က်ိဳင္းတံုၿမိဳ႕၌ ျပဳလုပ္သည့္ ယာဥ္အႏၱရာယ္ကင္းေဝးေစေရး အသိပညာေပးတြင္ ေက်ာင္းသား၊ေက်ာင္းသူမ်ားႏွင့္ ေက်ာင္းသားမိဘမ်ား ပူးေပါင္းပါဝင္

က်ိဳင္းတံုၿမိဳ႕၌ ျပဳလုပ္သည့္ ယာဥ္အႏၱရာယ္ကင္းေဝးေစေရး အသိပညာေပးတြင္ ေက်ာင္းသား၊ေက်ာင္းသူမ်ားႏွင့္ ေက်ာင္းသားမိဘမ်ား ပူးေပါင္းပါဝင္
နိုဝင်ဘာ 20, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ ယာဥ္အႏၱရာယ္ကင္းေဝေစေရးအသိပညာေပးျခင္းကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၀)ရက္ေန႔ နံနက္က ေဆာင္ရြက္ရာ  အမွတ္(၁၁၈) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု(က်ိဳင္းတုံ)မွ တပ္ဖြဲ႔စုမွဴး ဒုရဲမွဴးေက်ာ္ေဇာေအာင္ ႏွင့္ တပ္ဖြဲ႔၀င္မ်ား ႏွင့္အတူ အထက(၅)မွ ေက်ာင္းသား ေက်ာင္းသူမ်ားႏွင့္ ေက်ာင္းသားမိဘမ်ား ပူးေပါင္းပါဝင္ေဆာင္ရြက္ၾကေၾကာင္း သိရသည္။

ေက်ာင္းသား၊ေက်ာင္းသူမ်ားအား ယာဥ္အႏၱရာယ္ကင္းေဝးေစေရးအတြက္ အသက္မျပည့္ဘဲ ကိုယ္တိုင္ ေမာင္းႏွင္ျခင္း မျပဳရန္၊ ဆိုင္ကယ္စီးနင္းရာတြင္ ေကာင္းမြန္ခိုင္ခံ့ေသာ ဆိုင္ကယ္စီး ဦးထုပ္မ်ား ေဆာင္းၿပီး ေမသိုင္းႀကိဳးစနစ္တက်တပ္ၾကရန္ အသိပညာေပးလုပ္ေဆာင္ၿပီး ေက်ာင္းသား၊ေက်ာင္းသူမ်ားက ယာဥ္အႏၱရာယ္ကင္းေဝးေစေရး အသိပညာေပး ဗီႏိုင္းပိုစတာမ်ား ကိုင္ေဆာင္ၿပီး အသိပညာေပးတြင္ ပါဝင္လုပ္ေဆာင္ၾကေၾကာင္း သိရသည္။

ယာဥ္အႏၱရာယ္ကင္းေဝးေစေရးအသိပညာေပးလုပ္ေဆာင္ျခင္းအား ႏိုဝင္ဘာလ (၁၉)ရက္ေန႔က လုပ္ေဆာင္ရာ အထက(၄)မွ ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ ေက်ာင္းသားမိဘမ်ားလည္း ပါဝင္ ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕တြင္ ယာဥ္မေတာ္တဆမႈေၾကာင့္ ပ်မ္းမွ်အားျဖင့္ လစဥ္ ေသဆံုးသူ(၃)ဦးႏွင့္ ဒဏ္ရာရသူ(၄)ဦးခန္႔ရိွေနေၾကာင္း သိရသည္။

Tachileik News Agency

ဓါတ္ပံု - KZA


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ယာဉ်အန္တရာယ်ကင်းဝေစေရေးအသိပညာပေးခြင်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့ နံနက်က ဆောင်ရွက်ရာ အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင် နှင့် တပ်ဖွဲ့ဝင်များ နှင့်အတူ အထက(၅)မှ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြကြောင်း သိရသည်။

ကျောင်းသား၊ကျောင်းသူများအား ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် အသက်မပြည့်ဘဲ ကိုယ်တိုင် မောင်းနှင်ခြင်း မပြုရန်၊ ဆိုင်ကယ်စီးနင်းရာတွင် ကောင်းမွန်ခိုင်ခံ့သော ဆိုင်ကယ်စီး ဦးထုပ်များ ဆောင်းပြီး မေသိုင်းကြိုးစနစ်တကျတပ်ကြရန် အသိပညာပေးလုပ်ဆောင်ပြီး ကျောင်းသား၊ကျောင်းသူများက ယာဉ်အန္တရာယ်ကင်းဝေးစေရေး အသိပညာပေး ဗီနိုင်းပိုစတာများ ကိုင်ဆောင်ပြီး အသိပညာပေးတွင် ပါဝင်လုပ်ဆောင်ကြကြောင်း သိရသည်။

ယာဉ်အန္တရာယ်ကင်းဝေးစေရေးအသိပညာပေးလုပ်ဆောင်ခြင်းအား နိုဝင်ဘာလ (၁၉)ရက်နေ့က လုပ်ဆောင်ရာ အထက(၄)မှ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများလည်း ပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် ယာဉ်မတော်တဆမှုကြောင့် ပျမ်းမျှအားဖြင့် လစဉ် သေဆုံးသူ(၃)ဦးနှင့် ဒဏ်ရာရသူ(၄)ဦးခန့်ရှိနေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - KZA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~