တာခ်ီလိတ္ၿမိဳ႕တြင္ တရားမဝင္ ဝင္ေရာက္ ေနထိုင္ေနသည့္ တရုတ္ႏုိင္ငံသားတစ္ဦးကို ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕တြင္ တရားမဝင္ ဝင္ေရာက္ ေနထိုင္ေနသည့္ တရုတ္ႏုိင္ငံသားတစ္ဦးကို ဖမ္းဆီးရမိ
နိုဝင်ဘာ 9, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံမွတစ္ဆင့္ တရားမဝင္ ဝင္ေရာက္ေနထိုင္ေနသည့္ တရုတ္ႏုိင္ငံသားတစ္ဦးကို ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္တြင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၈) ရက္ေန႔ ည(၈)နာရီဝန္းက်င္က ရဲတပ္ဖြဲ႕ႏွင့္သက္ေသမ်ား ပါဝင္သည့္အဖြဲ႕က လွည့္ကင္းေဆာင္ရြက္ေနစဥ္ တရုတ္ႏိုင္ငံသား အသက္(၄၀)အရြယ္ ဖုန္ရွီလံု အား စစ္ေဆး ေတြ႔ရိွရျခင္းျဖစ္ၿပီး လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာနသို႔ လႊဲေျပာင္းေပးအပ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တရုတ္နုိင္ငံသားအား စစ္ေဆးရာ ၎သည္ ၂၀၀၄ ခုႏွစ္က တရုတ္ႏုိင္ငံ ဆန္းေထာင္းေလဆိပ္မွ တစ္ဆင့္ ထိုင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕သို႔ တရားဝင္သြားေရာက္ခဲ့ၿပီး တို႔ဟူးလုပ္ငန္းတြင္ (၁၃)ႏွစ္ၾကာ အလုပ္ လုပ္ေနရာမွ အဆင္မေျပသျဖင့္ လြန္ခဲ့သည့္(၁)ႏွစ္ခန္႔က ဘန္ေကာက္မွတစ္ဆင့္ မယ္ဆိုင္ၿမိဳ႕သို႔ ကုန္တင္ကားျဖင့္ လုိက္ပါေရာက္ရိွခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ျမန္မာႏုိင္ငံ တာခ်ီလိတ္ၿမိဳ႕ဘက္သို႔ မယ္ဆုိင္ေခ်ာင္းအားျဖတ္ကူးကာ တာေလာ့ေရဆိပ္မွ တရားမဝင္ ဝင္ေရာက္လာခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရိွရသည္ဟု သိရသည္။

ျမန္မာႏုိင္ငံသို႔ တရားမဝင္ ဝင္ေရာက္ေနထုိင္ေနသည့္ တရုတ္ႏုိင္ငံသား အသက္(၄၀)အရြယ္ ဖုန္ရွီလံုကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၃၉၄/၂၀၁၈၊ ၁၉၄၇ ခုႏွစ္၊ လဝကအက္ဥပေဒပုဒ္မ ၁၃(၁)ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှတစ်ဆင့် တရားမဝင် ဝင်ရောက်နေထိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့ ည(၈)နာရီဝန်းကျင်က ရဲတပ်ဖွဲ့နှင့်သက်သေများ ပါဝင်သည့်အဖွဲ့က လှည့်ကင်းဆောင်ရွက်နေစဉ် တရုတ်နိုင်ငံသား အသက်(၄၀)အရွယ် ဖုန်ရှီလုံ အား စစ်ဆေး တွေ့ရှိရခြင်းဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသားအား စစ်ဆေးရာ၎င်းသည် ၂၀၀၄ ခုနှစ်က တရုတ်နိုင်ငံ ဆန်းထောင်းလေဆိပ်မှ တစ်ဆင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ တရားဝင်သွားရောက်ခဲ့ပြီး တို့ဟူးလုပ်ငန်းတွင် (၁၃)နှစ်ကြာ အလုပ် လုပ်နေရာမှ အဆင်မပြေသဖြင့် လွန်ခဲ့သည့်(၁)နှစ်ခန့်က ဘန်ကောက်မှတစ်ဆင့် မယ်ဆိုင်မြို့သို့ ကုန်တင်ကားဖြင့် လိုက်ပါရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက်သို့ မယ်ဆိုင်ချောင်းအားဖြတ်ကူးကာ တာလော့ရေဆိပ်မှ တရားမဝင် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်ဟု သိရသည်။

မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်နေထိုင်နေသည့် တရုတ်နိုင်ငံသား အသက်(၄၀)အရွယ် ဖုန်ရှီလုံကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၃၉၄/၂၀၁၈၊ ၁၉၄၇ ခုနှစ်၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~