(၁၁)ႀကိမ္ေျမာက္ အာခါရိုးရာ "ခါးေထာင္းဖား"ပြဲေတာ္ တာခ်ီလိတ္၌ ဒီဇင္ဘာလ(၁၀)ရက္ေန႔တြင္ စတင္မည္

(၁၁)ႀကိမ္ေျမာက္ အာခါရိုးရာ "ခါးေထာင္းဖား"ပြဲေတာ္ တာခ်ီလိတ္၌ ဒီဇင္ဘာလ(၁၀)ရက္ေန႔တြင္ စတင္မည္
နိုဝင်ဘာ 10, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္း၌  (၁၁)ႀကိမ္ေျမာက္ အာခါရိုးရာ "ခါးေထာင္းဖား"ပြဲေတာ္အား ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ(၁၀)ရက္ေန႔တြင္ စတင္မည္ျဖစ္ၿပီး ယခင္ႏွစ္မ်ားအတိုင္းတာ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

"အရင္ကလိုပဲ က်င္းပသြားမွာပါ တျခားထူးထူးျခားျခား မရွိပါဘူး၊ လာအို၊ တရုတ္ နဲ႔ ထိုင္းႏိုင္ငံက အာခါတိုင္းရင္းသား ေတြလည္း လာမွာပါ၊ သီဆိုေဖ်ာ္ေျဖမႈမ်ား အေနနဲ႔ ကေတာ့ အရင္လိုပဲ အာခါတိုင္းသား အဆိုေတာ္ေတြပါ ပါမယ္၊"ဟု ပြဲက်င္းပေရးအဖြဲ႔မွ တစ္ဦးက ေျပာသည္။

အဆိုပါ ပြဲေတာ္အား ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ(၁၀)ရက္ေန႔မွ (၁၂)ရက္ေန႔အထိ က်င္းပျပဳလုပ္ သြားမည္ျဖစ္ၿပီး ပြဲကာလအတြင္း အာခါရိုးရာအ၀တ္အထည္မ်ား ႏွင့္ အသံုးအေဆာင္ အေရာင္း ဆိုင္မ်ားလည္း လာေရာက္ ဖြင့္လွစ္ၾကမည္ျဖစ္သည့္အျပင္ ျပခန္းလည္း ျပသေပးထားမည္ျဖစ္ေၾကာင္း သိရွိရသည္။

အာခါတိုင္းရင္းသားမ်ားအေနျဖင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္ အမ်ားဆံုးေနထိုင္ၾကၿပီး ျမန္မာႏိုင္ငံႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ား အေနျဖင့္ တရုတ္၊ ထိုင္း ႏွင့္ လာအိုႏိုင္ငံတို႔တြင္လည္း ေနထိုင္ၾကေၾကာင္း သိရသည္။

ပံုအညႊန္း - ယခင္ႏွစ္မ်ားက က်င္းပခဲ့သည့္ ပံုမ်ား ျဖစ္ပါသည္

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ရှမ်းရိုးမကွင်း၌ (၁၁)ကြိမ်မြောက် အာခါရိုးရာ "ခါးထောင်းဖား"ပွဲတော်အား ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ယခင်နှစ်များအတိုင်းတာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

"အရင်ကလိုပဲ ကျင်းပသွားမှာပါ တခြားထူးထူးခြားခြား မရှိပါဘူး၊ လာအို၊ တရုတ် နဲ့ ထိုင်းနိုင်ငံက အာခါတိုင်းရင်းသား တွေလည်း လာမှာပါ၊ သီဆိုဖျော်ဖြေမှုများ အနေနဲ့ ကတော့ အရင်လိုပဲ အာခါတိုင်းသား အဆိုတော်တွေပါ ပါမယ်၊"ဟု ပွဲကျင်းပရေးအဖွဲ့မှ တစ်ဦးက ပြောသည်။

အဆိုပါ ပွဲတော်အား ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ပွဲကာလအတွင်း အာခါရိုးရာအဝတ်အထည်များ နှင့် အသုံးအဆောင် အရောင်း ဆိုင်များလည်း လာရောက် ဖွင့်လှစ်ကြမည်ဖြစ်သည့်အပြင် ပြခန်းလည်း ပြသပေးထားမည်ဖြစ်ကြောင်း သိရှိရသည်။

အာခါတိုင်းရင်းသားများအနဖြေင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် အများဆုံးနေထိုင်ကြပြီး မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ အနဖြေင့် တရုတ်၊ ထိုင်း နှင့် လာအိုနိုင်ငံတို့တွင်လည်း နေထိုင်ကြကြောင်း သိရသည်။

ပုံအညွှန်း - ယခင်နှစ်များက ကျင်းပခဲ့သည့် ပုံများ ဖြစ်ပါသည်

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~