တာခ်ီလိတ္ခရိုင္အတြင္း လိုင္စင္မဲ့သံုးဘီးဆုိင္ကယ္ႏွင့္ လွ်ပ္စစ္သံုးဘီးဆုိင္ကယ္မ်ားအား ႏို၀င္ဘာလ(၁)ရက္ေန႔ကစ၍ စီမံခ်က္ျဖင့္ လိုင္စင္ထုတ္ေပးေန

တာခ်ီလိတ္ခရိုင္အတြင္း လိုင္စင္မဲ့သံုးဘီးဆုိင္ကယ္ႏွင့္ လွ်ပ္စစ္သံုးဘီးဆုိင္ကယ္မ်ားအား ႏို၀င္ဘာလ(၁)ရက္ေန႔ကစ၍ စီမံခ်က္ျဖင့္ လိုင္စင္ထုတ္ေပးေန
နိုဝင်ဘာ 1, 2018
By Tachileik News Agency
တာခ်ီလိတ္ခရုိင္အတြင္းရွိ လုိင္စင္မဲ့ (မွတ္ပံုတင္မဲ့) သံုးဘီးေမာ္ေတာ္ဆုိင္ကယ္မ်ားႏွင့္ လွ်ပ္စစ္သုံးဘီး ဆိုင္ကယ္မ်ားအား တစ္ေနရာတည္းတြင္ အၿပီးအစီး လိုင္စင္ထုတ္ေပးျခင္းကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁)ရက္ေန႔မွစ၍ (၂၃)ရက္ၾကာ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနရုံး(ကညန)တြင္ ေဆာင္ရြက္ ေပးေနေၾကာင္း သိရသည္။

“ယာဥ္မွတ္ပံုတင္ထုတ္ေပးျခင္းကို ရံုးဖြင့္ရက္ေတြမွာ ကညနရံုးဝင္းမွာပဲ ရံုးခ်ိန္အတြင္း လုပ္ေပးသြားပါမယ္။  ကညနရံုး မရိွတဲ့ ေဒသေတြ ဥပမာ မုိင္းဆတ္တို႔၊ မိုင္းျဖတ္တို႔လို ေဒသမွာ ယာဥ္မွတ္ပံုတင္ လုပ္ခ်င္သူေတြမ်ား ေနတယ္ဆိုရင္ ရံုးပိတ္ရက္ေတြအတြင္း သက္ဆုိင္ရာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးရံုးေတြမွာ သြားလုပ္ေပးမွာ ျဖစ္ပါတယ္။ ကၽြန္ေတာ္တုိ႔ေတြ ယာဥ္မွတ္ပံုတင္ လာလုပ္ေပးႏုိင္တယ္ဆိုတာကိုလည္း ၿမိဳ႕နယ္ေထြအုပ္ေတြကို စာထြက္ၿပီး ျဖစ္ပါတယ္”ဟု တာခ်ီလိတ္ခရိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးစိုင္းလုံေက်ာက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ခရိုင္အတြင္းရိွ အျခားၿမိဳ႕မ်ားမွ ယာဥ္မွတ္ပံုတင္ေဆာင္ရြက္ လိုသူမ်ားရိွပါက သက္ဆုိင္ရာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရံုးမ်ားတြင္ ရံုးပိတ္ရက္မ်ား၌ ေဆာင္ရြက္ေပးသြားမည္ျဖစ္ၿပီး ယာဥ္မွတ္ပုံတင္ ေဆာင္ရြက္လိုသူမ်ား အေနျဖင့္ ႏိုင္ငံသားစိစစ္ေရးကတ္၊ ေနရပ္လိပ္စာ မွန္ကန္ေစေရးအတြက္ အိမ္ေထာင္စု မူရင္း (ပုံစံ-၁၀)မူရင္း မိတၱဴ၊ ေက်းရြာရပ္ကြက္တြင္ေနထိုင္ေၾကာင္း အုပ္ခ်ဳပ္ေရးမွဴး ေထာက္ခံစာ မူရင္းတို႔ ယူေဆာင္လာရန္လိုအပ္ေၾကာင္း သိရသည္။

သံုးဘီးေမာ္ေတာ္ယာဥ္မ်ားအား မွတ္ပံုတင္ေပးျခင္း စီမံခ်က္ၿပီးပါက မွတ္ပုံတင္မဲ့ ေမာ္ေတာ္ယာဥ္မ်ား ဆက္လက္ အသံုးျပဳသည္ကို ေတြ႔ရပါက ယာဥ္အား ႏုိင္ငံေတာ္ဘ႑ာအျဖစ္ သိမ္းဆည္း သြားမည္ျဖစ္ေၾကာင္း သိရသည္။

မွတ္ပံုတင္ေဆာင္ရြက္ေပးမည့္ စီမံခ်က္တြင္ ၂၀၀၈ ခုႏွစ္ႏွင့္အထက္ ေမာ္ဒယ္မ်ားကိုသာ ေဆာင္ရြက္ ေပးမည္ျဖစ္ၿပီး အိုမင္းေဟာင္းႏြမ္းမ်ား၊ လူစီးသံုးဘီးေမာ္ေတာ္ယာဥ္မ်ား၊ ဆိုင္ကယ္ေဘးတြဲမ်ား၊ ေတာတြင္းႏွင့္ ကမ္းစပ္သံုးသည့္ ေလးဘီးပါေမာ္ေတာ္ဆိုင္ကယ္မ်ား၊ မွတ္ပံုတင္ထားၿပီး သက္တမ္း (၅)ႏွစ္ေက်ာ္ျပတ္ေနေသာ သံုးဘီးဆုိင္ကယ္မ်ားကို မွတ္ပံုတင္ေဆာင္ရြက္ေပးမည္မဟုတ္ေၾကာင္း သိရသည္။

