မႏၱေလးမွ မူဆယ္သို႔ တရားမဝင္သယ္လာသည့္ ႏြား (၂၂)ေကာင္ကို ေက်ာက္မဲၿမိဳ႕ အိုရီယမ္တယ္တိုးဂိတ္တြင္ ဖမ္းမိ

မႏၱေလးမွ မူဆယ္သို႔ တရားမဝင္သယ္လာသည့္ ႏြား (၂၂)ေကာင္ကို ေက်ာက္မဲၿမိဳ႕ အိုရီယမ္တယ္တိုးဂိတ္တြင္ ဖမ္းမိ
နိုဝင်ဘာ 11, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ အိုရီယမ္တယ္တိုးဂိတ္တြင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၁)ရက္ေန႔ နံနက္(၉)နာရီခြဲက မႏၱေလးမွ မူဆယ္သို႔ ႏြား(၂၂)ေကာင္ကို တရားမဝင္သယ္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မႏၱေလး - မူဆယ္ျပည္ေထာင္စုလမ္းမႀကီးအတုိင္း ေမာင္းႏွင္လာသည့္ (၁၂)ဘီးယာဥ္တစ္စီးတြင္ တင္ေဆာင္လာသည့္ ႏြား (၂၂)ေကာင္အား တရားဝင္ တင္ပို႔ခြင့္ အေထာက္အထားမပါသည္ကို ပူးေပါင္းအဖြဲ႕က စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါႏြားမ်ားကို တရားမဝင္သယ္ေဆာင္လာသည့္ ေအးမင္းစိုး၊ သူရေဇာ္ႏွင့္ ႏုိင္ထြန္း(ခ)စူလိုင္မန္းတို႔အား ေက်ာက္မဲၿမိဳ႕မ ရဲစခန္းတြင္ (ပ) ၄၄၂/၂၀၁၈၊ ၂၀၁၂ ခုႏွစ္ အေရးႀကီး ကုန္စည္ႏွင့္ဝန္ေဆာင္မႈ ဥပေဒပုဒ္မ ၅ အရအမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အိုရီယမ်တယ်တိုးဂိတ်တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့ နံနက်(၉)နာရီခွဲက မန္တလေးမှ မူဆယ်သို့ နွား(၂၂)ကောင်ကို တရားမဝင်သယ်လာသည့် မော်တော်ယာဉ်တစ်စီးအား ဖမ်းဆီးရမိကြောင်း သိရသည်။

မန္တလေး - မူဆယ်ပြည်ထောင်စုလမ်းမကြီးအတိုင်း မောင်းနှင်လာသည့် (၁၂)ဘီးယာဉ်တစ်စီးတွင် တင်ဆောင်လာသည့် နွား (၂၂)ကောင်အား တရားဝင် တင်ပို့ခွင့် အထောက်အထားမပါသည်ကို ပူးပေါင်းအဖွဲ့က စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနွားများကို တရားမဝင်သယ်ဆောင်လာသည့် အေးမင်းစိုး၊ သူရဇော်နှင့် နိုင်ထွန်း(ခ)စူလိုင်မန်းတို့အား ကျောက်မဲမြို့မ ရဲစခန်းတွင် (ပ) ၄၄၂/၂၀၁၈၊ ၂၀၁၂ ခုနှစ် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရအမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~