၂၁)ရက္ေန႔ ညပိုင္းတြင္ ပေဒသာပင္အလွၿပိဳင္ပြဲကို ျပဳလုပ္ၿပီး အလွဆံုးပေဒသာပင္ကို ေရြးခ်ယ္ကာ ဆုေပးအပ္ခ်ီးျမႇင္မည္ျဖစ္ေၾကာင္း သိရသည္။

မူလက ယေန႔ ႏို၀င္ဘာလ(၂၁)ရက္ေန႔တြင္ ပေဒသာပင္မ်ားအား ဘုန္းႀကီးေက်ာင္းမ်ားသို႔ မဲႏႈိက္ေပးရန္ စီစဥ္ထားေသာ္လည္း လာေရာက္ပို႔ေဆာင္သည့္ ပေဒသာပင္မ်ားမွာ ေနာက္က်ေနသည့္အတြက္ ႏို၀င္ဘာလ(၂၂)ရက္ေန႔ နံနက္မွသာ မဲႏႈိက္္ေပးမည္ျဖစ္ၿပီး ကထိန္မရေသးသည့္ (၁၁)ေက်ာင္းကိုလည္း ကထိန္ခင္းေပးမည္ျဖစ္ေၾကာင္း သိရသည္။

ပေဒသာပင္မ်ားအား ႏိုဝင္ဘာလ (၂၂)ရက္ေန႔ နံနက္ပိုင္းတြင္ ရွမ္းရိုးမကြင္းမွေန၍ ခ်စ္ၾကည္ေရးတံတားအမွတ္(၁)ထိပ္ရိွ အဝိုင္းပတ္မွတစ္ဆင့္ ခ်စ္ၾကည္ေရးတံတားအမွတ္(၂)အထိ လွည့္လည္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - #ခ်ယ္ရီထိုက္၊ #ဆန္းၿဖဳိးထြန္း ၊ ဦးတင့္ေဆြ ( UTS )



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၏ (၂၃)ကြိမ်မြောက် မြို့နယ်စုပေါင်းမဟာဘုံကထိန်မှ ပဒေသာပင်များကို တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း၌ ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့ ညနေပိုင်းက စ၍ ပြသထားလျက်ရှိပြီး နိုဝင်ဘာလ(၂၂)ရက်နေ့ နံနက်(၇)နာရီအချိန်တွင် ကထိန်ရပြီးသည့် ဘုန်းကြီးကျောင်း (၅၇)ကျောင်းအား မဲနှိုက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ(၂၁)ရက်နေ့ ညပိုင်းတွင် ပဒေသာပင်အလှပြိုင်ပွဲကို ပြုလုပ်ပြီး အလှဆုံးပဒေသာပင်ကို ရွေးချယ်ကာ ဆုပေးအပ်ချီးမြှင်မည်ဖြစ်ကြောင်း သိရသည်။

မူလက ယနေ့ နိုဝင်ဘာလ(၂၁)ရက်နေ့တွင် ပဒေသာပင်များအား ဘုန်းကြီးကျောင်းများသို့ မဲနှိုက်ပေးရန် စီစဉ်ထားသော်လည်း လာရောက်ပို့ဆောင်သည့် ပဒေသာပင်များမှာ နောက်ကျနေသည့်အတွက် နိုဝင်ဘာလ(၂၂)ရက်နေ့ နံနက်မှသာ မဲနှိုက်ပေးမည်ဖြစ်ပြီး ကထိန်မရသေးသည့် (၁၁)ကျောင်းကိုလည်း ကထိန်ခင်းပေးမည်ဖြစ်ကြောင်း သိရသည်။

ပဒေသာပင်များအား နိုဝင်ဘာလ (၂၂)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းရိုးမကွင်းမှနေ၍ ချစ်ကြည်ရေးတံတားအမှတ်(၁)ထိပ်ရှိ အဝိုင်းပတ်မှတစ်ဆင့် ချစ်ကြည်ရေးတံတားအမှတ်(၂)အထိ လှည့်လည်ကြမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - #ချယ်ရီထိုက်၊ #ဆန်းဖြိုးထွန်း၊ ဦးတင့်ဆွေ ( UTS )

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~