သံုးဘီးေမာ္ေတာ္ယာဥ္မ်ားအား စီမံခ်က္ျဖင့္ မွတ္ပံုတင္ေပးျခင္းကို ၂၀၁၀ ခုႏွစ္၊ ၂၀၁၂ ခုႏွစ္ႏွင့္ ၂၀၁၄ ခုႏွစ္မ်ားတြင္ ေဆာင္ရြက္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္မွတ္ပံုတင္ရာတြင္ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန၊ ျမန္မာ့အာမခံလုပ္ငန္း၊ ျမန္မာ့စီးပြားေရးဘဏ္တို႔သို႔ ေပးသြင္းရမည့္ စုစုေပါင္းကုန္က်စရိတ္မွာ သံုးဘီးဆုိင္ကယ္တစ္စီးလွ်င္ စုစုေပါင္း က်ပ္(၄၁,၃၅၀)၊ လွ်ပ္စစ္သုံုးဘီးဆုိင္ကယ္ တစ္စီးလွ်င္ က်ပ္(၄၅,၃၅၀)စီႏွင့္ အေကာက္ခြန္ စည္းၾကပ္ႏႈန္းထားတို႔ ေပးသြင္းရမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်အတွင်းရှိ လိုင်စင်မဲ့ (မှတ်ပုံတင်မဲ့) သုံးဘီးမော်တော်ဆိုင်ကယ်များနှင့် လျှပ်စစ်သုံးဘီး ဆိုင်ကယ်များအား တစ်နေရာတည်းတွင် အပြီးအစီး လိုင်စင်ထုတ်ပေးခြင်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့မှစ၍ (၂၃)ရက်ကြာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး(ကညန)တွင် ဆောင်ရွက် ပေးနေကြောင်း သိရသည်။

“ယာဉ်မှတ်ပုံတင်ထုတ်ပေးခြင်းကို ရုံးဖွင့်ရက်တွေမှာ ကညနရုံးဝင်းမှာပဲ ရုံးချိန်အတွင်း လုပ်ပေးသွားပါမယ်။ ကညနရုံး မရှိတဲ့ ဒေသတွေ ဥပမာ မိုင်းဆတ်တို့၊ မိုင်းဖြတ်တို့လို ဒေသမှာ ယာဉ်မှတ်ပုံတင် လုပ်ချင်သူတွေများ နေတယ်ဆိုရင် ရုံးပိတ်ရက်တွေအတွင်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးရုံးတွေမှာ သွားလုပ်ပေးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ ယာဉ်မှတ်ပုံတင် လာလုပ်ပေးနိုင်တယ်ဆိုတာကိုလည်း မြို့နယ်ထွေအုပ်တွေကို စာထွက်ပြီး ဖြစ်ပါတယ်”ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုင်းလုံကျောက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်အတွင်းရှိ အခြားမြို့များမှ ယာဉ်မှတ်ပုံတင်ဆောင်ရွက် လိုသူများရှိပါက သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများတွင် ရုံးပိတ်ရက်များ၌ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယာဉ်မှတ်ပုံတင် ဆောင်ရွက်လိုသူများ အနဖြေင့် နိုင်ငံသားစိစစ်ရေးကတ်၊ နေရပ်လိပ်စာ မှန်ကန်စေရေးအတွက် အိမ်ထောင်စု မူရင်း (ပုံစံ-၁၀)မူရင်း မိတ္တူ၊ ကျေးရွာရပ်ကွက်တွင်နေထိုင်ကြောင်း အုပ်ချုပ်ရေးမှူး ထောက်ခံစာ မူရင်းတို့ ယူဆောင်လာရန်လိုအပ်ကြောင်း သိရသည်။

သုံးဘီးမော်တော်ယာဉ်များအား မှတ်ပုံတင်ပေးခြင်း စီမံချက်ပြီးပါက မှတ်ပုံတင်မဲ့ မော်တော်ယာဉ်များ ဆက်လက် အသုံးပြုသည်ကို တွေ့ရပါက ယာဉ်အား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်း သွားမည်ဖြစ်ကြောင်း သိရသည်။

မှတ်ပုံတင်ဆောင်ရွက်ပေးမည့် စီမံချက်တွင် ၂၀၀၈ ခုနှစ်နှင့်အထက် မော်ဒယ်များကိုသာ ဆောင်ရွက် ပေးမည်ဖြစ်ပြီး အိုမင်းဟောင်းနွမ်းများ၊ လူစီးသုံးဘီးမော်တော်ယာဉ်များ၊ ဆိုင်ကယ်ဘေးတွဲများ၊ တောတွင်းနှင့် ကမ်းစပ်သုံးသည့် လေးဘီးပါမော်တော်ဆိုင်ကယ်များ၊ မှတ်ပုံတင်ထားပြီး သက်တမ်း (၅)နှစ်ကျော်ပြတ်နေသော သုံးဘီးဆိုင်ကယ်များကို မှတ်ပုံတင်ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း သိရသည်။

သုံးဘီးမော်တော်ယာဉ်များအား စီမံချက်ဖြင့် မှတ်ပုံတင်ပေးခြင်းကို ၂၀၁၀ ခုနှစ်၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်မှတ်ပုံတင်ရာတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ်တို့သို့ ပေးသွင်းရမည့် စုစုပေါင်းကုန်ကျစရိတ်မှာ သုံးဘီးဆိုင်ကယ်တစ်စီးလျှင် စုစုပေါင်း ကျပ်(၄၁,၃၅၀)၊ လျှပ်စစ်သုံးဘီးဆိုင်ကယ် တစ်စီးလျှင် ကျပ်(၄၅,၃၅၀)စီနှင့် အကောက်ခွန် စည်းကြပ်နှုန်းထားတို့ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~