က်ဳိင္းတံုၿမိဳ႕တြင္ ဇနီးႏွင့္ သားသမီး(၂)ဦးအား တူျဖင့္ ထုကာ မိမိကိုယ္ကို ေသေၾကာင္းႀကံစည္မႈ ျဖစ္ပြားၿပီး သားျဖစ္သူမွာ တူျဖင့္ထုခံရမႈေၾကာင္း ေသဆံုး

က်ဳိင္းတံုၿမိဳ႕တြင္ ဇနီးႏွင့္ သားသမီး(၂)ဦးအား တူျဖင့္ ထုကာ မိမိကိုယ္ကို ေသေၾကာင္းႀကံစည္မႈ ျဖစ္ပြားၿပီး သားျဖစ္သူမွာ တူျဖင့္ထုခံရမႈေၾကာင္း ေသဆံုး
နိုဝင်ဘာ 21, 2018
By Tachileik News Agency

က်ဳိင္းတံုၿမိဳ႕နယ္၊ မုိင္ပတ္(အထက္)ေက်းရြာအုပ္စု၊ လြယ္ေစးေက်းရြာတြင္ အမ်ိဳးသားတစ္ဦး အရက္ေၾကာင္ၿပီး မိန္းမႏွင့္ သားသမီး(၂)ဦး စုစုေပါင္း (၃)ဦးအား  ဦးေခါင္းကိုတူျဖင့္ထုကာ မိမိကိုယ္ကို လည္ပင္းဓါးျဖင့္လွီးျဖတ္မႈျဖစ္ပြားေၾကာင္း သိရသည္။

လြယ္ေစးေက်းရြာမွ အားေဒါင္ဆိုသူသည္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၁)ရက္ေန႔  နံနက္(၁)နာရီခြဲ ဝန္းက်င္က အရက္ေၾကာင္ၿပီး ေနအိမ္တြင္ ဇနီးျဖစ္သူ ေဒၚမီေနးအား အေလးခ်ိန္(၁)ပိႆခန္႔ရိွသည့္ တူျဖင့္ထုရန္ ႀကိဳးစားသျဖင့္ ေဒၚမီေနးက ထြက္ေျပးသည္ကို တူျဖင့္လုိက္ထုသျဖင့္ ေဒၚမီေနးသည္ ဦးေခါင္းဒဏ္ရာ အျပင္းအထန္ရသြားကာ လဲက်သြားျခင္းျဖစ္ေၾကာင္း သိရသည္။

အားေဒါင္သည္ ေနအိမ္သို႔ျပန္သြားၿပီး အသက္(၈)ႏွစ္အရြယ္ မမီရဲႏွင့္ အသက္(၅)ႏွစ္အရြယ္ သားျဖစ္သူ ေမာင္အားေဆာ္တို႔အား တူျဖင့္ထုၿပီးေနာက္ မိမိကိုယ္ကို လည္ပင္းႏွင့္ ဦးေခါင္းငယ္ထပ္တို႔အား ဓါးျဖင့္ လွီးျဖတ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

ဒဏ္ရာရသြားၿပီး စိုးရိမ္ရသည့္ အဆိုပါ မိသားစု (၄)ဦးကို ရြာသူရြာသားမ်ားက က်ိဳင္းတံုျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း ေက်းရြာသူႀကီးက ရဲတပ္ဖြဲ႕ထံ ေန႔လယ္(၁)နာရီဝန္းက်င္တြင္ သတင္းေပး အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဒဏ္ရာျဖင့္ ေဆးကုသမႈခံယူေနရသည့္ အသက္(၅)ႏွစ္အရြယ္ ေမာင္အားေဆာ္မွာ ေသဆံုးသြားေၾကာင္း သိရၿပီး ေဆးရံုတင္ပို႔ထားသည့္ အားေဒါင္ကို ရဲတပ္ဖြဲ႕ဝင္မ်ားက ေစာင့္ၾကပ္ေနေၾကာင္း သိရသည္။

အားေဒါင္အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ)၅၉၉/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၅/၃၀၉ ျဖင့္ အမႈဖြင့္ထားရာမွ ရာဇသတ္ႀကီးပုဒ္မ ၃၂၅/၃၀၉/၃၀၂ သို႔ေျပာင္းလဲ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႔



~~~~~~~~⊰❂ unicode ~~~~~~~~

ကျိုင်းတုံမြို့နယ်၊ မိုင်ပတ်(အထက်)ကျေးရွာအုပ်စု၊ လွယ်စေးကျေးရွာတွင် အမျိုးသားတစ်ဦး အရက်ကြောင်ပြီး မိန်းမနှင့် သားသမီး(၂)ဦး စုစုပေါင်း (၃)ဦးအား ဦးခေါင်းကိုတူဖြင့်ထုကာ မိမိကိုယ်ကို လည်ပင်းဓားဖြင့်လှီးဖြတ်မှုဖြစ်ပွားကြောင်း သိရသည်။

လွယ်စေးကျေးရွာမှ အားဒေါင်ဆိုသူသည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့ နံနက်(၁)နာရီခွဲ ဝန်းကျင်က အရက်ကြောင်ပြီး နေအိမ်တွင် ဇနီးဖြစ်သူ ဒေါ်မီနေးအား အလေးချိန်(၁)ပိဿခန့်ရှိသည့် တူဖြင့်ထုရန် ကြိုးစားသဖြင့် ဒေါ်မီနေးက ထွက်ပြေးသည်ကို တူဖြင့်လိုက်ထုသဖြင့် ဒေါ်မီနေးသည် ဦးခေါင်းဒဏ်ရာ အပြင်းအထန်ရသွားကာ လဲကျသွားခြင်းဖြစ်ကြောင်း သိရသည်။

အားဒေါင်သည် နေအိမ်သို့ပြန်သွားပြီး အသက်(၈)နှစ်အရွယ် မမီရဲနှင့် အသက်(၅)နှစ်အရွယ် သားဖြစ်သူ မောင်အားဆော်တို့အား တူဖြင့်ထုပြီးနောက် မိမိကိုယ်ကို လည်ပင်းနှင့် ဦးခေါင်းငယ်ထပ်တို့အား ဓားဖြင့် လှီးဖြတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသွားပြီး စိုးရိမ်ရသည့် အဆိုပါ မိသားစု (၄)ဦးကို ရွာသူရွာသားများက ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ကျေးရွာသူကြီးက ရဲတပ်ဖွဲ့ထံ နေ့လယ်(၁)နာရီဝန်းကျင်တွင် သတင်းပေး အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာဖြင့် ဆေးကုသမှုခံယူနေရသည့် အသက်(၅)နှစ်အရွယ် မောင်အားဆော်မှာ သေဆုံးသွားကြောင်း သိရပြီး ဆေးရုံတင်ပို့ထားသည့် အားဒေါင်ကို ရဲတပ်ဖွဲ့ဝင်များက စောင့်ကြပ်နေကြောင်း သိရသည်။

အားဒေါင်အား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၅၉၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၃၀၉ ဖြင့် အမှုဖွင့်ထားရာမှ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၃၀၉/၃၀၂ သို့ပြောင်းလဲ အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~