သန်းခေါင်စာရင်းအချက်အလက်များကို ဒေသတာဝန်ရှိသူများအား အသိပေးဆွေးနွေးခြင်း အဖြစ် မိုင်းပျဉ်းမြို့နယ်တွင် ပြုလုပ်

သန်းခေါင်စာရင်းအချက်အလက်များကို ဒေသတာဝန်ရှိသူများအား အသိပေးဆွေးနွေးခြင်း အဖြစ် မိုင်းပျဉ်းမြို့နယ်တွင် ပြုလုပ်
နိုဝငျဘာ 19, 2018
By Tachileik News Agency




ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်တို့တွင်  အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကမ္ဘာ့လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)တို့ပူးပေါင်း၍ မြို့နယ် အဆင့် သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များ အသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့တွင် မြို့နယ်အဆင့် သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များ အသိပေး ဆွေးနွေးခြင်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်နေ့ကစတင်၍ နှစ်ရက်ကြာ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှ ကောက်ယူရရှိသည့် အချက် အလက်များကို မြို့နယ် အတွင်းမှ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူ (၅၄)ဦး တက်ရောက် ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲ ဖွင့်ပွဲသို့ အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးမှူး ဗိုလ်မှူးကြီး သက်အောင်ဇင်နှင့် တပ်မတော်အရာရှိများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များမှ စုစုပေါင်းအင်အား (၅၁)ဦးလည်း တက်ရောက်ကြပြီး မိုင်းပျဉ်းမြို့နယ် သန်းခေါင်စာရင်းကော်မတီ ဥက္ကဌ၊ မိုင်းပျဉ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာတင်ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ ကျိုင်းတုံခရိုင်လဝကဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်း၊ မိုင်းပျဉ်းမြို့နယ် လဝကမှူး ဦးဝင်းဖေနှင့် သက်ဆိုင်ရာများက တက်ရောက် ဆွေးနွေးကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်တို့တွင် အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကမာ္ဘ့လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)တို့ပူးပေါင်း၍ မြို့နယ် အဆင့် သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များ အသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်နခြေင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~