တာခ်ီလိတ္ၿမိဳ႕ ဟိုရမ္းျပည္သူ႔စစ္စခန္းတြင္ မူးယစ္ေဆးျဖတ္ကုသေရးႏွင့္ ျပန္လည္ထူေထာင္ေရးသင္တန္း ဖြင့္လွစ္မည္ျဖစ္၍ ႏို၀င္ဘာလ(၁၁)ရက္ေန႔အထိ စာရင္းေပးသြင္းႏိုင္

တာခ်ီလိတ္ၿမိဳ႕ ဟိုရမ္းျပည္သူ႔စစ္စခန္းတြင္ မူးယစ္ေဆးျဖတ္ကုသေရးႏွင့္ ျပန္လည္ထူေထာင္ေရးသင္တန္း ဖြင့္လွစ္မည္ျဖစ္၍ ႏို၀င္ဘာလ(၁၁)ရက္ေန႔အထိ စာရင္းေပးသြင္းႏိုင္
နိုဝင်ဘာ 9, 2018
By Tachileik News Agency
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)  တာခ်ီလိတ္ၿမိဳ႕တြင္ ျပန္လည္ထူေထာင္ေရးဦးစီးဌာနက ဖြင့္လွစ္မည့္ ရပ္ရြာအေျချပဳ မူးယစ္ေဆးျဖတ္ကုသေရးႏွင့္ ျပန္လည္ထူေထာင္ေရးသင္တန္းကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ(၁၂)ရက္ေန႔တြင္ စတင္ဖြင့္လွစ္မည္ျဖစ္ရာ ေဆးျဖတ္လိုသူမ်ား  ႏိုဝင္ဘာလ(၁၁)ရက္ေန႔ ေနာက္ဆံုးထား၍ စာရင္းေပးသြင္းႏုိင္ေၾကာင္း သိရသည္။

အဆိုပါ သင္တန္းအား ႏိုဝင္ဘာလ (၁၂)ရက္ေန႔မွ ဒီဇင္ဘာလ (၁၆) ရက္ေန႔အထိ မိုင္းကိုးေက်းရြာအုပ္စု၊ ဟိုရမ္းေက်းရြာရွိ ျပည္သူ႔စစ္စခန္းတြင္ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔က ေနဖို႔ စားဖို႔ အကုန္စီစဥ္ေပးမယ္။ တစ္ေယာက္ကို တစ္ေထာင္ႏႈန္းေပါ့။ အရင္က လူဦးေရ (၅၀)ေလာက္ ေခၚႏုိင္ေပမဲ့ အခုက ဝန္ထမ္းအင္အားအရ (၃၀)ပဲ လက္ခံသြားမွာပါ။ သင္တန္းၿပီးရင္ ေလ့လာေရး ေတြပါမယ္။ ဌာနဆိုင္ရာေတြ၊ အသင္းအဖြဲ႕ေတြက လာပို႔ခ်မယ္။ ေဆးျဖတ္ခ်င္တဲ့သူေတြ၊ ေဆးျဖတ္ဖို႔ ရည္ရြယ္ထားသူေတြ လာစာရင္းေပးလို႔ရပါတယ္"ဟု ျပန္လည္ထူေထာင္ေရးဦးစီးဌာနမွ ဒုဦးစီးမွဴး ဦးႏိုင္စိုးျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ မူးယစ္ေဆးျဖတ္သင္တန္းမွာ ျပည္လည္ထူေထာင္ေရးဦးစီးဌာန၊ တာခ်ီလိတ္ျပန္လည္ ထူေထာင္ေရး စခန္းက ဖြင့္လွစ္ျခင္းျဖစ္ၿပီး သင္တန္းကာလအတြင္း မူးယစ္ေဆးျဖတ္သူမ်ားကို ကုသေရး ဦးစီးဌာနက ေဆးျဖတ္ကုသေပးမႈမ်ားႏွင့္အတူ ျပန္လည္ထူေထာင္ႏိုင္ေရးအတြက္ သက္ေမြးပညာမ်ား သင္ၾကားေပးျခင္း၊ ျပန္လည္ထူေထာင္ေရးအတြက္ လႈပ္ရွားေဆာင္ရြက္မႈမ်ားကို ေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

ရပ္ရြာအေျချပဳသင္တန္းမ်ား ျပဳလုပ္ရျခင္း ရည္ရြယ္ခ်က္မ်ားတြင္ ရပ္ရြာေဒသတြင္း မူးယစ္ေဆးစြဲသူမ်ားကို ေဖၚထုတ္၍ ေဆးျဖတ္ကုသခံယူႏုိင္ေရး အတြက္ ကူညီေဆာင္ရြက္ေပးရန္လည္း ပါဝင္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ကူညီပါဝင္ဖို႔ လိုတယ္။ အဓိက က သင္တန္းသားေတြအတြက္ စားေရးေသာက္ေရးမွာ အခုအစိုးရက ခ်ထားေပးတဲ့ ႏႈန္းထားနဲ႔ မေလာက္ဘူး။ အလွဴရွင္ေတြ လိုအပ္ပါတယ္။ ကၽြန္ေတာ္ဆို ေရသန္႔ေတြ လွဴမယ္။ တာခ်ီလိတ္ၿမိဳ႕က လူထုေတြကလည္း ပူးေပါင္း ပါဝင္ေပးၾကပါ။ အလွဴရွင္ေတြ လိုအပ္ေနပါတယ္"ဟု အဆိုပါ သင္တန္းဖြင့္လွစ္ေရးအတြက္ ကူညီေပးေနသည့္ မဇၩိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။

