မော်ချီးတွင် ခဲကျင်း မြေစာပြိုကျမှုကြောင့် နာရီပေါင်း (၁၀)နာရီဝန်းကျင်အကြာ ပိတ်မိနေသည့် လုပ်သား (၄)ဦးကို ဘေးကင်းစွာဖြင့် ကယ်ထုတ်နိုင်ခဲ့

မော်ချီးတွင် ခဲကျင်း မြေစာပြိုကျမှုကြောင့် နာရီပေါင်း (၁၀)နာရီဝန်းကျင်အကြာ ပိတ်မိနေသည့် လုပ်သား (၄)ဦးကို ဘေးကင်းစွာဖြင့် ကယ်ထုတ်နိုင်ခဲ့
နိုဝင်ဘာ 10, 2018
By Tachileik News Agency

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု အတွင်းရှိ ခဲကျင်းတွင် မြေစာပုံတစ်ခု ပြိုကျမှု ဖြစ်ပွားရာက လုပ်သား (၄)ဦး နာရီပေါင်း (၁၀)နာရီဝန်းကျင်အကြာ ပိတ်မိနေပြီးနောက် ကယ်ဆယ်ရေး အဖွဲ့မှ ဘေးကင်းစွာဖြင့် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု၊ တောင်ပေါ်(၁၅)ရပ်ကွက်ရှိ ခဲကျင်းအမှတ် နက / ရှေ့ - ၁၀ ကျင်းဦးစီး ဦးပြေသိန်းထွန်း၏ ခဲကျင်းတွင် ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၉)ရက်နေ့ ည(၆)နာရီဝန်းကျင်က ကျင်းအတွင်း မြေစာပြိုကျမှု ဖြစ်ပွားရာက ကျင်းလုပ်သားများဖြစ်သည့် ကိုဇာနည်ခိုင်၊ ဦးမြင့်ဇော်၊ ကိုအောင်ဟိန်းဝေ နှင့် ဦးဇော်ကို တို့ (၄)ဦး ပိတ်မိနေသည့်အတွက် ဘောလခဲခရိုင် နှင့်ဖားဆောင်းမြို့နယ် တို့မှ မီးသတ်တပ်ဖွဲ့များ၊ သက်ဆိုင်ရာဌာနများ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် တပ်မတော်သားများမှ ဒေသခံများနှင့် စုပေါင်း၍ ကယ်ဆယ်ကြရာ နာရီပေါင်း(၁၀)နာရီဝန်းကျင် အကြာဖြစ်သည့် နိုဝင်ဘာလ(၁၀)ရက်နေ့ နံနက်(၄)နာရီခွဲ ၀န်းကျင်တွင် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။


သတင်း - ဆန်းဖြိုးထွန်း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု အတွင်းရှိ ခဲကျင်းတွင် မြေစာပုံတစ်ခု ပြိုကျမှု ဖြစ်ပွားရာက လုပ်သား (၄)ဦး နာရီပေါင်း (၁၀)နာရီဝန်းကျင်အကြာ ပိတ်မိနပြေီးနောက် ကယ်ဆယ်ရေး အဖွဲ့မှ ဘေးကင်းစွာဖြင့် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု၊ တောင်ပေါ်(၁၅)ရပ်ကွက်ရှိ ခဲကျင်းအမှတ် နက / ရှေ့ - ၁၀ ကျင်းဦးစီး ဦးပြေသိန်းထွန်း၏ ခဲကျင်းတွင် ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၉)ရက်နေ့ ည(၆)နာရီဝန်းကျင်က ကျင်းအတွင်း မြေစာပြိုကျမှု ဖြစ်ပွားရာက ကျင်းလုပ်သားများဖြစ်သည့် ကိုဇာနည်ခိုင်၊ ဦးမြင့်ဇော်၊ ကိုအောင်ဟိန်းေဝ နှင့် ဦးဇော်ကို တို့ (၄)ဦး ပိတ်မိနေသည့်အတွက် ဘောလခဲခရိုင် နှင့်ဖားဆောင်းမြို့နယ် တို့မှ မီးသတ်တပ်ဖွဲ့များ၊ သက်ဆိုင်ရာဌာနများ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် တပ်မတော်သားများမှ ဒေသခံများနှင့် စုပေါင်း၍ ကယ်ဆယ်ကြရာ နာရီပေါင်း(၁၀)နာရီဝန်းကျင် အကြာဖြစ်သည့် နိုဝင်ဘာလ(၁၀)ရက်နေ့ နံနက်(၄)နာရီခွဲ ဝန်းကျင်တွင် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

နာရီပေါင်း(၁၀)နာရီဝန်းကျင်အကြာ ပိတ်မိနေသည့် လုပ်သား(၄)ဦးအား ထိခိုက်မှု တစ်စုံတစ်စုံမရှိဘဲ ဘေးကင်းစွာဖြင့် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ဖားဆောင်းထွေအုပ်၊ ပြည်နယ်အစိုးရ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~