ျမန္မာႏိုင္ငံတြင္ ႏိုင္ငံျခားဘဏ္၊ ဘဏ္ခြဲမ်ားကို ျပည္တြင္းဘဏ္မ်ားနည္းတူ လုပ္ငန္းတိုးခ်ဲ႕လုပ္ကိုင္ခြင့္ျပဳ

ျမန္မာႏိုင္ငံတြင္ ႏိုင္ငံျခားဘဏ္၊ ဘဏ္ခြဲမ်ားကို ျပည္တြင္းဘဏ္မ်ားနည္းတူ လုပ္ငန္းတိုးခ်ဲ႕လုပ္ကိုင္ခြင့္ျပဳ
နိုဝင်ဘာ 9, 2018
By Tachileik News Agency

ႏိုင္ငံျခားဘဏ္၊ ဘဏ္ခြဲမ်ားကို ျမန္မာႏိုင္ငံတြင္း ျပည္တြင္းစီးပြားေရးလုပ္ငန္းမ်ားတြင္ ဘဏ္လုပ္ငန္း ဝန္ေဆာင္မႈမ်ားအား ျပည္တြင္းဘဏ္မ်ားနည္းတူ တိုးခ်ဲ႕လုပ္ကိုင္ခြင့္ျပဳလိုက္ေၾကာင္း ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၈)ရက္ေန႔တြင္ ျမန္မာႏိုင္ငံဗဟိုဘဏ္က ထုတ္ျပန္လိုက္သည္။

ျပည္တြင္းစီးပြားေရး လုပ္ငန္းမ်ားအေနျဖင့္ ဘ႑ာေငြရရွိႏိုင္သည့္ အခြင့္အေရး ပိုမိုရရွိေစရန္ရည္ရြယ္၍  ႏိုင္ငံျခားဘဏ္၊ ဘဏ္ခြဲမ်ားအား ျပည္တြင္းဘဏ္မ်ားနည္းတူ ျပည္တြင္းစီးပြားေရးလုပ္ငန္းမ်ားသို႔ မည္သည့္ေခ်းေငြ ျဖည့္ဆည္းမႈကိုမဆို ေဆာင္ရြက္ျခင္းႏွင့္ အျခားဘဏ္လုပ္ငန္းဝန္ေဆာင္မႈမ်ား ေဆာင္ရြက္ျခင္းတို႔ကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ခြင့္ျပဳလိုက္ျခင္းျဖစ္သည္။

ႏိုင္ငံေတာ္ဗဟိုဘဏ္က ႏိုင္ငံျခားဘဏ္ခြဲမ်ားအား ဘဏ္လိုင္စင္ထုတ္ေပးရာတြင္ ႏိုင္ငံျခား ကုမၸဏီလုပ္ငန္းမ်ား၊ ျပည္တြင္း ႏိုင္ငံျခားေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ား၊ ျပည္တြင္း ေငြေရးေၾကးေရးအဖြဲ႕ အစည္းမ်ားႏွင့္ ပူးေပါင္း၍ ျပည္တြင္းကုမၸဏီလုပ္ငန္းမ်ားအတြက္ လက္ကား ဘဏ္လုပ္ငန္းေဆာင္ရြက္ခြင့္ျပဳေပးခဲ့သည့္အျပင္ ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလ(၈)ရက္ေန႔က ညြန္ၾကားခ်က္ အမွတ္ (၉/၂၀၁၇)ျဖင့္ ပို႔ကုန္ေခ်းေငြ ျဖည့္ဆည္းမႈႏွင့္ ပို႔ကုန္လုပ္ငန္းႏွင့္ ဆက္စပ္သည့္ ဘဏ္ဝန္ေဆာင္မႈလုပ္ငန္းမ်ာကို ခြင့္ျပဳေပးထားျခင္းျဖစ္သည္။

ျမန္မာႏုိင္ငံ၌ လက္ရိွတြင္ ဘဏ္ခြဲဖြင့္လွစ္ထားသည့္ ႏုိင္ငံျခားဘဏ္ရံုးခြဲ (၁၃)ခု ရိွေနေၾကာင္း ဗဟိုဘဏ္၏ ေဖၚျပထားခ်က္အရ သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း



~~~~~~~~⊰❂ unicode ~~~~~~~~

နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲများကို မြန်မာနိုင်ငံတွင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းများတွင် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများအား ပြည်တွင်းဘဏ်များနည်းတူ တိုးချဲ့လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။

ပြည်တွင်းစီးပွားရေး လုပ်ငန်းများအနဖြေင့် ဘဏ္ဍာငွေရရှိနိုင်သည့် အခွင့်အရေး ပိုမိုရရှိစေရန်ရည်ရွယ်၍ နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲများအား ပြည်တွင်းဘဏ်များနည်းတူ ပြည်တွင်းစီးပွားရေးလုပ်ငန်းများသို့ မည်သည့်ချေးငွေ ဖြည့်ဆည်းမှုကိုမဆို ဆောင်ရွက်ခြင်းနှင့် အခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ခြင်းတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

နိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားဘဏ်ခွဲများအား ဘဏ်လိုင်စင်ထုတ်ပေးရာတွင် နိုင်ငံခြား ကုမ္ပဏီလုပ်ငန်းများ၊ ပြည်တွင်း နိုင်ငံခြားငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ပြည်တွင်း ငွေရေးကြေးရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ပြည်တွင်းကုမ္ပဏီလုပ်ငန်းများအတွက် လက်ကား ဘဏ်လုပ်ငန်းဆောင်ရွက်ခွင့်ပြုပေးခဲ့သည့်အပြင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက်နေ့က ညွန်ကြားချက် အမှတ် (၉/၂၀၁၇)ဖြင့် ပို့ကုန်ချေးငွေ ဖြည့်ဆည်းမှုနှင့် ပို့ကုန်လုပ်ငန်းနှင့် ဆက်စပ်သည့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းမျာကို ခွင့်ပြုပေးထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ လက်ရှိတွင် ဘဏ်ခွဲဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ်ရုံးခွဲ (၁၃)ခု ရှိနေကြောင်း ဗဟိုဘဏ်၏ ဖော်ပြထားချက်အရ သိရသည်။

သတင်း - ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~