လိြဳင္ေကာ္ၿမိဳ႕တြင္ မီးအားျမႇင့္စက္အပူလြန္ကဲ၍ ေနအိမ္တစ္လုံးမီးေလာင္မႈျဖစ္ပြား

လိြဳင္ေကာ္ၿမိဳ႕တြင္ မီးအားျမႇင့္စက္အပူလြန္ကဲ၍ ေနအိမ္တစ္လုံးမီးေလာင္မႈျဖစ္ပြား
နိုဝင်ဘာ 10, 2018
By Tachileik News Agency

ကယားျပည္နယ္ ၊ လိြဳင္ေကာ္ၿမိဳ႕၊ ေဒါႏုိးကူးရပ္ကြက္တြင္ ၂၀၁၈ ခုနွစ္၊ ႏိုဝင္ဘာလ (၁၀)ရက္ေန႔ နံနက္(၁၁) နာရီ၀န္းက်င္က  မီးအားျမႇင့္စက္ အပူလြန္ကဲရာမွ ေနအိမ္တစ္လုံး မီးေလာင္မႈ ျဖစ္ပြားေၾကာင္း သိရသည္။

လိြဳင္ေကာ္ၿမိဳ႕ ၊ ေဒါႏိုးကူးရပ္ကြက္ ရွိ ဦးဝင္းထက္ကို၏ သြပ္မိုး RC တစ္ထပ္တိုက္ေနအိမ္တြင္းရွိ မီးအားျမႇင့္စက္ အပူလြန္ကဲရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ေနအိမ္အတြင္းပိုင္း မီးေလာင္ ဆံုးရံႈးသြားေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔  ျပည္နယ္မီးသတ္ဦးစီးမွဴး ဦးေဆာင္သည့္ သေႏၶၶမီးသတ္တပ္ဖြဲ႕ဝင္ (၃၀)ဦး ၊ အရန္မီးသတ္တပ္ဖြဲ႕ (၁၅)ဦးပါဝင္သည့္အဖြဲ႕က မီးၿငိမ္းသတ္ယာဥ္ (၆)စီး၊ ေရသယ္ယာဥ္ (၁) စီးတို႔ျဖင့္ ၿငိႇမ္းသတ္ခဲ့ရာ ေန႔လယ္ (၁၂) နာရီခန္႔တြင္ မီးၿငိမ္းသတ္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါမီးေလာင္မႈေၾကာင့္ ေနအိမ္ပိုင္ရွင္ ဦးဝင္းထက္အား လိြဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ အေရးယူလွ်က္ရွိေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း



~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့ နံနက်(၁၁) နာရီဝန်းကျင်က မီးအားမြှင့်စက် အပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက် ရှိ ဦးဝင်းထက်ကို၏ သွပ်မိုး RC တစ်ထပ်တိုက်နေအိမ်တွင်းရှိ မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေအိမ်အတွင်းပိုင်း မီးလောင် ဆုံးရှုံးသွားကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သည့် သန္ဓ္ဓမေီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ (၁၅)ဦးပါဝင်သည့်အဖွဲ့က မီးငြိမ်းသတ်ယာဉ် (၆)စီး၊ ရေသယ်ယာဉ် (၁) စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ နေ့လယ် (၁၂) နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် နေအိမ်ပိုင်ရှင် ဦးဝင်းထက်အား လွိုင်ကော်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူလျှက်ရှိကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~