မူးယစ္ေဆးျဖတ္လိုသူမ်ား အေနျဖင့္  ျပန္လည္ထူေထာင္ေရး ဦးစီးဌာန၊ တာခ်ီလိတ္ ျပန္လည္ထူေထာင္ေရးစခန္းတြင္ ဆက္သြယ္ စာရင္းေပးသြင္းႏိုင္မည္ျဖစ္ၿပီး ျပန္လည္ထူေထာင္ေရး ဦးစီးဌာနမွ ဒုဦးစီးမွဴး ဦးႏိုင္စိုးျမင့္ ဖုန္း ၀၉ ၄၀၃၇၃၈၀၇၂ ႏွင့္ မဇၨ်ိမလူမႈကူညီေရးအသင္းဥကၠဌ ဦးတင့္ေဆြ  ဖုန္း ၀၉၅၂၄၁၃၄၂ တုိ႔သို႔ ဆက္သြယ္စာရင္းေပးသြင္းႏုိင္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနက ဖွင့်လှစ်မည့် ရပ်ရွာအခြပြေု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ရာ ဆေးဖြတ်လိုသူများ နိုဝင်ဘာလ(၁၁)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

အဆိုပါ သင်တန်းအား နိုဝင်ဘာလ (၁၂)ရက်နေ့မှ ဒီဇင်ဘာလ (၁၆) ရက်နေ့အထိ မိုင်းကိုးကျေးရွာအုပ်စု၊ ဟိုရမ်းကျေးရွာရှိ ပြည်သူ့စစ်စခန်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့က နေဖို့ စားဖို့ အကုန်စီစဉ်ပေးမယ်။ တစ်ယောက်ကို တစ်ထောင်နှုန်းပေါ့။ အရင်က လူဦးရေ (၅၀)လောက် ခေါ်နိုင်ပေမဲ့ အခုက ဝန်ထမ်းအင်အားအရ (၃၀)ပဲ လက်ခံသွားမှာပါ။ သင်တန်းပြီးရင် လေ့လာရေး တွေပါမယ်။ ဌာနဆိုင်ရာတွေ၊ အသင်းအဖွဲ့တွေက လာပို့ချမယ်။ ဆေးဖြတ်ချင်တဲ့သူတွေ၊ ဆေးဖြတ်ဖို့ ရည်ရွယ်ထားသူတွေ လာစာရင်းပေးလို့ရပါတယ်"ဟု ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးနိုင်စိုးမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ မူးယစ်ဆေးဖြတ်သင်တန်းမှာ ပြည်လည်ထူထောင်ရေးဦးစီးဌာန၊ တာချီလိတ်ပြန်လည် ထူထောင်ရေး စခန်းက ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကာလအတွင်း မူးယစ်ဆေးဖြတ်သူများကို ကုသရေး ဦးစီးဌာနက ဆေးဖြတ်ကုသပေးမှုများနှင့်အတူ ပြန်လည်ထူထောင်နိုင်ရေးအတွက် သက်မွေးပညာများ သင်ကြားပေးခြင်း၊ ပြန်လည်ထူထောင်ရေးအတွက် လှုပ်ရှားဆောင်ရွက်မှုများကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ရပ်ရွာအခြပြေုသင်တန်းများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များတွင် ရပ်ရွာဒေသတွင်း မူးယစ်ဆေးစွဲသူများကို ဖော်ထုတ်၍ ဆေးဖြတ်ကုသခံယူနိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးရန်လည်း ပါဝင်ကြောင်း သိရသည်။

"ကျွန်တော်တို့ ကူညီပါဝင်ဖို့ လိုတယ်။ အဓိက က သင်တန်းသားတွေအတွက် စားရေးသောက်ရေးမှာ အခုအစိုးရက ချထားပေးတဲ့ နှုန်းထားနဲ့ မလောက်ဘူး။ အလှူရှင်တွေ လိုအပ်ပါတယ်။ ကျွန်တော်ဆို ရေသန့်တွေ လှူမယ်။ တာချီလိတ်မြို့က လူထုတွေကလည်း ပူးပေါင်း ပါဝင်ပေးကြပါ။ အလှူရှင်တွေ လိုအပ်နေပါတယ်"ဟု အဆိုပါ သင်တန်းဖွင့်လှစ်ရေးအတွက် ကူညီပေးနေသည့် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

မူးယစ်ဆေးဖြတ်လိုသူများ အနဖြေင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ တာချီလိတ် ပြန်လည်ထူထောင်ရေးစခန်းတွင် ဆက်သွယ် စာရင်းပေးသွင်းနိုင်မည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးနိုင်စိုးမြင့် ဖုန်း ဝ၉ ၄၀၃၇၃၈၀၇၂ နှင့် မဇ္ဇျိမလူမှုကူညီရေးအသင်းဥက္ကဌ ဦးတင့်ဆွေ ဖုန်း ဝ၉၅၂၄၁၃၄၂ တို့သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~